Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 09/21/2016 - 14:46 -- journal_editor

       စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအသီးသီးရှိ အဓိက ဗဟိုဘဏ်တွေက ထောက်ပံ့ကူညီနိုင် မယ့် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့စိုးရိမ်မှု နဲ့ ေ ရနံ ဈေးနှုန်းများကျဆင်းမှုတို့ကြောင့် စွန့်စားမှုများတဲ့ အာ ရှငွေကြေးတွေကိုဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံသူတွေက တွန့်ဆုတ်လျက်ရှိပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၅ ရက်မှာ ထွန်း သစ်စ အာရှငွေ ကြေးအများစု တန်ဖိုးကျဆင်းပါတယ်။ အမေရိကန်ဗဟိုဘဏ်နဲ့ ဂျပန်ဗဟို ဘဏ်တို့က စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်မှာ မူဝါဒတွေကို ပြန်လည်သုံးသပ်မှာ ြ ဖစ်ပါတယ်။ အိန္ဒိယပို့ကုန်တွေကို အထောက်အကူဖြစ်စေဖို့အတွက် ရူပီးငွေကြေးကို တန်ဖိုးချမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပြုမှာဖြစ်ကြောင်း ရုပ်သံ မှ ကြေညာပြီး နောက် ရူပီးတန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးဝန်ကြီးဌာနက ငြင်းချက်ထုတ်ပြီးနောက် ရူပီးငွေကြေးတန်ဖိုး အနည်းငယ် ပြန်လည်ဦးမော့ လာပါ တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗဟိုဘဏ်များက နောက် ထပ် စီးပွားရေး တွန်းအားပေး အစီအစဉ်တွေကို ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး သံသယ ဝင်စရာတွေကြီးထွားလာတဲ့အတွက် ဘွန်းစာချုပ်တွေနဲ့ ဒေသတွင်း ငွေကြေး တွေကို ရင်းနှီးမြှုပ်နှံသူတွေက ပြန်လည် ရောင်းချလျက်ရှိပါတယ်။ ဒါေြ ကာင့် ထွန်းသစ်စ အာရှငွေကြေးတွေအပေါ် ဖိအားပေးမှုတွေ ရှိလာနိုင်ပါတယ်။

တရုတ်ယွမ်
     ဟောင်ကောင်ဈေးကွက်မှာ ဘဏ်တွေက အမေရိကန်ဒေါ်လာကို ရောင်းချလာတဲ့အတွက် စက်တင်ဘာ ၁၄ ရက်မှာ တရုတ် ယွမ် off shoreရဲ့ တန်ဖိုး  ခိုင်မာလာခဲ့ပါတယ်။ တရုတ် ဗဟိုဘဏ်က စက်တင်ဘာ ၁၆ ရက်မှာ ပျမ်းမျှေ ငွကြေးဖလှယ်နှုန်းအဖြစ် အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၆၈၉၅ ယွမ်နှုန်း သတ်မှတ်ခဲ့ရာ  စက်တင်ဘာ ၁၅ ရက် က ဖလှယ်နှုန်းဖြစ်တဲ့ ၆ ဒသမ ၆၇၂၆ ယွမ်နှုန်းအောက် တန်ဖိုးကျဆင်း ခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၆၇၆၆ ယွမ်နှုန်းသတ်မှတ်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်က ဖလှယ်နှုန်းနဲ့နှိုင်းယှဉ်ရင် သုည ဒသမ ၈၈ ရာခိုင်နှုန်းပိုမိုမြင့်တက် ခဲ့ပါတယ်။ off shore ယွမ်ရဲ့ ဖလှယ်နှုန်း က အမေရိကန်  တစ်ဒေါ်လာကို ၆ ဒသမ ၆၇၆၁ ယွမ် နှုန်းရှိခဲ့ရာ onshore ယွမ်ရဲ့ တန်ဖိုး အောက် သုည ဒသမ ဝ၈ ရာခိုင်နှုန်း ကျဆင်းပါတယ်။

အိန္ဒိယရူပီး
      ပြည်တွင်းရှယ်ယာဈေးကွက်မှာ အိန္ဒိယရှယ်ယာဈေးနှုန်းတွေမြင့်တက် နေချိန်မှာ ပို့ကုန်လုပ်ငန်းရှင်များနဲ့ ဘဏ်များက အမေရိကန်ဒေါ်လာများကို ပိုမိုရောင်းချလာတဲ့အတွ က် စက်တင်ဘာ ၁၆ ရက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၁၆ ရူပီးနှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆၆ ဒသမ ၈၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ တခြားငွေ ကြေးတွေနဲ့ ဖလှ ယ်ရာမှာလည်း ဒေါ်လာ တန်ဖိုးကျဆင်းမှုက ရူပီးတန်ဖိုး မြင့် တက်မှုကို အထောက်အကူပေးခဲ့တယ် လို့  ငွေကြေးဝ ယ်ရောင်းသမားတွေက ပြောပါတယ်။

