Main menu

Background

ရက်သတ္တပတ်အတွင်း စီးပွားရေးသတင်းတိုများ

Wed, 02/18/2015 - 19:23 -- journal_editor

ဝါရှင်တန်
ဆင်းရဲသူများကို ထောက်ပံ့ ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု များကို ထောက်ပံ့ရေးနဲ့ အဂတိ လိုက်စားမှု  တိုက်ဖျက်ရေးတို့ကို အဓိကဦးတည်ချက်ထားပြီး ကမ္ဘာ့ ဘဏ်က ယူကရိန်းကို ၂၀၁၅ ခုနှစ် မှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့မယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်ကပြောကြောင်း    ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ဂျကာတာ
    ၂၀၁၄ ခုနှစ်တစ်လျှောက်လုံး မှာ တခြားကဏ္ဍတွေနဲ့ နှိုင်းယှဉ်ရင် အင်ဒိုနီးရှားနိုင်ငံရဲ့  ဆောက်လုပ် ရေးကဏ္ဍက ချေးငွေဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်ကြောင်းနဲ့ ဆောက် လုပ်ရေးကဏ္ဍရဲ့ ကြွေးမဆပ်နိုင်တဲ့ အချိုးအစား (Non-Performing Loan Ratio)က ၄ဒသမ ၄ရာခိုင် နှုန်းရှိတဲ့အတွက်   ယခင်နှစ်က အမြင့်ဆုံးရှိခဲ့တဲ့ ၅ ရာခိုင်နှုန်းနီးပါး ရောက်ရှိခဲ့ကြောင်း မဟာဗျူဟာ မူဝါဒချမှတ်ရေးဌာနလက်အောက် ရှိ ဘဏ္ဍာရေးအာဏာပိုင်အဖွဲ့  ဦး စီးမှူးရဲ့ ပြောကြားချက်ကို ကိုးကား ပြီး ရှင်ဝှာသတင်းမှာ ဖော်ပြထားပါ တယ်။
စင်ကာပူ
    ဖေဖော်ဝါရီ ၁၆  ရက်ကစပြီး နောက်ပိုင်းရောင်းချတဲ့ လေယာဉ် လက်မှတ်တွေမှာလောင်စာဆီအပို ကြေးကို လျှော့ချပေးသွားမှာဖြစ် ကြောင်းနဲ့လျှော့ချပေးတဲ့ အပိုကြေး တွေကSingapore Airlines(SIA)နဲ့ Silk Air လေကြောင်းခရီးစဉ်တွေ အကျုံးဝင်ကြောင်းSIA ရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နယူးဒေလီ
    သတ္တုကဏ္ဍရဲ့  ထုတ်လုပ်မှု ကျဆင်းတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ စက်မှု  ကုန်ထုတ်လုပ်မှုကဏ္ဍက ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းထိ တိုးတက်မှုနှေး ကွေးသွားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ အစိုးရက  ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ     သိရ ကြောင်း ရှင်ဝှာသတင်းမှာ ဖော်ပြ ထားပါတယ်။