Main menu

Background

မြန်မာကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Thu, 08/18/2016 - 11:44 -- journal_editor

       အမေရိကန်ဒေါ်လာက အာရှပစိဖိတ် ငွေကြေးများနဲ့ဖလှယ်ရာမှာ သြဂုတ် ၁၁ရက်မှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကုန်သည်တွေက အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းသတ်မှတ်မယ့်ကာလကို ရှင်းလင်း ပြတ်သား စွာ သိနိုင်မယ့်အချက်ပြတွေကို စောင့်ဆိုင်းလေ့လာနေတဲ့အတွက်တန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်ထားသလို ဖြစ်ခဲ့ပါတယ်။ဇွန်လအတွက် ထုတ်ပြန်တဲ့အမေရိကန် အလုပ်အကိုင် ကိန်းဂဏန်းတွေကို သြဂုတ် ၁၂ ရက်က ထုတ်ပြန် ခဲရာ မူလခန့်မှန်းချက်ထက် ကျော်လွန်တဲ့အတွက် ယခုနှစ်အတွင်းမှာ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေ မြှင့်တင်ပေးလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါကြောင့် ဒေါ်လာတန်ဖိုးက ပြန်လည် ဦးမော့လာပါတယ်။ဒါပေမယ့် ဆက်တိုက်ထုတ်ပြန်ခဲ့တဲ့ဒုတိယသုံးလပတ် အစီရင်ခံစာမှာ ကုန်ထုတ်လုပ်မှုက ငါးရာခိုင်နှုန်း ကျဆင်းတဲ့အတွက် ဗဟိုဘဏ်အတိုးနှုန်း မြှင့်တင်မယ့်အလားအလာကို မှေးမှိန် စေခဲ့ပါတယ်။ စက်တင်ဘာ မှာ ရေနံထုတ် လုပ်မှု ေ လျှာ့ချဖို့ အိုပက်ရေနံ ထုတ်လုပ်သူတွေကို ဆော်ဒီအာရေးဘီးယား ဝန်ကြီးရဲ့ တိုက်တွန်းပြောကြားမှုကလည်း ဈေးကွက်တွေအပေါ် အကျိုးသက်ရောက်မှုရှိစေခဲ့ပါတယ်။

တရုတ်ယွမ်

     တရုတ်ဗဟိုဘဏ်က နေ့စဉ်ရည်ညွှန်း ငွေလဲနှုန်းကို ရက်သတ္တပတ်ခုနစ်ပတ်အတွင်း အနိမ့်ဆုံးအထိလျှောခ့ ျသတမ် တှ ြ်ပးီ နောကပ် ငို ်း သြဂတု ်၁၂ ရက်မှာ တရုတ်ယွမ်တန်ဖိုး တစ်ဟုန်ထိုး ကျဆင်းခဲ့ပါတယ်။ ရှန်ဟဲဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်တဲ့ ဥညျ့သမန ယွမ်ရဲ့ ဖလှယ်နှုန်း က သြဂုတ် ၁၂ရက်မှာ သုညဒသမ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာကို ၆ဒသမ ၆၄၆၂ ယွမ်နှုန်း ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင်ဈေးကွက်မှာ အေ ရာင်းအဝယ်ဖြစ်တဲ့ဉ်ျ့သမန ယွမ်ရဲ့ ဖလှယ်နှုန်းက သုညဒသမ ၁ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၆၅၁၈ယွမ်နှုန်း ရှိခဲ့ပါတယ်။

အိန္ဒိယရူပီး
      သြဂုတ် ၁၂ရက် နံနက်ပိုင်း ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးက သုညဒသမ ၀၂ ရူပီးနှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို၆၆ ဒသမ ၈၃ ရူပီးနှုန်း ရှိခဲ့ပါတယ်။ပို့ကုန်လုပ်ငန်းရှင်များက အမေရိကန်
ဒေါ်လာကို ပြန်လည်ရောင်းချမှုနဲ့ ပြည်တွင်း ရှယ်ယာဈေးကွက် မြင့်တက်မှုတို့ကြောင့် ယခုလို ရူပီးတန်ဖိုး မြင့်တက် လာတာ ဖြစ်ပါတယ်။တခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး ကျဆင်းမှုကလည်း ရူပီးတန်ဖိုး မြင့် တက်မှုကို အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ငွေကြေးဝယ်ရောင်းသမားတွေက ပြောပါတယ်။