ဂျပန်ယန်း
      အာရှဒေသမှာ အမေရိကန် ဒေါ်လာတန်ဖိုး ဆက်လက်ကျဆင်း ခဲ့ရာ ဂျပန်ယန်းငွေနဲ့ ဖလှယ်ရာမှာ စက်တင်ဘာ ၁၆ ရက်က ဒေါ်လာ တန်ဖိုးကျဆင်းခဲ့ပါတယ်။ အမေရိက န်ဒေါ်လာနဲ့ယန်းငွေ ဖလှယ်နှုန်းက စက်တင်ဘာ ၁၅ ရက် မှာ နယူးယောက်ဈေးကွက်မှာ တစ် ဒေါ်လာ ၁၀၂ ဒသမ ၁၀ ယန်းနဲ့ အာရှ ဈေးကွက် မှာ ၁၀၂ ဒသမ ၂၈ ယန်းနှုန်း ရှိရာမှ နောက်တစ်နေ့ တိုကျိုဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၁၀၁ ဒသမ ၇၈ ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရိုနဲ့ အမေရိကန်ဒေါ်လာတို့ရဲ့ ဖလှယ်နှုန်းက စက်တင်ဘာ ၁၅ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၂၃၅ ဒေါ်လာ နှုန်းရှိခဲ့ရာ မှ နောက်တစ်နေ့မှာ ၁ ဒသမ  ၁၂၄၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ယူရိုနဲ့ ယန်း ငွေဖလှယ်နှုန်းက တစ်ယူရိုလျှင် ၁၁၄ ဒသ မ ၈၁ ယန်းမှ ၁၁၄ ဒသမ ၇၄ ယန်း သို့ ယူရိုတန်ဖိုး ကျဆင်းခဲ့ပါတယ်။

မလေးရှားရင်းဂစ်
     ပြည်တွင်းငွေကြေး ဝယ်လိုအား ကျဆင်းခြင်းနဲ့ ဘာဆာမလေးရှား စတော့ရောင်းဝယ်ရေးဒိုင်မှာ ပြည်တွင်း ရှယ်ယာများရဲ့ အလားအလာ မှေးမှိန်မှုတို့ကြောင့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ကြောင်း ဝယ်ရောင်း သမားတစ်ဦးက ပြောပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ် ဖလှယ်နှုန်းက စက်တင်ဘာ ၁၄ ရက်က အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ ၁၂၁၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီမှာ အမေ ရိကန်တစ်ဒေါ်လာ ကို ၄ ဒသမ ၁၃၄၀ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။  အခြားငွေကြေးများနဲ့   ဖလှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။

ကိုရီးယားဝမ်
      စက်တင်ဘာ ၁၆ ရက်မှာ တရုတ်၊ တရုတ်(တိုင်ပေ)၊ တောင်ကိုရီးယားနဲ့ ဟောင်ကောင်ရှိ ဈေးကွက်များကို အများပြည်သူ အားလပ်ရက်အဖြစ် ပိတ်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာရရှိတဲ့ သတင်းများအရ အမေရိကန်အတိုးနှု န်း မြှင့်တင်မှုနဲ့ပတ်သက်တဲ့ စိုးရိမ်မှုများ ကျဆင်းလာခြင်းနဲ့ဈေးကွက်မှာအဓိကကျတဲ့ ဆမ်ဆောင်းအီ လက်ထရွန်းနစ်ရဲ့ ရှယ်ယာဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် စက်တင်ဘာ ၁၃ ရက်မှာ တောင်ကိုရီးယား ရှယ်ယာ ေ ဈးတွေမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား ဝမ်တန်ဖိုးက  စက် တင်ဘာ ၁၂ ရက်နေ့ကနဲ့ နှိုင်းယှဉ်ရင် ၅ ဒသမ ၃၀ ဝမ်ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၁၁၁၈ ဒသမ ၈၀ ဝမ် နှုန်း ကျဆင်းခဲ့ပါတယ်။

ထိုင်းဘတ်
       ယခုရက်များအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ထိုင်းဘတ်ကို အသားတင်ဝယ်ယူမှု မြင့်မားလာတဲ့ အတွက် ထိုင်းဘတ်တန်ဖိုးမြင့်တက်ခဲ့ ပါတယ်။ စက်တင်ဘာ ၁၇ ရက်သတင်း များအရ အမေရိကန် တစ်ဒေါ်လာကို ၃၄ ဒသမ ၉၂ ဘတ်နှုန်းရှိခဲ့ပါတယ်။

 

ဉာဏ်တင်