Main menu

Background

မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Thu, 09/01/2016 - 09:22 -- journal_editor

      အာရှငွေကြေး အများစုက သြဂုတ် ၂၅ ရက်မှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် ပြည် ထောင်စု ဗဟိုဘဏ် အတိုးနှုန်းနဲ့ ပတ် သက်ပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက  ဘယ်လို ဆောင်ရွက်ဦးမယ် ဆိုတာ ကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေ သေးတဲ့အတွက် တန်ဖိုးမြင့်တက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ဗဟို ဘဏ်က ၂၀၁၅ခုနှစ် ဒီဇင်ဘာက ဗဟို ဘဏ် အတိုးနှုန်းကို  ဆယ်နှစ်အတွင်း ပထမ ဆုံး အကြိမ်အဖြစ် တိုးမြှင့်ပေးခဲ့ ပါတယ်။ ယခုနှစ်အတွင်း အတိုးနှုန်း ထပ်မံ တိုးမြှင့်ပေးဖို့ ရှိ/မရှိက မရေမရာ ရှိနေဆဲ ဖြစ်ပါတယ်။ အမေရိကန် ဗဟိုဘဏ်များရဲ့ နှစ်ပတ်လည် ကွန်ဖရင့်ကို ဝိုင်ယိုမင်း ပြည်နယ်၊ ဂျက်ကဆန်ဟိုး မှာ သြဂုတ် ၂၆ ရက်မှာ ကျင်းပတဲ့အခါ ဒီကွန်ဖရင့်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက် ယယ်လင် ပြောကြားမယ့် မိန့်ခွန်းကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့် လေ့လာနေပါတယ်။ အကယ်၍ ဗဟိုဘဏ်အတိုးနှုန်းကို စက်တင်ဘာမှာ  တိုးမြှင့်ပေးဖို့ အလားအလာ မရှိဘူးဆိုရင် အာရှ ငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါ ဒေါ်လာ တန်ဖိုး   ကျဆင်းနေလိမ့်ဦးမယ်လို့ အရောင်းတာဝန်ခံတွေနဲ့ လေ့လာဆန်း စစ်သူတွေက ပြောပါတယ်။

တရုတ်ယွမ်
     ဟောင်ကောင် ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိတဲ့ Offshore ယွမ် က သြဂုတ် ၂၆ရက်မှာ သုညဒသမ ၁၅ ရာခိုင်နှုန်း  ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၆၈၁၄ယွမ်နှုန်း ရှိခဲ့ရာ တစ်လအတွင်း အနိမ့်ဆုံးနှု န်း ဖြစ်ခဲ့ပါတယ်။ ရှန်ဟဲမှာ ရောင်းဝယ်လျက် ရှိတဲ့ Onshore ယွမ်က သုည ဒသမ ၁၃ ရာခိုင်နှုန်း  ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၆၆၄၈ယွမ်နှုန်း ရှိခဲ့ပါတယ်။ တရုတ်ဗဟိုဘဏ်က ဘွန်း စာချုပ်တွေ ဝယ်ယူြ ပီး ေ ဈးကွက်အတွင်းသို့ ငွေကြေးဖြည့်ဆည်းပေးမယ်လို့ ကြေညာပြီးနောက်ပိုင်း ယွမ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။ တရုတ် ဗဟိုဘဏ်က ရည်ညွှန်း ဖလှယ်နှုန်းကို သြဂုတ် ၂၅ရက်က သုည ဒသမ ၂၇ရာခိုင်နှုန်း လျှော့ချ သတ်မှတ် ခဲ့ပြီး သြဂုတ်လ ၂၆ရက်မှာ သုည ဒသမ ၁၇ ရာခိုင်နှုန်း တိုးမြှင့်ကာ အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၆၄၈၈ ယွမ် နှုန်း သတ်မှတ်ပေးခဲ့ပါတယ်။

အိန္ဒိယရူပီး
      ပြည်တွင်းအီကွီတီ ရှယ်ယာ ဈေးတွေ မြင့်တက်နေချိန်မှာ ပို့ကုန် လုပ်ငန်းရှင်တွေနဲ့  ဘဏ်တွေက အမေ ရိကန် ဒေါ်လာကို ရောင်းချလာတဲ့ အတွက် သြဂုတ်၂၆ရက်မှာ ရူပီး တန်ဖိုး က သုညဒသမ ၀၇ ရူပီးနှုန်း မြင့်တက်ပြီး အမေရိကန် တစ်ဒေါ်လာကို ၆၆ဒသမ ၉၈ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပြည်ပဈေးကွက်တွေမှာ တခြား ငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါ ဒေါ်လာ တန်ဖိုးကျဆင်းမှုက ရူပီးတန်ဖိုး မြင့် တက်ဖို့ အထောက်အ ကူ ဖြစ်စေခဲ့ကြောင်း ငွေကြေး ဝယ်ရောင်းသမား တွေက ပြောပါတယ်။

