Main menu

Background

ထိုင်းဗဟိုဘဏ်ရဲ့ အခြေခံစံထားအတိုးနှုန်းကို ယခင်အတိုင်း ဆက်လက်ထားရှိမည်

Wed, 06/17/2015 - 20:21 -- journal_editor

    ထိုင်းဗဟိုဘဏ်၏ အခြေခံစံထားအတိုးနှုန်းကို ယခင်အတိုင်း ၁ ဒသမ ရာခိုင်နှုန်းဖြင့်ဆက်လက်ထားရှိမှာဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးမူဝါဒ ကော်မတီ (Monetary Policy Committee-MPC)  ကဆုံးဖြတ်ခဲ့ ပါ တယ်။ လော လောဆယ်မှာ ဒီနှုန်းကဒေသတွင်းမှာ အနိမ့်ဆုံးနှုန်းဖြစ်တဲ့အတွက် သင့်တော်တဲ့ နှုန်းထားဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် မစ္စတာ ပရီဒီယာသွန် ဒီဝါကုလာရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဘတ်ငွေတန်ဖိုး ကျဆင်းရင် ထိုင်းပို့ကုန်တွေအတွက် အကျိုးရှိနိုင်မှာ ဖြစ်ပါ တယ်။ ဒီလိုဖြစ်ပေါ်လာမယ့် အကျိုးကျေးဇူးတွေကိုလည်း လာမယ့်လမှာသိသိသာ သာ တွေ့မြင်လာရတော့မှာ ဖြစ်တဲ့အတွက် ဘတ်ငွေတန်ဖိုးကျဆင်းတာက ဖြစ်သင့် ဖြစ်ထိုက်ကြောင်း သူကပြောပါတယ်။
ငွေကြေးဖလှယ်နှုန်းကိစ္စမှာ ဗဟိုဘဏ်က  ဝင်ရောက်စွက်ဖက်မှုမပြုဘဲ လက် ရှောင်နေပြီး ဘတ်ငွေတန်ဖိုးကို ဈေးကွက်ယန္တရားကသာ စီမံခန့်ခွဲသွားဖို့ ခွင့်ပြုထား ပါတယ်။ အလုပ်သမားလုပ်ခတွေထပ်မံမြင့်တက်ပြီး အနိမ့် ဆုံးလုပ်ခက တစ်ရက်ကို ဘတ် ၃၀၀ ကျော်သွားရင် ထုတ်လုပ်မှုစရိတ်တွေ  မြင့်တက် ပြီး နောက်ဆုံးမှာ စီးပွား ရေးနယ်ပယ်ကဖယ်ထုတ်ခံရမှာကို အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ က စိုးရိမ်နေကြပါတယ်။
အသေးစားနဲ့  အလတ်စားစီးပွားရေးလုပ်ငန်းတွေက အလုပ်သမားတစ် ယောက်ကိုတစ်လ ဘတ် ၉၀၀၀ ပေးဖို့အတွက် အပြင်းအထန် ရုန်းကန်နေရပါတယ်။ ကမ္ဘာ့စီးပွားရေးက နှေးကွေးကျဆင်းနေပေမယ့်   ထိုင်းနိုင်ငံရဲ့ စီးပွားရေးကတော့ ပထမသုံးလပတ်မှာ ၃ ရာခိုင်နှုန်း ကျဆင်းရာကနေ  တဖြည်းဖြည်းပြန်လည်တိုးတက် လာတာကို တွေ့ရပါတယ်။
အစိုးရကလောင်းကစားနဲ့ မူးယစ်ဆေးဝါးလို အညိုရောင်စီးပွားရေးတွေကို ထိထိရောက်ရောက် နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနှိမ်နင်းတဲ့အတွက် တရားမဝင်ငွေကြေး တွေကို ထိခိုက်မှုရှိစေခဲ့တဲ့အတွက် တရားဝင်လှည့်လည်ငွေကြေးတွေမြင့်တက်လာ ခဲ့ပါတယ်။