Main menu

Background

ငွေကြေးဈေးကွက်

Wed, 03/23/2016 - 13:26 -- journal_editor

တရုတ်ယွမ်
        အမေရိကန်ဗဟိုဘဏ်က အတိုး နှုန်းမြှင့်တင်မယ့် အကြိမ်ကိုလျှော့ချပြီး နောက်ပိုင်း အခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း တဲ့အတွက် တရုတ်ဗဟိုဘဏ်ရဲ့ ရည် ညွှန်းအတိုးနှုန်းကို မြှင့်တင်သတ်မှတ် ခဲ့ပါတယ်။ ဒါကြောင့် မတ် ၁၈ ရက်မှာ ယွမ်ငွေတန်ဖိုးက  လေးလအတွင်း  အမြင့်ဆုံးနှုန်းအထိရောက်ရှိခဲ့ပါတယ်။ ပင်လယ်ရပ်ခြား ယွမ် (Offshore Yuan)  နဲ့ အမေရိကန်ဒေါ်လာ ဖလှယ် နှုန်းက မတ် ၁၈ ရက်မှာ ယခင်နေ့က ထက် သုည ဒသမ ၁၇ ရာခိုင်နှုန်းမြင့် တက်ပြီး   တစ်ဒေါ်လာကို ၆ ဒသမ ၄၄၃၄ ယွမ်နှုန်းရှိခဲ့ပါတယ်။   အဲဒီနှုန်း ဒီဇင်ဘာ ၃ ရက် နောက်ပိုင်းအမြင့်ဆုံး ဖလှယ်နှုန်း ဖြစ်ပါ တယ်။

အိန္ဒိယရူပီး
           အိန္ဒိယ ဈေးကွက်အတွင်းသို့ နိုင်ငံခြားရန်ပုံငွေများ စီးဝင်လာချိန်မှာ ပို့ကုန်လုပ်ငန်းရှင်များနဲ့  ဘဏ်များက အမေရိကန်ဒေါ်လာကို ပိုမိုရောင်းချ လာကြတဲ့အတွက် မတ် ၁၈ ရက်နံနက် ပိုင်းဈေးကွက်မှာ အမေရိကန်ဒေါ်လာ နဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးက သုည ဒသမ ၂၀ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၆၆ ဒသမ ၅၅ ရူပီးနှုန်း ရှိခဲ့ပါတယ်။ တခြားငွေကြေးများနဲ့ ဖလှယ်တဲ့အခါဒေါ်လာတန်ဖိုးကျဆင်း မှုနဲ့ ပြည်တွင်းရှယ်ယာဈေးကွက်အဖွင့် မှာ ရှယ်ယာဈေးတွေ မြင့်တက်မှုကလည်း ရူပီတန်ဖိုးမြင့်တက်ဖို့ အထောက် အကူဖြစ်စေခဲ့ကြောင်း နိုင်ငံခြားငွေ ဝယ်ရောင်းသမားတွေက ပြောပါတယ်။

