Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Thu, 07/28/2016 - 15:40 -- journal_editor

ယွမ်ငွေတန်ဖိုး   တဖြည်းဖြည်း မြင့်တက်လာမှုကို   အကြောင်းပြုပြီး  ဇူလိုင် ၂၂ ရက်မှာ   ထွန်းသစ်စငွေ ကြေးအများစုရဲ့  တန်ဖိုးတွေမြင့်တက် ခဲ့ပါတယ်။   ဒါပေမယ့် လာမယ့်ရက် သတ္တပတ်မှာ အမေရိကန်နဲ့ ဂျပန်ဗဟို ဘဏ်တွေက မူဝါဒချမှတ်မှာကို ရင်းနှီး မြှုပ်နှံသူတွေက   စောင့်ကြည့်လေ့လာ နေတဲ့အတွက်   ဒေသတွင်း ငွေကြေး တွေရဲ့  တန်ဖိုးက    ရက်သတ္တပတ် အလိုက်ကြည့်ရင် တန်ဖိုးကျဆင်းမယ့် အလားအလာ ကို တွေ့နေရပါတယ်။
ဂျီ ၂၀ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ်   အုပ်ချုပ်ရေးမှူးတွေရဲ့ အစည်းအဝေးမတိုင်မီမှာ   နိုင်ငံပိုင် ဘဏ်တွေကတစ်ဆင့် တရုတ်အစိုးရ က ငွေကြေးမြင့်တက်အောင် ဆောင် ရွက်မယ်လို့ ခန့်မှန်းတဲ့အတွက် ယွမ်ငွေ ကြေး တန်ဖိုးမြင့်တက်မယ့် အနေအထား ကို တွေ့ရပါတယ်။ ယွမ်တန်ဖိုးမြင့် တက်မှုက တောင်ကိုရီးယား  ဝမ်အပါ အဝင် ဒေသတွင်း  ငွေကြေးများကို အထောက်အကူပေးလေ့ရှိပါတယ်။ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ် များ က ငွေကြေးမူဝါဒလျှော့ချမယ့် အလား အလာတွေ တွေ့ရတဲ့အတွက် ထွန်းသစ်စ ငွေကြေးတွေ   တန်ဖိုးမြင့် တက်ဖို့ အထောက်အကူဖြစ်စေခဲ့ ပါတယ်။

တရုတ်ယွမ်
ချန်ဒူးမှာ  ကျင်းပမယ့် ဂျီ ၂၀ ဝန်ကြီးများ   အစည်းအဝေးမတိုင်မီ တရုတ်ဗဟိုဘဏ်က ရည်ညွှန်းနှုန်းကို တိုးမြှင့်   သတ်မှတ်လိုက်တဲ့အတွက် ဇူလိုင် ၂၂ ရက်မှာ   ယွမ်ငွေကြေးတန် ဖိုး မြင့်တက်ခဲ့ပါတယ်။
ဇူလိုင် ၂၂ ရက်  နံနက် ၁၀ နာရီ ၁၅ မိနစ်က ရှန်ဟဲမှာ ဥညျ့သမန  ယွမ် တန်ဖိုးက   သုညဒသမ ၀၆ ရာခိုင် နှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ် လာကို ၆ ဒသမ ၆၆၉၅ ယွမ်နှုန်းရှိခဲ့ ပါတယ်။  ဟောင်ကောင်ဈေးကွက်မှာ ရှိတဲ့ ဉ်  ှ့သမန  ယွမ်တန်ဖိုးက သုည ဒသမ ၀၂ ရာခိုင်နှုန်းမြင့်တက်ပြီး အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၆၇၈၁ ယွမ် နှုန်းရှိခဲ့ပါတယ်။
တရုတ်ဗဟိုဘဏ်က   ယွမ်ရည် ညွှန်း  ဖလှယ်နှုန်းကို ဇူလိုင် ၂၁ ရက်နေ့ ကထက်  သုညဒသမ ၃ ရာခိုင်နှုန်း ပိုမို မြှင့်တင်ပြီး အမေရိကန်တစ်ဒေါ်လာ ကို ၆ ဒသမ ၆၆၆၉ ယွမ်နှုန်း သတ်မှတ် ခဲ့ပါတယ်။
အိန္ဒိယရူပီး
သွင်းကုန်  လုပ်ငန်းရှင်များက အမေရိကန်ဒေါ်လာကို    ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ဘဏ်အချင်း ချင်းနိုင်ငံခြားငွေ ဖလှယ်ရေး ဈေးကွက် မှာ ဇူလိုင် ၂၂ ရက်က အမေရိကန် ဒေါ်လာနဲ့   ရူပီး  ဖလှယ်နှုန်းက သုည ဒသမ ၀၃ ရူပီးနှုန်း    မြင့်တက်ပြီး တစ်ဒေါ်လာကို ၆၇ ဒသမ ၂၀ ရူပီး နှုန်း ရှိခဲ့ပါတယ်။ ပင်လယ်ရပ်ခြား ဈေးကွက် မှာ တခြားငွေကြေးတွေနဲ့   ဖလှယ်တဲ့ အခါ ဒေါ်လာတန်ဖိုးမြင့်တက်မှုက ရူပီး တန်ဖိုး မြင့်တက်မှုကို   အဟန့်အတား ဖြစ်စေခဲ့ပေမယ့် ပြည်တွင်းဈေးကွက် မှာ ရှယ်ယာတန်ဖိုး  မြင့်တက်မှုက ရူပီး တန်ဖိုးကျဆင်းမှုကို ထိန်းချုပ်ပေးနိုင် ခဲ့ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။