ဂျပန်ယန်း
       သြဂုတ်၂၆ရက် နံနက်ပိုင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုးက ဂျပန် ယန်းနဲ့ ဖလှယ်ရာမှာ တန်ဖိုးမြင့်တက် ပေမယ့် ယူရိုနဲ့ ဖလှယ်ရာမှာ တန်ဖိုး ကျဆင်းပါတယ်။ သြဂုတ်၂၆ရက် နံနက်မှာ အမေ ရိကန် တစ်ဒေါ်လာကို ၁၀၀ ဒသမ ၄၆ ယန်းနှုန်း ရှိပြီး သုည ဒသမ ၀၆ ရာခိုင် နှုန်း တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ယူရိုငွေကြေးတန်ဖိုးက  ဂရင်းနစ် စံတော်ချိန် နေ့လယ် ၃နာရီမှာ တစ် ယူရိုကို ၁ ဒသမ ၁၂၈၁ ဒေါ်လာနှုန်း ရှိခဲ့ရာ သြဂုတ် ၂၅ရက်က ရှိခဲ့တဲ့ ၁ ဒသမ ၁၂၆၄ ဒေါ်လာနှုန်းထက်  မြင့်တက်ခဲ့ပါတယ်။ ယန်းငွေနဲ့ ဖလှယ်ရာ မှာ တစ်ယူရိုကို ၁၁၃ ဒသမ ၁၄  ယန်း နှုန်းမှ ၁၁၃ ဒသမ ၄၃ ယန်းနှုန်းသို့ မြင့် တက်ခဲ့ပါတယ်။

မလေးရှားရင်းဂစ်
          အမေရိကန် ဗဟိုဘဏ် အတိုး နှုန်း တိုးမြှင့်ပေးမယ့် အလားအလာ ရှိ/ မရှိကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုန်သည်တွေက စောင့်ကြည့် အကဲခတ်နေတဲ့အတွက် သြဂုတ် ၂၆ရက် နံနက်ပိုင်းက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုးက အပြောင်းအလဲ မရှိခဲ့ဘဲ တန့်နေပါတယ်။ သြဂုတ် ၂၆ရက် နံနက် ၉နာရီမှာ ရင်းဂစ်တန်ဖိုးက မပြောင်းလဲဘဲ အမေရိကန် တစ်ဒေါ်လာကို ၄ဒသမ ၀၁၅၀ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ သြဂုတ် ၂၆ရက်မှာ အမေရိကန်  ဗဟို ဘဏ် ဥက္ကဋ္ဌက အမှာစကားပြောကြားဖို့ရှိပြီး အဆိုပါ ပြောကြားချက်ပေါ် မူတည်ပြီး ဒေါ်လာတန်ဖိုး အတက်အကျရှိနိုင်တဲ့အတွက် အာရှငွေကြေး ကုန်သည်တွေ က ငြိမ်ပြီး လေ့လာနေတာ ဖြစ်ကြောင်း ငွေကြေး ဝယ်ရောင်းသ မား တစ်ဦးက ပြောပါတယ်။ တခြားငွေကြေးတွေနဲ့ ဖလှယ်ရာ မှာ ရင်းဂစ်တန်ဖိုးက အတက်အကျ အမျိုးမျိုး ရှိပါတယ်။

တောင်ကိုရီးယားဝမ်
           သြဂုတ် ၂၆ရက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ပြည်တွင်း ရှယ်ယာတွေကို သုံးရက်ဆက်တိုက် ပြန်လည်ရောင်းချခဲ့ကြတဲ့အတွက် တောင်ကိုရီးယား ရှယ်ယာတန်ဖိုးတွေ သုညဒသမ ၂၄ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတ ယ်။ ဒါပေမယ့် ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်တွေက ဒေါ်လာကို ပြန် လည်ရောင်းချတဲ့အတွက် ဝမ်တန်ဖိုး က ၂ဒသမ ၅၀ ဝမ်နှုန်း မြင့်တက်ပြီး အမေရိကန် တစ်ဒေါ်လာကို ၁၁၁၃ ဒသမ ၄၀ ဝမ်နှုန်း ရှိခဲ့ပါတယ်။

ထိုင်းဘတ်
         ပြည်တွင်း ဘွန်းစာချုပ်နဲ့ ရှယ်ယာဈေးကွက်များအတွင်းသို့ နိုင်ငံခြားငွေများ စီးဝင်လာတဲ့ အတွက် သြဂုတ် ၂၆ရက်မှာ ထိုင်းဘတ်ငွေ တန်ဖိုးက ၁၃ လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ တစ်ရက်အတွင်း အမြင့် ဆုံးနှုန်း ဖြစ်တဲ့ အမေရိကန် တစ် ဒေါ်လာကို ၃၄ဒသမ ၅၀ဘတ်နှုန်းအထိ ရောက်ခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုး မြင့်တက်မှုကြောင့် ပို့ကုန်ကျဆင်းမှု မဖြစ်ပေမယ့် စီးပွားရေး နာလန်ထူမှုအတွက် မကောင်းဘူးလို့ တိုင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက သြဂုတ် ၂၃ ရက်က ပြောခဲ့ပါတယ်။ ဒါကြောင့် အစိုးရက ဈေးကွက်အတွင်း ဝင်ရောက် စွက်ဖက်မှာကို စိုးရိမ်နေပါတယ်။

 

ဉာဏ်တင်