Main menu

Background

ငါးရှဉ့်ကို မေလလောက်တွင် ပထမဆုံးစတင်မွေးမြူမည်

Tue, 02/23/2010 - 10:01 -- Anonymous (not verified)

 ငါးလုပ်ငန်းဦးစီးဌာနနှင့်တက္ကသိုလ် များမှ ပညာရှင်များပူးပေါင်း၍ ငါးရှဉ့် များကို မေလနှင့် ဇွန်လ လောက်တွင် ပထမဆုံးစတင် မွေးမြူမည်ဖြစ်ကြောင်း ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရ သည်။]]ငါးရှဉ့်ကို ရွှံ့နွံတွေမှာပဲ မွေးလို့ရ တယ်လို့ အရင်ကသိထားတာပါ။ အခု မွေးမဲ့စနစ်က တရုတ်နည်းပညာဖြစ်တဲ့ ရေကြည်-ရေသန့်မှာ  ငါးရှဉ့်မွေးတဲ့ စနစ်ဖြစ်ပါတယ်။ မူဆယ်မှာ ဆန်ခါ ချပြီး သုံးမရတဲ့ ငါးရှဉ့်အသေးတွေကို ကုန်ကြမ်းအဖြစ်ယူပြီး မွေးမြူနိုင်မှာပါ။ ဒီမွေးမြူရေးက မြန်မာနိုင်ငံမှာ ပထမ ဆုံး စတင်မွေးမြူတာဖြစ်ပါတယ်}} ဟု ယင်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ငါးရှဉ့်တင်ပို့မှုမှ ဒေါ်လာ၂၅ သန်း ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ  ၁၄ ရက်နေ့ အထိ ဒေါ်လာ ၁၇ဒသမ ၆၁သန်း ရရှိ ထားပြီးဟုဆိုသည်။   ခင်မျိုးသွယ်