ဂျပန်ယန်း
          အမေရိကန် ဗဟိုဘဏ်က ငွေ ကြေးဖလှယ်နှုန်းနဲ့  ပတ်သက်ပြီးပျော့ ပျောင်းတဲ့ရပ်တည်ချက်(Dovish Rate Stance) ကို ထားရှိပြီးနောက်ပိုင်း မတ် ၁၇ ရက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးဆက်လက်ကျဆင်းခဲ့ပါတယ်။ မတ် ၁၇ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ း၀၀ နာရီမှာ ယူရိုနဲ့   အမေရိကန် ဒေါ်လာဖလှယ်ရာမှာ  သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး တစ်ယူရိုကို ၁ ဒသမ ၁၃၁၇ ဒေါ်လာနဲ့  ယန်းနဲ့ဖလှယ် ရာမှာ ၁ ဒသမ ၂ ရာ ခိုင်နှုန်းကျဆ င်းတဲ့ အတွက် တစ်ဒေါ်လာကို ၁၁၁ ဒသမ ၄၄ ယန်းနှုန်းရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
         အမေရိကန်ဗဟိုဘဏ်က အတိုး နှုန်းမြှင့်တင်ပေးမယ့် အလားအလာ ပျော့ပျောင်းလာမှုကြောင့် ဒေါ်လာရဲ့ အနေအထားကို ကုန်သည်များက လျှော့တွက်လာတဲ့အတွက် မတ် ၁၈ ရက်ဈေးဖွင့်ချိန်မှာ ရင်းဂစ်တန်ဖိုးက အတ က်ဘက်ကို ဆက်လက်ဦးတည် နေပါတယ်။ ရင်းဂစ်နဲ့ ဒေါ်လာ ဖလှယ် နှုန်းကမတ် ၁၇ ရက်မှာ အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ ၀၅၆၅ ရင်းဂစ်နှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့ နံနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၄ ဒသမ ၀၃၉၅ အထိ ရောက်ရှိကာ ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်လာမှုကလည်း ရင်းဂစ်တန်ဖိုးမြင့်တက် ဖို့ အထောက်အကူဖြစ်စေခဲ့ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက တြ ခား အဓိကငွေ ကြေးတွေနဲ့ဖလှယ်ရာမှာ အတက်အကျ အမျိုးမျိုးရှိခဲ့ပါတယ်။

တောင်ကိုရီးယားဝမ်
            အတိုးနှုန်းမြှင့်တင်ရေးနဲ့ ပတ် သက်ပြီး  အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ ရပ်တည်ချက်ထွက်ပေါ်ပြီး နောက် မတ် ၁၈ ရက်မှာ တောင်ကို ရီးယားနိုင်ငံရဲ့ စတော့ရှယ်ယာတန်ဖိုး တွေ ဆက်လက်မြင့်တက်ခဲ့ပါတ ယ်။ ပြည်တွင်း ငွေကြေးတန်ဖိုးကလည်း ဒေါ်လာနဲ့  ဖလှယ်ရာမှာ ယခုနှစ် အတွင်းအမြင့်ဆုံးနှုန်းအထိ မြင့်တက် ခဲ့ပါတယ်။ ဒေါ်လာနဲ့ တောင်ကိုရီးယား ဝမ်ရဲ့ဖလှယ်နှုန်းက မတ် ၁၇ ရက်က ထက် ၁၀ ဒသမ ၈၀ ဝမ်နှုန်း မြင့် တက် ပြီး တစ်ဒေါ်လာကို ၁၁၆၂ ဒသမ ၅၀ ဝမ်နှုန်းရှိခဲ့ပါတယ်။

ထိုင်းဘတ်
          ယခုနှစ်အတွင်း ဗဟိုဘဏ် အတိုးနှုန်းကို နှစ်ကြိမ်သာတိုးမြှင့်ပေး မယ်လို့ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ကကြေညာပြီးနောက်ပိုင်း  အာရှ ငွေကြေးအများစုနည်းတူ  ထိုင်းဘတ် ငွေတန်ဖိုးလည်း မြင့်တက်ခဲ့ပါတယ်။
မတ် ၁၈ ရက်နံနက်ပိုင်းရိုက်တာ သတင်းမှာ  ဖော်ပြခဲ့တဲ့ သတင်းအရ ဘတ်ငွေတန်ဖိုးက အမေရိကန်ဒေါ်လာ နဲ့ ဖလှယ်ရာမှာ  သုည ဒသမ ၀၃ ရာခိုင် နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၄ ဒသမ ၇၆ ဘတ်နှုန်းရှိခဲ့ရာ ယခုနှစ် ယခုအချိန်အထိ ၃ ဒသမ ၅၇ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါတယ်။

 

ဉာဏ်တင် - စုစည်းတင်ပြသည်