Main menu

Background

အီးယူ-အိုင်အမ်အက်ဖ်နဲ့ ဆွေးနွေးရာမှာ ဂရိနိုင်ငံခက်ခက်ခဲခဲ ကြိုးစားရုန်းကန်

Tue, 06/23/2015 - 21:25 -- journal_editor

ယခင်    ရက်သတ္တပတ်အကုန်က             စေ့စပ်ညှိနှိုင်းမှုများပျက်ပြားပြီး   ေ<ကး ပြန်လည်မပေးဆပ်နိုင်တဲ့အဖြစ်ဆိုးမျိုး ကြုံရဖို့ ရက်သတ္တပတ်အလိုသာရှိတော့ တဲ့နောက်ပိုင်း     ဂရိနိုင်ငံက အီးယူ- အိုင်အမ်အက်ဖ်မြီရှင်တွေ ကြွေးမြီကိစ္စ ဆွေးနွေးပွဲတွေ   ပြန်လည်စတင်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရုန်းကန်လျက်ရှိပါ တယ်။
မြီရှင်တို့အနေဖြင့်   ''အဖြစ်မှန်နဲ့ ပိုမိုနီးစပ်ကြဖို့'' ဂရိဝန်ကြီးချုပ် အလက် ဇီဆီပရာက   တိုက်တွန်းပြောကြားပြီး နောက်ပိုင်းဆွေးနွေးပွဲများကို    ''မည် သည့်အချိန်မဆို'' ပြန်စဖို့  ဂရိနိုင်ငံက အသင့်ရှိကြောင်း ဂရိအစိုးရကပြောပါ တယ်။
''မြီရှင်တွေရဲ့ ဖိတ်ခေါ်မှုကို ကျွန် တော်တို့    စောင့်နေပါတယ်။ စေ့စပ် ညှိနှိုင်းမှုတွေ အချိန်မရွေး  ဆက်လက် ဆောင်ရွက်ဖို့ အသင့်ပါပဲ''လို့ ဆီပရာရဲ့ ရုံးကပြောပါတယ်။
ကယ်တင်မှုရန်ပုံငွေထဲမှာ  ကျန်ရှိ နေသေးတဲ့ ယူရို ၇ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီ ယံ) ရရှိရေးအတွက် ဂရိနိုင်ငံရဲ့မြီရှင် တွေဖြစ်တဲ့   ဥရောပသမဂ္ဂ (အီးယူ) နဲ့ အပြည်ပြည်ဆိုင်ရာ  ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) တို့နဲ့ ဆီပရာ ရဲ့ အစိုးရအဖွဲ့ ငါးလကျော်ဆွေးနွေးခဲ့တာ အဖြေမရသေးဘဲရှိနေပါတယ်။ ဒါပေမဲ့ မြီရှင်တွေကတောင်းဆိုထားတဲ့  စီးပွား ရေးပြုပြင်ပြောင်းလဲရေး အဆိုပြုချက် တွေက ကြောင်းကျိုးညီညွတ်မှုမရှိဘူး ဆိုပြီး ဂရိအစိုးရကငြင်းဆိုတဲ့အတွက် နှစ်ဖက်စလုံးမှာ   အကျပ်အတည်းတွေ မြင့်မားခဲ့ပါတယ်။
မြီရှင်တွေက ပင်စင်ကိုထပ်မံလျှော့ ချဖို့ပြောဆိုခဲ့ပေမယ့် ဂရိအစိုးရက လည်း     ထိုသို့ဆောင်ရွက်ရန်ငြင်းဆို လျက်ရှိရာ ဂရိနိုင်ငံကို ဖိအားများပေးပြီး ''နိုင်ငံရေးအရ အချောင်သမားဝါဒ'' ကို    ကျင့်သုံးတယ်လို့  ဆီပရာက ဇွန်လ ၁၅ ရက်နေ့က   ပြင်းပြင်းထန်ထန်  ဝေဖန် ခဲ့ပါတယ်။