Main menu

Background

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ၌ ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်များ အိန္ဒိယအစိုးရထုတ်ပြန်

Mon, 07/20/2026 - 14:20 -- journal_editor

အိန္ဒိယနိုင်ငံမှတင်ပို့သည့် ဘာစမာတီမဟုတ်သော ဆန်ဖြူများ တွင် မျိုးဗီဇပြုပြင်ထားသည့် (GMO) ဆန်များပါဝင်သည်ဟု ပြောဆိုလျက် တရုတ်နိုင်ငံဘက်မှ တင်သွင်းခွင့်ငြင်းပယ်ခဲ့အပြီး အိန္ဒိယလယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များ တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သည် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ၌ ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ် (SOP) များကို ထုတ်ပြန်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်မှ စတင်သက်ဝင်ခဲ့ပြီဖြစ်သည်။
အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှုပမာဏကျဆင်းနေချိန်၌ အိန္ဒိယဆန်ကွဲအပေါ် ဝယ်လိုအားကောင်းမွန်ပြီးဆွဲဆောင်မှုရှိသည့် အိမ်နီးချင်းနိုင်ငံဈေးကွက်တွင်၎င်းတို့၏ အခြေချရပ်တည်မှုကို ကာကွယ်နိုင်ရန် အဆိုပါစံပြုလုပ်ငန်းစဉ်များကို APEDA က ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ်သည်။ 
၂၀၂၆ ခုနှစ် ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သော အသိပေးနှိုးဆော် စာတွင် APEDA မှ အထွေထွေမန်နေဂျာ Vinita Sudhanshu က တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် အပင်နှင့် တိရစ္ဆာန်များ ရောဂါကင်းစင်ကျန်းမာသန့်ရှင်းမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုသေချာစေရေး ပို့ကုန်လုပ်ငန်းရှင်များနှင့်အခြားသက်ဆိုင်သူများအတွက် လမ်းညွှန်ချက်အဖြစ် အဆိုပါလုပ်ငန်းစဉ်များကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အာဏာပိုင်အဖွဲ့ထံ ပို့ကုန်ဆိုင်ရာမှတ်ပုံတင်မှု နှင့် တင်ပို့ခွင့်ခွဲဝေလျာထားချက် အသိအမှတ်ပြုလက်မှတ် (RCAC) လျှောက်ထားမှု အားလုံးအတွက် ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်မှ စတင် သက်ရောက်မှုရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ဆန်တင်ပို့ရန် ရည်ရွယ်သည့်မည်သည့် ဆန်တင်ပို့မှုမဆို အကျုံးဝင်မည်ဖြစ်ကြောင်းပြောဆိုထားသည်။ 
အာဖရိကသို့ ဆန်တင်ပို့ရန် ဈေးကွက်ဝေစုပြည့်ကျပ်နေချိန်တွင် တရုတ်နိုင်ငံသည် အရေးပါသော ဈေးကွက်တစ်ခုဖြစ်လာပြီး GMO ဆန်ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ပေါ်မှုကို ဖြေရှင်းနိုင်မည့် အစိုးရ၏ စံပြုလုပ်ငန်းစဉ်များ ထုတ်ပြန်ခြင်းအပေါ် ကြိုဆိုကြောင်း ဆန်တင်ပို့သူ လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ BV Krishna Rao က ပြောဆိုခဲ့သည်။ သို့သော် ဆန်တင်ပို့ရန် စာချုပ်ချုပ်ဆိုထားရှိမှုများနှင့် တင်ပို့မှုဆောင်ရွက်ဆဲလုပ်ငန်းများကို အဆိုပါ စနစ် အောက်တွင် ကူးပြောင်းချိန် ကာလစီမံဆောင်ရွက်မှုအဖြစ် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ခွင့်ပြုသင့်ကြောင်း၊ ပို့ကုန်လုပ်ငန်း ရှင်များအတွက် ပြင်ဆင်ချိန်  လုံလောက်စွာရရှိစေရန် SOP ကို အကောင်အထည်ဖော်ခြင်းအား သြဂုတ် ၁ ရက်မှသာ စတင်ရန် အဆိုပြုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် မေလနောက်ဆုံးပတ်၌ ကျင်းပခဲ့သော ဘာစမာတီမဟုတ်သော ဆန်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးရန်ပုံငွေ အစည်းအဝေးတွင် အိန္ဒိယဆန်များတင်ပို့မှုကို တရုတ်အာဏာပိုင်များက ငြင်းပယ်သည့်  ပြဿနာရှိနေသည်ဟု