Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Tue, 03/31/2015 - 21:41 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

  ယီမင်မှာသူပုန်တွေကို စစ်ရေးအရ အရေးယူမှုနဲ့   ဝေါစထရိမှာ စတော့ ဈေးတွေကျဆင်းမှုကြောင့် မတ် ၂၆ ရက် က အာရှငွေကြေးအများစုရဲ့ တန်ဖိုး တွေ  ကျဆင်းခဲ့တာကိုတွေ့ရပါတယ်။ ဝမ်တန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ် ဖို့အတွက် နိုင်ငံခြားငွေဖလှယ်ရေး အာဏာပိုင်တွေက ဈေးကွက်ကို ဝင် ရောက်ကိုင်တွယ်လာတဲ့အတွက်  တောင် ကိုရီးယားဝမ်တန်ဖိုး ကျဆင်းတာကို တွေ့ရပါတယ်။
    လကုန်စာရင်းရှင်းဖို့အတွက် ကုန် သည်တွေရဲ့ ဒေါ်လာဝယ်လိုအား မြင့် မားလာတဲ့အတွက် မလေးရှား ရင်းဂစ်နဲ့ အင်ဒိုနီးရှားရူပြားတို့ရဲ့  တန်ဖိုးတွေနိမ့် ကျလာတာကိုတွေ့ရပါတယ်။  ဒါပေ မယ့် ငွေကြေးအခြေအနေမတည်ငြိမ် စဉ်မှာ ငွေကြေးတန်ဖိုးကို  ထိန်းသိမ်း ထားနိုင်ဖို့အတွက် ယန်းငွေကြေးကို လုံခြုံစိတ်ချစရာအဖြစ်   သဘောထား ဆောင်ရွက်လာကြတဲ့အတွက် ယန်းငွေ နဲ့ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း ခဲ့ပါတယ်။
    မတ်လ ၂၅ ရက်မှာ အမေရိကန် စတော့ရှယ်ယာတွေက တတိယမြောက် နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ ထို့အတူ အမေရိကန်စီးပွားရေးဖွံ့ဖြိုးမှု နဲ့ပတ်သက်တဲ့  စိုးရိမ်စိတ်တွေလည်း ပိုမို ကြီးထွားလာတာကို တွေ့ရပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံက မဟာ မိတ် ၁၀ နိုင်ငံကို ဦးဆောင်ပြီး ယီမင် နိုင်ငံရှိ  သူပုန်စခန်းတွေကို  အပြင်း အထန်  ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရေနံဈေးနှုန်းတွေ ပြန်လည်မြင့်တက် လာခဲ့ပါတယ်။
တရုတ်ယွမ်
တရုတ်နိုင်ငံနဲ့ အာမေးနီးယားနိုင်ငံ တို့ငွေကြေးဖလှယ်ရေး သဘောတူထား တဲ့ပမာဏ ယွမ်တစ်ဘီလီယံ(ဒေါ်လာ ၁၆၂ဒသမ ၉၃သန်း)သို့မဟုတ် အာမေး နီးယန်းနိုင်ငံသုံး  ငွေကြေး ၃ ဒသမ ၇၇ ဘီလီယံထိမြင့်တက်လာပြီး နောက်ပိုင်း ယွမ်တန်ဖိုးလည်း  မြင့်တက်လာခဲ့ပါ တယ်။ တရုတ်နိုင်ငံခြားငွေ ရောင်းဝယ် ရေးဌာနမှာ မတ် ၂၆ ရက်က ယွမ်ငွေ ကြေးရဲ့ ဗဟိုဘဏ်ဖလှယ်နှုန်းက သုည ဒသမ ၃၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၆ ဒသမ ၁၃၇၅ ယွမ်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။
အိန္ဒိယရူပီး
လကုန်စာရင်း ရှင်းလင်းဖို့အတွက် အမေရိကန်ဒေါ်လာကို   ဘဏ်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေရဲ့  ဝယ်လို အားမြင့်မားလာတဲ့အတွက်   ဘဏ်အချင်း ချင်း နိုင်ငံခြားငွေဖလှယ်ရေးဈေးကွက် မှာ မတ် ၂၆ ရက်က ရူပီးတန်ဖိုးက သုည ဒသမ ၃၁ ရူပီးနှုန်း  ကျဆင်းပြီး တစ်ဒေါ်လာကို ၆၂ ဒသမ ၆၄ ရူပီးနှုန်း ကိုရောက်ရှိခဲ့ပါတယ်။