ဂျပန်ယန်း
ဂျပန်အစိုးရက   ငွေကြေးမူဝါဒ လျှော့ချမှုတွေ   အကြီးအကျယ်ပြုလုပ် တော့မယ်ဆိုတဲ့   မျှော်လင့်ချက်တွေ ကွယ်ပျောက်ခဲ့ပြီးနောက်ပိုင်း  ဇူလိုင် ၂၂ ရက်က အာရှဈေးကွက်မှာ အမေ ရိကန်ဒေါ်လာနဲ့ဖလှယ်ရာမှာ ယန်း ငွေတန်ဖိုး တန့်နေတာကို  တွေ့ရပါ တယ်။
ဂရင်းနစ်စံတော်ချိန်   နံနက် ၄ နာရီ မိနစ် ၅၀ မှာ အမေရိကန်ဒေါ်လာ နဲ့ ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၁၀၅ ဒသမ ၈၁ ယန်းနှုန်း   ရှိခဲ့တဲ့အတွက် နယူယောက်မှာ ဇူလိုင် ၂၁ ရက် ညနေ ကရှိခဲ့တဲ့ ၁၀၅ ဒသမ ၈၂ ယန်းနှုန်း ရှိ ခဲ့ပါတယ်။
ယူရိုနဲ့ ယန်းဖလှယ်နှုန်းက ဇူလိုင် ၂၁ ရက် ညနေပိုင်းက တစ်ယူရိုကို ၁၁၆ ဒသမ ၆၆ ယန်းနှုန်းရှိခဲ့ရာမှ နောက် တစ်နေ့မှာ တစ်ယူရိုကို ၁၁၆ ဒသမ ၇၅ ယန်းနှုန်းရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
ဘာဆာမလေးရှား  ကုန်စည်ဒိုင် မှာ ရှယ်ယာဈေးတွေ    ကျဆင်းခဲ့တဲ့ အတွက် ဇူလိုင်၂၂ ရက်  ဈေးဖွင့်ချိန်မှာ အမေရိကန်ဒေါ်လာနဲ့   ဖလှယ်တဲ့ အခါ ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။
ရင်းဂစ်နဲ့ အမေရိကန်ဒေါ်လာ ဖလှယ်နှုန်းက ဇူလိုင် ၂၁ ရက်ညနေ ၆ နာရီမှာ  တစ်ဒေါ်လာကို   ၄ ဒသမ ၀၃၈၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ နောက်တစ် နေ့ ဈေးအဖွင့်မှာ   တစ်ဒေါ်လာကို ၄ ဒသမ ၀၄၂၀ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။  ရင်းဂစ်တန်ဖိုး    မြင့်တက်ဖို့အတွက် အထောက်အကူပေးမယ့် အချက်တွေ မရှိတဲ့အတွက်ကြောင့်  လည်းကောင်း၊ ဈေးကွက်အပေါ်  ယုံကြည်မှု ကျဆင်း နေတဲ့အတွက်ကြောင့် လည်းကောင်း၊ ရင်းဂစ်တန်ဖိုး ဆက်လက်ကျဆင်း နေ ဦးမယ်လို့ ခန့်မှန်းထားပါတယ်။
တောင်ကိုရီးယားဝမ်
တောင်ကိုရီးယား ရှယ်ယာများရဲ့ တန်ဖိုးက စောစောပိုင်းကျဆင်းနေရာ မှာ ပြန်လည်မြင့်တက်လာပြီး ဇူလိုင် ၂၂ ရက်နေ့မှာ အတက်အကျ မရှိဘဲ တန့် နေပါတယ်။ တောင်ကိုရီးယား ဝမ်တန် ဖိုးနဲ့ အမေရိကန်ဒေါ်လာတို့ ဖလှယ်ရာ မှာ ယခင်နေ့   ဈေးပိတ်ချိန်ကထက် သုည ဒသမ ၆၀ ဝမ်နှုန်း   ပိုမိုမြင့်တက်ပြီး ဇူလိုင် ၂၂ ရက်နေ့မှာ တစ်ဒေါ်လာကို ၁၁၃၅ ဒသမ ၃၀၀ ဝမ်နှုန်း ဖြစ်ခဲ့ပါ တယ်။

ထိုင်းဘတ်
ဂျပန်ဗဟိုဘဏ်အပါအဝင် ဗဟို ဘဏ်အများအပြားက ငွေကြေးမူဝါဒ တွေကို ထပ်မံလျှော့ချလိုက်တဲ့အချိန်မှာ ထိုင်းနိုင်ငံအတွင်းသို့   ငွေကြေးများ စီးဝင်လာမယ်လို့    ခန့်မှန်းကြတဲ့ အတွက် စောစောပိုင်းက    တန်ဖိုးကျ ဆင်းနေတဲ့ ဒေါ်လာတန်ဖိုးက ပြန် လည်မြင့်တက်လာခဲ့ပါတယ်။
ရိုက်တာသတင်းဌာနက   ပြုစု ထားတဲ့  စာရင်းအရ ဇူလိုင် ၂၂ ရက်နေ့ မှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဘတ်ငွေ   တန်ဖိုးက သုညဒသမ ၁၇ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၃၄ ဒသမ ၉၃ ဘတ်နှုန်း ရှိခဲ့ပါတယ်။