Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Fri, 10/09/2015 - 20:52 -- journal_editor

တရုတ်ယွမ်
    ဩဂုတ်လ ၁၁ ရက်နေ့က တရုတ် ဗဟိုဘဏ်က ယွမ်ငွေကြေးတန်ဖိုးကို လျှော့ချဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးတဲ့နောက်ပိုင်း တရုတ်စီးပွားရေး   နှေးကွေးကျ ဆင်းမှုနဲ့ပတ်သက်ပြီး   စိုးရိမ်မှုတွေ လွန်ကဲလာခဲ့ပါတယ်။ ဒီဆောင်ရွက် မှုရဲ့ ဂယက်က နှစ်လခန့်ကြာတဲ့ ယခုအချိန်ထိ ဈေးကွက်ကို ရိုက်ခတ်ဆဲဖြစ်ပါ တယ်။ ရှန်ဟဲဈေးကွက်မှာ စက်တင်ဘာ ၃၀ ရက်နေ့ ညနေဈေးပိတ်ချိန်က အမေရိကန် တစ်ဒေါ်လာကို ၆ ဒသမ ၃၅၇၁ ယွမ်နှုန်းရှိခဲ့ရာမှ တစ်ဒေါ် လာကို ၆ ဒသမ ၈ ယွမ်ဝန်းကျင်အထိ ယွမ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။

အိန္ဒိယရူပီး
    နိုင်ငံခြားငွေစီးဝင်မှုတွေ မြင့်တက်လျက်ရှိနေချိန်မှာ ပို့ကုန်လုပ်ငန်းရှင်များနဲ့ ဘဏ်များက အမေရိကန် ဒေါ်လာကို ရောင်းချလျက်ရှိတဲ့အတွက် အောက်တိုဘာ ၂ ရက် နံနက်ပိုင်း ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာ မှာ ရူပီးတန်ဖိုးက သုည ဒသမ ဝ၉ ရူပီးနှုန်း မြင့်တက်ပြီး အမေရိကန် တစ်ဒေါ်လာကို ၆၅ ဒသမ ၄၉ ရူပီးနှုန်း  ရှိခဲ့ပါတယ်။

ဂျပန်ယန်း
    တိုကျိုဈေးကွက်မှာ အောက်တို ဘာ ၂ ရက်နေ့က အမေရိကန်ဒေါ်လာ နဲ့ ယန်းငွေကြေးဖလှယ်နှုန်းက တစ် ဒေါ်လာကို ၁၁၉ ဒသမ ၅ယန်းနှုန်း အထက်မှာ ရှိနေပါတယ်။ အမေရိကန်ဒေါ်လာနဲ့   ယန်းငွေ ကြေးဖလှယ်နှုန်း က အောက်တိုဘာ ၁ ရက်နေ့ ညနေငါးနာရီက တစ်ဒေါ်လာ ကို နယူးယောက်ဈေးကွက်မှာ ၁၁၉ ဒသမ ၈၆ ယန်းနဲ့ တိုကျိုမှာ ၁၂၀ ဒသမ ၂၀ ယန်းရှိရာမှာ နောက်တစ်နေ့ နံနက် ကိုးနာရီမှာ အမေရိကန်တစ်ဒေါ်လာကို ၁၁၉ ဒသမ ၈၂ ယန်းနှုန်းရှိခဲ့ပါတယ်။ယူရိုတန်ဖိုးက အောက်တိုဘာ ၁ ရက်နေ့ညနေပိုင်းမှာ တစ်ယူရိုကို နယူး ယောက်မှာ ၁ ဒသမ ၁၁၉၁ ဒေါ်လာနဲ့ ၁၃၄ ဒသမ ဝ၈ ယန်း၊ တိုကျိုဈေးကွက် မှာ ၁ ဒသမ ၁၄၄ ဒေါ်လာနဲ့ ၁၃၃ ဒသမ ၉၅ ယန်းနှုန်းရှိခဲ့ရာမှ နောက် တစ်နေ့ နံနက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၁၉၂ ဒေါ်လာနဲ့ ၁၃၄ ဒသမ ၁၁ ယန်း နှုန်းရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
    ရက်သတ္တပတ် ကုန်ဆုံးချိန် အောက်တိုဘာ ၂ ရက်နေ့မှာ ရင်းဂစ် ဝယ်လိုအား ကျဆင်းတဲ့အတွက် အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဒေါ်လာနဲ့ရင်းဂစ် ဖလှယ်နှုန်းက တစ်ဒေါ်လာကို အော က်တိုဘာ ၁ ရက်က ၄ ဒသမ ၃၉၉၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့နံနက် ကိုးနာရီမှာ အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၄၃၇၅ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ တခြား အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုး ကျဆင်းပါတယ်။

တောင်ကိုရီးယားဝမ်
    တောင်ကိုရီးယား ပို့ကုန်လုပ်ငန်းရှင်များက ဒေါ်လာကိုထုတ်ရောင်းလာ ကြတဲ့အတွက် ရက်သတ္တပတ်အလိုက် ကြည့်ရင် ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဝမ်ငွေတန်ဖိုးက မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာ ၂ ရက်နေ့ ေ ဈးကွက်မှာ  ကိုရီးယားဝမ်တန်ဖိုးက ၇ ဒသမ ၁၆ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၈၄ ဒသမ ၁၀ ဝမ် နှုန်းရှိခဲ့ပါတယ်။

ထိုင်းဘတ်
    ထိုင်းဘတ်ငွေတန်ဖိုးက ကိုးနှစ်အတွင်း အနိမ့်ဆုံးနှုန်းကို ကျဆင်းခဲ့ပါ တယ်။ ထိုင်းဘတ်ငွေတန်ဖိုးက အမေရိကန်တစ်ဒေါ်လာကို ၃၆ ဒသမ ၆၈ ဘတ်နှုန်းရှိခဲ့ရာ ၂၀ဝ၆ ခုနှစ် ဒီဇင်ဘာနောက်ပိုင်းအနိမ့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။ ရက်သတ္တပတ်အတွင်း အတက်အကျနှုန်းကို ကြည့်ပါက တစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာကို တွေ့ ရပါတယ်။