Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Thu, 07/21/2016 - 13:03 -- journal_editor

တရုတ်နိုင်ငံက ထုတ်ပြန်လိုက် တဲ့ စီးပွားရေး  ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်းက  ခန့်မှန်းထားတာထက် ပိုမို တိုးတက်ခဲ့တာကို    တွေ့ရပါတယ်။ အလားတူ  အာရှအီကွီတီရှယ် ယာ ဈေး ကွက်တွေကလည်း    ခိုင်မာလာတဲ့ အတွက် ဒေသတွင်းငွေကြေး အများစု ရဲ့ တန်ဖိုးတွေက ဇူလိုင် ၁၅ ရက်မှာ မြင့်တက်လာတာကို တွေ့ရပါတယ်။စီးပွားရေး    တည်ငြိမ်မှုရစေဖို့ အတွက် တရုတ်အစိုးရက   တိုးမြှင့်ပြီး ကြိုးပမ်း   ဆောင်ရွက်ခဲ့တဲ့အတွက် ဒုတိယသုံးလပတ်မှာ  တရုတ်စီးပွားရေး က ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ မူလခန့်မှန်းချက်ထက်  ပိုမိုတိုးတက်ခဲ့ တာကို တွေ့ရ ပါတယ်။ စက်မှုထုတ်ကုန် နဲ့ လက်လီ ရောင်းချမှု  အခြေအနေတွေ ကလည်း မူလခန့်မှန်းချက်ထက် တိုး တက်ခဲ့ ပါတယ်။
တောင်ကိုရီးယား ဗဟိုဘဏ်က ဗဟိုဘဏ်အတိုးနှုန်းကို  မပြောင်းလဲဘဲ ထားတဲ့အတွက်ကြောင့် လည်းကောင်း၊ စတော့ရှယ်ယာဈေးကွက်မှာ ငွေကြေး များစီးဝင်မှုကြောင့်   လည်းကောင်း၊ တောင်ကိုရီးယားဝမ်ငွေကြေးက ရက် သတ္တပတ် ၁၀  ပတ်အတွင်း အမြင့်ဆုံး အနေအထားကို   ရောက်ရှိခဲ့ပါတယ်။မလေးရှား  ဗဟိုဘဏ်ကလည်း ခုနစ်နှစ်အတွင်း    ပထမဆုံးအကြိမ် အဖြစ် မူဝါဒအတိုးနှုန်းကို သုညဒသမ ၂၅ရာခိုင်နှုန်း လျှော့ချသတ်မှတ်ခဲ့ပါ တယ်။
တရုတ်ယွမ်
တရုတ်နိုင်ငံရဲ့  ဂျီဒီပီ  တိုးတက် နှုန်းက   မူလခန့်မှန်းချက်ထက်  ပိုမို ကြောင်း တရုတ်အစိုးရက ကြေညာပြီး နောက်ပိုင်း ဇူလိုင်၁၅ရက်နေ့က  ယွမ် ငွေကြေးတန်ဖိုး  မြင့်တက်ခဲ့ပါတယ်။ ရှန်ဟဲရှိOnshore  ယွမ်ငွေကြေး တန်ဖိုး  က ဇူလိုင်၁၄ရက်နေ့ ဈေးပိတ်ချိန်နဲ့ နှိုင်းယှဉ်ရင် သုညဒသမ ၀၆ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန်   တစ်ဒေါ်လာ ကို ၆ ဒသမ ၆၇၉၄ ယွမ်နှုန်း  ရှိခဲ့ပါ တယ်။  ဟောင်ကောင်ရှိ   Offshore  ယွမ်ရဲ့    တန်ဖိုးမှာ   သုည  ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန် တစ်ဒေါ်လာကို  ၆ ဒသမ ၆၈၀၅ ယွမ် နှုန်း ရှိခဲ့ပါတယ်။  တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ်   ရည်ညွှန်းအတိုးနှုန်းကို ဇူလိုင် ၁၄ရက်နေ့ကထက် သုည ဒသမ ၀၆ ရာခိုင်နှုန်း တိုးမြှင့်ပြီး  အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၆၈၀၅ယွမ် နှုန်း သတ်မှတ်ပေးခဲ့ပါတယ်။

အိန္ဒိယရူပီး
ပြည်တွင်း    အီကွီတီရှယ်ယာ တန်ဖိုးမြင့်တက်ပြီး    ပို့ကုန်လုပ်ငန်း ရှင်များနဲ့   ဘဏ်များက   အမေရိကန် ဒေါ်လာကို     ပြန်လည်ရောင်းချတဲ့အတွက် ဇူလိုင် ၁၅ ရက်မှာ ရူပီး တန်ဖိုး  က အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုည ဒသမ ၀၆ ရူပီး မြင့်တက်ပြီး တစ် ဒေါ်လာကို ၆၆ ဒသမ ၈၅ ရူပီးနှုန်းရှိခဲ့ ပါတယ်။

