Main menu

Background

ငွေကြေးဈေးကွက်

Wed, 03/16/2016 - 13:26 -- journal_editor

             တရုတ်ဗဟိုဘဏ်က ယွမ်ငွေ ကြေးရဲ့ နေ့စဉ်ငွေကြေးဖလှယ်နှုန်းမှာ ယွမ်တန်ဖိုးကို တိုးမြှင့်သတ်မှတ်လိုက် ပြီးနောက်ပိုင်း ယွမ်ငွေကြေးတန်ဖိုးက ၂၀၁၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအထိ ရောက်ရှိလာတဲ့ အတွက် မတ် ၁၁ ရက် မှာ အာရှငွေကြေးများရဲ့တန်ဖိုးတွေ မြင့်တက်လာခဲ့ပါတယ်။ ဥရောပ ဗဟိုဘဏ် (အီးစီ ဘီ)ကအတိုးနှုန်းများကို လျော့ချပေးတော့မှာဖြစ်ကြောင်း ကြေ ညာလိုက်ပြီးနောက်ပိုင်း အီးစီဘီရဲ့ ဆောင်ရွက်မှုကြောင့်   အာရှေ ဒသရှိ ထွန်းသစ်စ ဈေးကွက်များအတွင်းရှိ မတည်ရင်းနှီးငွေတွေစီးဝင်လာအောင် တွန်းအားပေးခဲ့ပါတယ်။ မတ် ၁၀ ရက် မှာ ဒေါ်လာနဲ့ဖလှယ်တဲ့အခါ ယူရို တန်ဖိုး မြင့်တက်လာပြီး နောက်ပိုင်း ယွမ်ငွေကြေးတန်ဖိုးကလည်း  လို က်ပါ မြင့်တက် ခဲ့ပါတယ်။

တရုတ်ယွမ်
       တရုတ်ဈေးကွက်တွေ မဖွင့်မီ တရုတ်ဗဟိုဘဏ်က   တရားဝင်ယွမ်/ ဒေါ်လာပျမ်းမျှဖလှယ်နှုန်းကို အမေရိ ကန်တစ်ဒေါ်လာလျှင် ၆ ဒသမ ၄၉၀၅ ယွမ်သတ်မှတ်ပေးခဲ့ပါတယ်။ သတ်မှတ် လိုက်တဲ့နှုန်းထားက  ၂၀၁၆ ခုနှစ် အ တွင်းအမြင့်ဆုံးဖြစ်ပြီး တရုတ်ယွမ် ငွေကြေးအပေါ် ယုံကြည်မှုပိုမိုမြင့် တက်စေခဲ့ကြောင်း    ကုန်သည်တွေက ပြောပါတယ်။    တရုတ်ပြည်တွင်းဈေး ကွက်မှာယွမ်ငွေကြေးဖလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို  ၆ ဒသမ ၄၈၆၆ ယွမ်နှုန်းအထိမြင့်တက်ခဲ့ရာ ဒီဇင် ဘာနောက်ပိုင်း  အမြင့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။

အိန္ဒိယရူပီး
       အိန္ဒိယပြည်တွင်းဈေးကွက်မှာ သွင်းကုန်လုပ်ငန်းရှင်များရဲ့ ဒေါ်လာ ဝယ်လိုအား ပိုမိုမြင့်တက်လာတဲ့ အတွက် မတ် ၁၁ ရက်နံနက်ပိုင်းမှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ ရူပီးတန်ဖိုးက   သုည ဒသမ ၁၁ ရူပီး နှုန်း ကျ ဆင်းပြီး တစ်ဒေါ်လာကို ၆၇ ဒသမ ၁၈ ရူပီးနှုန်း   ရှိခဲ့ပါတယ်။ ဒါပေမယ့် ဈေးပိတ်ချိန်မှာတော့ နိုင်ငံ ခြားငွေတွေစီးဝင်မှုကောင်းမွန်လာတဲ့ အတွက် ဘဏ်တွေရဲ့ ပို့ကုန်လုပ်ငန်း ရှင်တွေက ဒေါ်လာကိုပြန်လည်ရောင်း ချလာတဲ့အ တွက် ရူပီးတန်ဖိုး သုည ဒသမ ၄ ရူပီးနှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆၇ ဒသမ ၀၇ ရူပီး နှုန်း   ဖြစ်ခဲ့ပါတယ်။ စောစောပိုင်းက ရူပီးတန်ဖိုး  ကျဆင်းရတာက ဒေါ်လာ ဝယ်လိုအားကောင်းမွန်လို့ဖြစ်ကြောင်း ဝယ်ေ ရာင်းသမားတွေက ပြောပါတယ်။ ဒါပေမယ့်    ဈေးအဖွင့်မှာ ပြည်တွင်း ရှယ်ယာဈေးတွေမြင့်တက်မှုကြောင့် ရူပီးတန်ဖိုးကျဆင်းမှုသက်သာစေခဲ့ပါ တယ်။