ရူပီးငွေကြေးတန်ဖိုး ကျဆင်းရခြင်း မှာ သွင်းကုန်လုပ်ငန်းရှင်များရဲ့ ဒေါ်လာ ဝယ်လိုအားမြင့်မားလာတဲ့အပြင် ပြည် တွင်းရှယ်ယာဈေးကွက်အဖွင့်မှာ ရှယ် ယာဈေးနှုန်းတွေကျဆင်းတာ လည်း ပါဝင်ကြောင်း ကုန်သည်တွေက ပြော ပါတယ်။ ဒါပေမယ့် ပြည်ပဈေးကွက် မှာ တခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး  ကျဆင်းမှုက     ရူပီး တန်ဖိုးကျဆင်းမှုကို ထိန်းပေးခဲ့ပါတယ်။
ဂျပန်ယန်း    
မတ် ၂၆ ရက်က အာရှဈေးကွက် မှာ အဓိကငွေကြေးတွေနဲ့ ဖလှယ်တဲ့ အခါ   ယန်းငွေတန်ဖိုး  မြင့်တက်ခဲ့ပြီး ဒေါ်လာနဲ့ ဖလှယ်ရာမှာ  တစ်လအတွင်း  ဖြစ်ပေါ်ခဲ့တဲ့  ဖလှယ်နှုန်းတွေအနက် အမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ အမေ ရိကန်ပြည်ထောင်စုနဲ့ ဥရောပ စတော့ ဈေးတွေကျဆင်းပြီးနောက် ဂျပန်ယန်း ငွေကို ရင်းနှီးမြှုပ်နှံသူတွေက  ဝယ်ယူ လာတာကို  တွေ့ရပါ တယ်။ ဒေါ်လာ^ ယန်း  ဖလှယ်နှုန်းက မတ် ၂၅ ရက်က တိုကျိုမှာ ၁၁၉ ဒသမ ၆၂ ယန်းနှုန်းရှိ ရာမှ   ၁၁၈ ဒသမ ၉၉  ယန်းနှုန်းထိ ဒေါ်လာတန်ဖိုး   ကျဆင်းခဲ့ပါတယ်။  ယူရိုငွေကြေး  ဖလှယ်နှုန်းက ၁ ဒသမ ၀၉၇၃ ဒေါ်လာနှုန်းမှ ၁ ဒသမ ၀၉၈၆ ဒေါ်လာနှုန်းသို့  မြင့်တက်ပြီး ယန်းငွေနဲ့  ဖလှယ်ရာမှာ တစ်ယူရိုကို ၁၃၁ ဒသမ ၀၅ ယန်းမှ ၁၃၀ ဒသမ ၇၅ ယန်းနှုန်းသို့ ကျဆင်းခဲ့ပါတယ်။
မလေးရှားရင်းဂစ်
    အမေရိကန်စီးပွားရေးကိန်းဂဏန်း တွေကျဆင်းနေပေမယ့်  တခြားအဓိက ငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့တဲ့အတွက် ဒေါ်လာ နဲ့ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ ပါတယ်။ မတ် ၂၆ ရက်နံနက် ၉ နာရီမှာ ရင်းဂစ်တန်ဖိုးက တစ်ဒေါ်လာ ကို ၃ ဒသမ ၆၇၅၅ ရင်းဂစ်နှုန်းဖြစ်တဲ့ အတွက် မတ်လ ၂၅ ရက် ညနေ ၅ နာရီကရှိခဲ့တဲ့ တစ်ဒေါ်လာ ၃ ဒသမ ၆၆၄၅ ရင်းဂစ် နှုန်းအောက် ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ ပါတယ်။
တောင်ကိုရီးယားဝမ်
    ဆော်ဒီအာရေးဗီးယားနဲ့  မဟာ မိတ်တွေက ယီမင်နိုင်ငံကို စစ်ရေးအရ အရေးယူပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေ ကထွန်းသစ်စဈေးကွက်မှ အက်ဆက် တွေကို ရှောင်ဖယ်လာကြတဲ့အတွက် တောင်ကိုရီးယားဝမ်တန်ဖိုးက လေး ရက်အတွင်း ပထမဆုံးအဖြစ် ကျဆင်း ခဲ့ပါတယ်။ ဆိုးလ်မြို့မှာ မတ် ၂၅ ရက် ညနေ ၃ နာရီ  ဈေးကွက်ပိတ်ချိန်မှာ ဝမ်ငွေကြေးတန်ဖိုးက သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၀၇ ဒသမ ၇၂ ဝမ်နှုန်းသို့ ရောက်ရှိ ခဲ့ကြောင်း ဘလွမ်းဘတ်က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ထိုင်းဘတ်
အမေရိကန်ပြည်ထောင်စုရဲ့ ကြာ ရှည်ခံကုန်စည်များရဲ့  အမှာစာတွေကျ ဆင်းကြောင်းကြေညာခဲ့ပြီး နောက်ပိုင်း စီးပွားရေးတိုးတက်နှုန်း  ကျဆင်းမယ့် လက္ခဏာတွေပြသလာပါတယ်။ ဒါပေ မယ့် ဒေါ်လာနဲ့ ဘတ်ငွေဖလှယ် နှုန်းက တစ်ဒေါ်လာကို ၃၂ ဒသမ ၅၄ ဘတ်က နေ ၃၂ ဒသမ ၅၉ ဘတ်နှုန်းထိရောက် ရှိကာ ဒေါ်လာတန်ဖိုး  မြင့်တက်ခဲ့ပါ တယ်။