ဂျပန်ယန်း
တရုတ်စီးပွားရေးတိုးတက်မှုနှုန်း မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံသူ တို့က  ဂျပန်ယန်းငွေများကို  ပြန်လည် ရောင်းထုတ်လာကြသည့်အတွက် ဇူလိုင် ၁၅ ရက်က အခြားငွေကြေးများနဲ့ ဖလှယ်ရာမှာ  ယန်းငွေတန်ဖိုးက တစ် ရာခိုင်နှုန်း ကျဆင်း ခဲ့ရာ ရက်သတ္တပတ် သုံးပတ်အတွင်း အနိမ့်ဆုံးနှုန်း ဖြစ်ခဲ့ပါ တယ်။ အမေရိကန်ဒေါ်လာနဲ့ ယန်းငွေ ကြေး ဖလှယ်နှုန်းက ဇူလိုင် ၁၄ ရက် ညနေ ၅နာရီကနယူးယောက်မှာ ၁၀၅ ဒသမ ၃၀ ယန်းနဲ့ တိုကျိုမှာ ၁၀၅ဒသမ ၄၃ ယန်းနှုန်းရှိခဲ့ရာမှ နောက် တစ်နေ့ နံနက် ၉ နာရီက တိုကျိုမှာ ၁၀၅ ဒသမ ၁၃ ယန်းနှုန်း ရှိခဲ့ပါတယ်။
ယူရိုတန်ဖိုးက ဇူလိုင်၁၄ရက်နေ့ ညနေက နယူးယောက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၁၁၂ဒေါ်လာနဲ့ ၁၁၇ ဒသမ ၁၆ ယန်းနှုန်းဖြင့်လည်းကောင်း၊ တိုကျို မှာ ၁ ဒသမ ၁၀၉၈ ဒေါ်လာနဲ့  ၁၁၇ ဒသမ ၀၁ယန်းနှုန်းဖြင့် လည်းကောင်း ရှိခဲ့ရာမှ  နောက်တစ်နေ့   တိုကျိုဈေး ကွက်မှာ ၁ဒသမ ၁၁၀၆ ဒေါ်လာနဲ့ ၁၁၆ ဒသမ ၇၆ယန်းနှုန်း ရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
မလေးရှားရင်းဂစ်ကို  ဝယ်ယူမှု အရှိန်အဟုန် ကျဆင်းလာတဲ့အတွက် ဇူလိုင် ၁၅ရက်မှာ အမေရိကန်ဒေါ်လာ နဲ့ ဖလှယ်တဲ့အခါ   ရင်းဂစ်တန်ဖိုးက ဈေးအဖွင့်မှာ ယခင်နေ့က နှုန်းအတိုင်း ရှိခဲ့ကြောင်း ဝယ်ရောင်းသမားတွေ က ပြောပါ တယ်။
အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ် ဖလှယ်နှုန်းက ဇူလိုင်၁၄ရက်နေ့က နှုန်း အတိုင်း နံနက် ၉ နာရီမှာ တစ်ဒေါ်လာ ကို ၃ဒသမ ၉၄၅၀ ရင်းဂစ်နှုန်း ရှိခဲ့ပါ တယ်။ မလေးရှားဗဟိုဘဏ်က ဇူလိုင် ၁၃ ရက်ကဗဟိုဘဏ်အတိုးနှုန်းကို ရုတ်တရက် လျှော့ချလိုက်တဲ့အတွက် ဇူလိုင် ၁၄ ရက်မှာ ရက်သတ္တပတ် ၁၀ ပတ်အတွင်း     အမြင့်ဆုံးနှုန်းအထိ ရောက်ရှိခဲ့ပါတယ်။အခြားငွေကြေးများနဲ့ ဖလှယ်ရာ မှာ ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။

တောင်ကိုရီးယားဝမ်
ဇူလိုင် ၁၅ရက်က တောင်ကိုရီး ယား   ရှယ်ယာများကို    နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့  အများအပြား ဝယ် ယူခဲ့တဲ့အတွက်  ရှယ်ယာဈေးနှုန်းတွေ က ပÍ္စမမြောက်နေ့အဖြစ်  ဆက်လက် မြင့်တက်ခဲ့ပါတယ်။ပြည်တွင်းဝမ်ငွေ ကြေး တန်ဖိုးက  အမေရိကန်  တစ် ဒေါ်လာကို ၁၁၃၃ ဒသမ ၃၀ ဝမ်နှုန်း ရှိခဲ့တဲ့အတွက်   ယခင်နေ့ကထက် ၃ ဒသမ ၆၀ ဝမ်နှုန်း မြင့်တက်ခဲ့ ပါတယ်။

ထိုင်းဘတ်
နိုင်ငံခြားငွေ   စီးဝင်မှုမြင့်တက် ခြင်းနဲ့  ဘတ်ငွေတန်ဖိုး   မြင့်တက်နေ သော်လည်း စိုးရိမ်မှုမရှိကြောင်း  ထိုင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့တဲ့ အတွက် ဘတ်ငွေတန်ဖိုးက ရက်သတ္တ ပတ် ၁၀ ပတ်အတွင်း   အမြင့်ဆုံး သို့ ရောက်ရှိခဲ့ပါတယ်။  ရိုက်တာသတင်း ဌာနက ပြုစုထားတဲ့  ကိန်းဂဏန်းများ အရ ယခင်နေ့ကနဲ့ နှိုင်းယှဉ်ရင်ဘတ်ငွေ တန်ဖိုးက ဇူလိုင် ၁၅ရက်မှာ အမေရိ ကန်  တစ်ဒေါ်လာကို  ၃၄ဒသမ ၉၆ ဘတ်နှုန်း ရှိခဲ့ပါတယ်။