ဂျပန်ယန်း
           ဥရောပဗဟိုဘဏ်က အက်ဆက် (Asset) ဝယ်ယူမှုအစီအစဉ်ကို မူလက တစ်လလျှင် ယူရို ဘီလီယံ ၆၀ (အမေ ရိကန် ဒေါ်လာ ၆၆ ဒသမ ၈၁ ဘီလီယံ) ဝယ်ယူခဲ့ရာမှ ဧပြီလကစပြီး တစ်လကို ယူရိုဘီလီယံ ၈၀ (အမေရိ ကန်ဒေါ်လာ ၈၉ ဒသမ ၀၈ ဘီလီယံ) ဝယ်ယူမယ်လို့ ကြေညာပြီးနောက်ပိုင်း    မတ်လ ၁၁ ရက်မှာ ယူရိုတန်ဖိုးကျဆင်းပြီး ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ နယူး ယောက်ဈေးကွက်မှာ မတ် ၁၀ ရက်က တစ်ယူရိုကို ၁ ဒသမ ၁၂၀၆ ဒေါ်လာ နှုန်းရှိရာမှ နောက်တစ်နေ့မှာ ၁ ဒသမ ၁၁၅၅ ဒေါ်လာနှုန်းအထိရောက်ရှိခဲ့ ပါတယ်။ ဒေါ်လာ/ယန်း  ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၁၁၃ ဒသမ ၇ ယန်း နှုန်းရှိခဲ့တဲ့အတွက်   ယခင်နေ့ကရှိခဲ့တဲ့ ၁၁၂ ဒသမ ၉၉ ယန်းနှုန်းထက် အမေ ရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ပါ တယ်။ ယူရိုယန်းဖလှယ်နှုန်းက တစ်ယူ ရိုကို ၁၂၆ ဒသမ ၈၃ ယန်းနှုန်းရှိခဲ့ပြီး ရက်သတ္တပတ်သုံးပတ်အတွင်းအမြင့် ဆုံးဖြစ်ပါတယ်။

မလေးရှားရင်းဂစ်
             ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေ အနည်းငယ် ကျဆင်းမှုကြောင့် ပြည်တွင်းငွေကြေးအပေါ်ယုံကြည်မှု ကျဆင်းခဲ့တဲ့အတွက် မတ် ၁၁ ရက် နံနက်ပိုင်းမှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်ငွေကြေးတန်ဖိုး ကျဆင်း ခဲ့ကြောင်း ဝယ်ရောင်းသမား တွေက ပြောပါတယ်။ရင်းဂစ်တန်ဖိုးက မတ် ၁၀ ရက် ညနေ  ၅  နာရီက တစ်ဒေါ်လာကို ၄ ဒသမ ၀၉၅၀ ရင်းဂစ်နှုန်းရှိရာမှ နောက် တစ်နေ့နံနက် ၉ နာရီ ၂ မိနစ်မှာတစ် ဒေါ်လာကို ၄ ဒသမ ၁၁၈၀ ရင်းဂစ် နှုန်းရှိခဲ့ပါတယ်။ အခြားအဓိကငွေကြေး များနဲ့ ဖလှယ်ရာမှာလည်း   ရင်းဂစ် တန်ဖိုးကျဆင်းခဲ့ပါတယ်။

တောင်ကိုရီးယားဝမ်
        ဥရောပဗဟိုဘဏ်ရဲ့ ဘွန်း စာချုပ်ဝယ်ယူရေးအစီအစဉ်ကို ရင်းနှီး မြှုပ်နှံသူတွေက   အပြုသဘောတုံ့ပြန် ခဲ့တဲ့အတွက် နည်းပညာကုမ္ပဏီများနဲ့ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီ များအပါအဝင်  တောင်ကိုရီးယားရှယ် ယာဈေးတွေ မတ် ၁၁ ရက်က မြင့် တက်ခဲ့ပါတယ်။   ဒေါ်လာနဲ့ဖလှယ်ရာ မှာ ပြည်တွင်းငွေကြေးတန်ဖိုးလည်း မြင့်တက်ခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်နဲ့  အမေရိ ကန်ဒေါ်လာဖလှယ်ရာမှာ ဝမ်တန်ဖိုး က ယခင်နေ့ကထက် ၁၂ ဒသမ ၇ ဝမ် နှုန်းမြင့်တက်ပြီး မတ် ၁၁ ရက်မှာ တစ်ဒေါ်လာကို    ၁၂၀၃ ဒသမ ၅ ဝမ် နှုန်းရှိခဲ့ပါတယ်။

ထိုင်းဘတ်
           အီးစီဘီရဲ့ ငွေကြေးမူဝါဒလျှော့ ချတဲ့အစီအမံကြောင့် ထိုင်းနိုင်ငံရဲ့ စတော့အိတ်ချိန်းအညွှန်းကိန်းမြင့် တက်ခဲ့တဲ့နည်းတူ ထိုင်းဘတ်တန်ဖိုး ကလည်း မတ် ၁၁ ရက်က ငါးလ အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက ဈေးကွက် အဖွင့်မှာ အမေရိကန်   တစ်ဒေါ်လာကို ၃၅ ဒသမ ၀၈ နှုန်း   ရှိခဲ့ပါတယ်။ ထိုင်းဘတ်တန်ဖိုး က နှစ်စမှ မတ် ၁၂ ရက်အထိ ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။

 

ဉာဏ်တင် - စုစည်းတင်ပြသည်