ဂျပန်ယန်း
      ငွေကြေးဈေးကွက်တွေထဲမှာဒေါ်လာတန်ဖိုး မြင့်တက်တာ အရှိန်ရလာတဲ့အတွက် သြဂုတ် ၁၁ ရက်ကယူရို၊ ယန်းနဲ့ ဗြိတိသျှပေါင်တို့နဲ့ ဖလှယ်ရာမှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ပါတယ်။ယူရိုနဲ့ ဒေါ်လာ ဖလှယ်နှုန်း က သြဂုတ် ၁၁ရက်မှာ တစ်ယူရိုကို အမေရိကန်ဒေါ်လာ ၁ဒသမ ၁၁၈၃ နှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့ ဂရင်းနစ် စံတော်ချိန် ၁၈း၀၀ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၁၁၁၄ ဒေါ်လာနှုန်းအထိရောက်ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ နဲ့ ယန်းငွေဖလှယ်နှုန်းက တစ်ဒေါ်လာကို ၁၀၁ ဒသမ ၂၆ယန်းမှ ၁၀၂ ဒသမ ၀၂ ယန်းသို့ ရောက်ရှိပြီး ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ပါတယ်။

မလေးရှားရင်းဂစ်
       ဒေါ်လာတန်ဖိုး ပြန်လည်ဦးမော့စပြုလာတဲ့အတွက် အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ သြဂုတ် ၁၂ရက်က ရင်းဂစ်တန်ဖိုး အနည်းငယ် ကျဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ်ဖလှယ်ရာမှာ သြဂုတ် ၁၁ ရက်က တစ် ဒေါ်လာကို ၄ဒသမ ၀၀၂၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့နံနက် ၉နာရီ၆မိနစ်မှာ တစ်ဒေါ်လာကို ၄ဒသမ၀၀၄၀ ရင်းဂစ်နှုန်းကို ရောက်ရှိခဲ့ပါတယ်။

တောင်ကိုရီးယားဝမ်
       ရေနံစိမ်းဈေးနှုန်းတွေ ပြန်လည်မြင့်တက်ခြင်းနဲ့ တောင်ကိုရီးယားစတော့ဈေးကွက်အပေါ် ယုံကြည်မှုမြင့်တက်လာခြင်းတို့ကြောင့် သြဂုတ် ၁၂ ရက်မှာ တောင်ကိုရီးယား စတော့ရှယ်ယာဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါေ ပမယ့် တောင်ကိုရီးယား ဝမ်တန်ဖိုးက ယခင်နေ့ကရှိခဲ့တဲ့ နှုန်းအောက် ၃ဒသမ ၈ ဝမ်နှုန်းအောက် ကျဆင်းပြီးအမေရိကန် တစ်ဒေါ်လာကို ၁၁၀၃ဒသမ ၃၀ ဝမ်နှုန်း ရှိခဲ့ပါတယ်။

ထိုင်းဘတ်
       အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက် ပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပ ငွေကြေးများ စီးဝင်လာမှုေ ကြာင့်အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာတစ်ဒေါ်လာကို ၃၆ဒသမ ၂၀ ဘတ်နှုန်းရှိမယ်လို့ ကာဆီကွန်ဘဏ်ကခန့် မှ န်းပါတယ်။ ဒါပေမယ့် ရိုက်တာသတင်းဌာနက ပြုစုထားတဲ့ စာရင်းအရ အမေရိကန်ဒေါ်လာနဲ့ ဘတ်ငွေ ဖလှယ်နှုန်းကသြဂုတ် ၁၀ ရက်မှာ တစ်ဒေါ်လာကို ၃၄ ဒသမ ၇၄ ဘတ်နှုန်း ရှိခဲ့ရာမှ၁၁ရက်မှာ တစ်ဒေါ်လာကို ၃၄ ဒသမ ၇၆ ဘတ်နှုန်း အထိ တန်ဖိုးကျဆင်းခဲ့ပါတယ်။

 

ဉာဏ်တင်