အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တစ်ကမ္ဘာလုံးအပေါ် ချမှတ် ထားသော စည်းကြပ်ခွန်များကို အမေရိကန်တရားရုံးချုပ်က ပယ်ဖျက်ခဲ့ပြီး နောက် တစ်ရက်အကြာမှာပင် စည်းကြပ်ခွန်ကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကြောင်း ၎င်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ကြေညာချက်တစ်ရပ် ထပ်မံ ထုတ်ပြန်လိုက်သည်။
အမေရိကန် တရားရုံးချုပ်၏ အကြီးအကျယ် အထိနာစေသော ယင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်တွင် သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ တစ်ဝန်းလုံးမှ နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းအစား စည်းကြပ်ခွန် နှုန်းထားအသစ်အဖြစ် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ တစ်ဦးအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် နိုင်ငံအားလုံးအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကို အပြည့်အဝ ခွင့်ပြု ထားပြီး ဥပဒေကြောင်းအရ ဆန်းစစ်ထားပြီးသား နှုန်းထားဖြစ်သည့် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ယင်းအထဲမှ နိုင်ငံအများစု သည် အမေရိကန်ပြည်ထောင်စုအပေါ် ဆယ်စုနှစ်များစွာ အမြတ်ထုတ်နေ ခဲ့ကြောင်း၊ အများစုမှာ အမေရိကန်၏ ဒဏ်ခတ်မခံခဲ့ရသည့် နိုင်ငံများဖြစ် ကြောင်းနှင့် ယခုကဲ့သို့ စည်းကြပ်ခွန် တိုးမြှင့်ခြင်းမှာ ချက်ချင်းအသက်ဝင်လာ မည်ဖြစ်ကြောင်း သမ္မတထရမ့်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆိုရှယ်မီဒီယာ ပေါ်၌ ပို့စ်တစ်ခု ရေးသားတင်ခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြ ထားသည်။
Source; Xinhua
စိုင်းဗညား