ပို့ကုန်လုပ်ငန်းရှင်အချို့၏ စောဒကတက် မေးမြန်းမှုအပေါ် ၎င်းတို့အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ အကောက်ခွန် ညအထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)  နှင့် တွေ့ဆုံလျက် အိန္ဒိယသည် GMO ဆန်များ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိ ကြောင်းကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဗဏနီဗ ၏ ဥက္ကဋ္ဌ Abhishek Dev က ဖြေကြားခဲ့သည်။ အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီICAR)နှင့် မျိုးဗီဇအင်ဂျင်နီယာဆိုင်ရာအတည်ပြုရေးကော်မတီ (GEAC) တို့သည် အိန္ဒိယပြည်တွင်း ၌ မျိုးဗီဇပြုပြင်ထားသည့်GMO ဆန်စပါးမျိုးစေ့များ ရရှိနိုင်ခြင်းမရှိသည့်အပြင်GMO ဆန်စပါးများ ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရန် ခွင့်ပြုထားခြင်းမရှိကြောင်းGMO  အာဏာပိုင်အဖွဲ့သို့ အတည်ပြု အသိပေးထားပြီးဖြစ်သည်။
သို့ရာတွင် ဆန်စပါးလုပ်ငန်းနယ်ပယ် သတင်းအရင်းအမြစ်များကမူ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ရပ်တည်ချက်သဘောထားကို ပြောင်းလဲခြင်းမရှိသဖြင့် အိန္ဒိယအစိုးရသည် ပို့ကုန်လုပ်ငန်းရှင်များ အားလုံးက တစ်ပြေးညီလိုက်နာ၍  GMO စစ်ဆေးမှုလုပ်ဆောင်ရန် လိုအပ်သော စံပြုလုပ်ငန်းစဉ်များကို ပြဋ္ဌာန်းခြင်းဖြစ်သည်။
အဆိုပါ စံပြုလုပ်ငန်းစဉ်များအရ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ကို စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ လူမှုဘဝဖူလုံရေး ဦးစီး ဌာနလက်အောက်ရှိ အပင်ကာကွယ်မှု၊ သီးသန့်ခွဲခြားမှုနှင့် သိုလှောင် ထားရှိမှုဆိုင်ရာ ညွှန်ကြားမှုဌာန(DPPQS) တွင် မှတ်ပုံတင်ထားရှိသည့် ဆန်စက်များနှင့် ကြိတ်ခွဲပြုပြင်ရေး အလုပ်ရုံများကသာ လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံGACC  အာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ခြင်း သို့မဟုတ် ွဗဃဃ ၌ မှတ်ပုံတင်ထားပြီးဖြစ်သော ဆန်ကြိတ်ခွဲပြုပြင် ရေးလုပ်ငန်းဌာနများထံမှသာ ရယူတင်ပို့ခြင်းကို မဖြစ်မနေ ဆောင် ရွက်ရမည်ဖြစ်သည်။ 
ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် DPPQS ဌာနထံမှ အပင်ရောဂါကင်းစင် ကျန်းမာသန့်ရှင်းမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်(Phytosanitary Certificate) ကို ရယူရမည်ဟု ဗဏနီဗ အာဏာပိုင်အဖွဲ့က စည်းကမ်းချက်ချမှတ်ထားသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအကြိမ်တိုင်း၌ APEDA  က အသိအမှတ်ပြုထားသော ဓာတ်ခွဲခန်းများ၏ GMO စစ်ဆေးဆန်းစစ်မှု လုပ်ဆောင်ပြီးမှသာ တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။
ဆန်တင်ပို့မည့်လုပ်ငန်းရှင်သည် GMO  ဆန်းစစ်မှုလုပ်ဆောင် ရန်အတွက် နမူနာရယူလျက်နှင့် စမ်းသပ်စစ်ဆေးပေးရန် သီးခြားသတ်မှတ်ထားသည့် ပုံစံဖြင့် APEDA  အသိအမှတ်ပြု ဓာတ်ခွဲခန်းသို့ လျှောက်ထားရမည်ဖြစ်သည်။ ဆန်တင်ပို့သူ သို့မဟုတ် ဆန်ကြိတ်ခွဲ ပြုပြင်သည့် လုပ်ငန်းအနေဖြင့် နမူနာရယူပြီးဖြစ်သော ဆန်ပိုင်ပုံကို အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းခြင်းမပြုရန်APEDA  ၏SOP  ၌ ဖော်ပြထားသည်။ နမူနာရယူစစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိမှသာလျှင် ပို့ကုန်လုပ်ငန်းရှင်သည် စစ်ဆေးချက်လက်မှတ်ကို APEDA ထံသို့ ပေးပို့လျက် RCAC အသိအမှတ်ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်သည်။  

UNAL, DOCA, 

Source: The Hindu Business Line, 12 June, 2026