Main menu

Background

ဗီယက်နမ်၏စီးပွားရေးမှာ မကြာထိုင်းကို ကျော်တက်တော့မည်ဟု သတိပေး

Thu, 03/05/2026 - 11:13 -- journal_editor

အာဆီယံနိုင်ငံများထဲမှ စီးပွား ရေးဖွံ့ဖြိုးမှု   အားကောင်းလာသည့် ဗီယက်နမ်နိုင်ငံသည် မကြာမီနှစ်များ အတွင်း ထိုင်းနိ်ုင်ငံကို ကျော်တက်တော့ မည်ဖြစ်ကြောင်း စီးပွားရေး ကျွမ်းကျင် သူများနှင့် စာရင်းဇယားများက ဖော်ပြ နေကြသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ဝ ခန့်ရှိနေပြီး   ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီမှာမူ   ဘီလီယံ ၄၀ဝ ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။  ထိုင်းနိုင်ငံနှင့်    ဗီယက်နမ်နိုင်ငံတို့၏ ဂျီဒီပီမှာ လတ်တလောကာတွင် ဘီလီ ယံ ၁၀ဝ ခန့်သာ ကွာဟမှုရှိနေသည်။
ထို့ပြင် ဗီယက်နမ်၏  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(FDI)နှင့် ပို့ကုန်တန်ဖိုး မှာ   ထိုင်းနိုင်ငံထက်   သာလွန်နေ ကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ လူဦးရေ မှာလည်း ထိုင်းနိုင်ငံထက် သာလွန်နေ ကြောင်း၊ ယင်းကဲ့သို့ အနေအထားမျိုး တွင် ထိုင်းနိုင်ငံအနေဖြင့် ထိရောက် သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကို  မလုပ်ဆောင်နိုင်ပါက   လာမည့် နှစ်နှစ်အတွင်း ဗီယက်နမ်၏ ဂျီဒီပီက  ထိုင်းနိုင်ငံကို   ကျော်တက်သွားနိုင် ကြောင်း စီးပွားရေးကျွမ်းကျင် ပညာ ရှင်များက  သတိပေး ပြောဆိုထားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မကြာခဏ နိုင်ငံ ရေး မတည်မငြိမ်မှုဖြစ်ခြင်း၊ အစိုးရဌာန များတွင် အဂတိလိုက်စားမှု ကြီးထွား လာခြင်း၊ ပညာရေးစနစ်  နိမ့်ကျလာ ခြင်း၊ ရေရှည်ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲ ရေးထက်  လူကြိုက်များသည့် မူဝါဒ များကိုသာ အဓိကထား လုပ်ဆောင်နေ ခြင်း၊ သက်ကြီးရွယ်အို ၁၃ သန်းအထိ ရှိလာခြင်းနှင့် ပြည်ပလုပ်သားများကို သာ   အားကိုးနေရခြင်း     စသည့် ပြဿနာများကို ရင်ဆိုင်နေရကြောင်း သတင်းတွင်    ဆက်လက်ဖော်ပြထား သည်။
ဗီယက်နမ်နိုင်ငံကမူ စိုက်ပျိုး ရေးကဏ္ဍကို အဆင့်မြှင့်တင်နိုင်မှုနှင့် အတူ နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်နိုင်ခဲ့သည်။ 
ထို့ပြင်   ဗီယက်နမ်နိုင်ငံသည်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပညာရေးကဏ္ဍတို့တွင်လည်း သိသိ သာသာ     တိုးတက်လာခြင်းကြောင့် အာဆီယံဒေသတွင်း   နိုင်ငံများတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိလာဖွယ် ရှိနေသည်ဟုဆိုသည်။
 Source; Bangkokpost

စိုင်းဗညား