Main menu

Background

တက်စလာကားမော်ဒယ်များအစား အေအိုင်စက်ရုပ်များကို ပိုမိုထုတ်လုပ်မည်

Tue, 02/03/2026 - 12:09 -- journal_editor

လျှပ်စစ်ကား(EV) ထုတ်လုပ်သည့် တက်စလာTesla)က ကားမော်ဒယ်လ် သစ်များအစား   ဉာဏ်ရည်တု(AI) စက်ရုပ်များကို ပြောင်းလဲထုတ်လုပ်မှု ပိုမို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ရေးသားဖော်ပြထားသည်။
ဘီလျံနာသူဌေးကြီး  အီလွန်မတ် ၏Tesla   ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က  စုစုပေါင်းဝင်ငွေ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အမြတ် ငွေမှာမူ ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလ အတွင်း ၆၁ ရာခိုင်နှုန်း ကျဆင်းသွား ခဲ့ကြောင်း သိရသည်။
Tesla ကModel S နှင့်Model Xကားများ  ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် အစီအစဉ်များကိုလည်း ကြေညာထား ခဲ့ပြီးဖြစ်သည်။   လက်ရှိအချိန်တွင် အဆိုပါကားများကို ထုတ်လုပ်ခဲ့သည့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုး နီးယားပြည်နယ်က  ထုတ်လုပ်ရေး စက်ရုံကိုOptimus ဟု လူသိများသည့်Humanoid  စက်ရုပ်များ ထုတ်လုပ်ရန် အတွက် အသုံးပြုတော့မည်ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။
၂၀၂၆ ခုနှစ်    ဇန်နဝါရီလတွင် တရုတ်နိုင်ငံထုတ်BYD လျှပ်စစ်ကား က ကမ္ဘာ့အကြီးဆုံး EV ထုတ်လုပ်သူ အဖြစ်Tesla ကို ကျော်တက်သွားခဲ့ပြီး နောက်   အမေရိကန်ပြည်ထောင်စု အတွင်းနှင့် ပြည်ပတွင် အီလွန်မတ်၏ နိုင်ငံရေးတွင်  ပါဝင်ပတ်သက်မှုမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရသည်။
Tesla အနေဖြင့်  ဉာဏ်ရည်တု(AI) စက်ရုပ်များကို  ထုတ်လုပ်ရန် အမေ ရိကန် ဒေါ်လာ ၂ ဘီလီယံ (ပေါင် ၁ ဒသမ ၄၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုကို လည်း   ကနဦးပြုလုပ်သွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ လက်ရှိ အချိန်တွင် ကုမ္ပဏီ၏ဝင်ငွေမှာ ကျဆင်းမှုများ ရှိနေသော်လည်း Óဏ် ရည်တု (AI) စက်ရုပ်များ     ထုတ်လုပ်မှု အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ထပ်တိုးရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားကြောင်းနှင့် နောက် ၁၀ နှစ် အတွင်း ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးကို သိသိသာသာ  မြှင့်တင်သွားရမည်ဖြစ် ကြောင်း အီလွန်မတ်က ပြောဆိုထား သည်။                              

Source; BBC

 

စိုင်းဗညား