Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Tue, 09/27/2016 - 11:09 -- journal_editor

အမေရိကန် ပြည်ထောင်စု ဗဟို ဘဏ် အတိုးနှုန်းမြှင့်တင်ရေး  ကိစ္စကို ဆုံးဖြတ်ချက်   မချနိုင်သည့်အတွက် ထွန်းသစ်စ အာရှငွေကြေးများ၏ ဝယ် လိုအားကို ပိုမိုမြင့်မားလာစေသဖြင့် စက်တင်ဘာ ၂၃ရက်တွင် ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း အာရှငွေကြေး များ၏ တန်ဖိုးများ မြင့်တက်ခဲ့သည်။ အမေရိကန်ဗဟိုဘဏ်  အရာရှိ များက ၂၀၁၇ ခုနှစ်အတွင်း အတိုးနှုန်း မြှင့်တင်ပေးမည့် အကြိမ်အရေအတွက် ကိုလည်း သုံးကြိမ်မှ နှစ်ကြိမ်အထိ ရှိမည် ဟုလျှော့ချခန့်မှန်းပြီးနောက်   အာရှ ငွေကြေးများ၏   တန်ဖိုးက   နှစ်လ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။တရုတ်ယွမ်ကို အပြည်ပြည်ဆိုင် ရာ   ငွေကြေးရန်ပုံငွေအဖွဲ့၏   အထူး ထုတ်လုပ်ခွင့်    (Special Drawing Rightsျ)     ငွေကြေးအုပ်စုအတွင်း အောက်တိုဘာ ၁ရက်မှစ၍ ထည့်သွင်း ခွင့်ပြုတော့မည် ဖြစ်သည်။ လောလော ဆယ်တွင်   ယွမ်ငွေကြေး၏   အလား အလာနှင့် ပတ်သက်၍    ယုံကြည်မှု အမျိုးမျိုးကွဲပြားနေေ သာ်လည်း ှီျွ အုပ်စုအတွင်း   ပါဝင်ခွင့်ရမည့် ကာလ ဝန်းကျင်တွင်   ယွမ်ငွေကြေးတန်ဖိုး   တည်ငြိမ်နေလိမ့်မည်ဟု အရောင်း တာဝန်ခံ အများစုက ယုံကြည်ထားသည်။
တရုတ်ယွမ်
စက်တင်ဘာ   ၂၃ ရက်တွင် ယွမ်ငွေကြေး တန်ဖိုး  အနည်းငယ်ကျ ဆင်းခဲ့သော်လည်း ယွမ်ကို ှီျွ အုပ်စု အတွင်း ပါဝင်ခွင့်မပြုမီ ကာလတွင် ဈေးကွက်က လေ့လာအကဲခတ်နေသည့် အတွက် အမေရိကန်တစ်ဒေါ်လာကို ၆ဒသမ ၆၇ ယွမ်နှုန်းဝန်းကျင် ရှိနေဆဲ ဖြစ်သည်။လက်ငင်း  ဈေးကွက်အဖွင့်တွင် ယွမ်ငွေကြေး တန်ဖိုးက အမေရိကန် တစ်ဒေါ်လာကို  ၆ဒသမ ၆၆၉၉ ယွမ် နှုန်း ရှိခဲ့သည်။ နေ့လယ်ဘက်တွင် ၆ ဒသမ ၆၇၀၁ ယွမ်နှုန်းအထိ ယွမ်တန်ဖိုး ကျဆင်း ခဲ့သည်။တရုတ်ဗဟိုဘဏ်က   ယွမ်ငွေ ကြေး ပျမ်းမျှဖလှယ်နှုန်းအတွက် အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၆၆၇၀ ယွမ်နှုန်း သတ်မှတ်ခဲ့ရာ စက်တင်ဘာလ ၂၂ ရက် ဈေးပိတ်ချိန်က သတ်မှတ်ပေး ခဲ့သော ၆ ဒသမ ၆၅၁၃ ယွမ်နှုန်း အောက် သုည ဒသမ ၃၅ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ဟောင်ကောင်တွင် ရောင်းဝယ် သောOffshore ယွမ်၏ ဖလှယ်နှုန်းမှာOnshore ယွမ်အောက် သုညဒသမ ၁၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းပြီး အမေရိ ကန် တစ်ဒေါ်လာကို ၆ဒသမ ၆၇၆၈ ယွမ်နှုန်းဖြစ်ခဲ့သည်။
အိန္ဒိယရူပီး
သွင်းကုန်လုပ်ငန်းများက  အမေ ရိကန်ဒေါ်လာကို   ပိုမိုဝယ်ယူလာကြ သည့်အတွက် ဘဏ်အချင်းချင်း နိုင်ငံ ခြားငွေ ဖလှယ်ရာမှာ စက်တင်ဘာ ၂၃ ရက်မှာ ရူပီးတန်ဖိုးက သုညဒသမ ၀၇ ရူပီးနှုန်း ကျဆင်းပြီး အမေရိကန် တစ် ဒေါ်လာကို ၆၆ဒသမ ၇၃ ရူပီးနှုန်း ရှိခဲ့ သည်။ပင်လယ်ရပ်ခြားဒေသမှာ အခြား ငွေကြေးအချို့နှင့် ဖလှယ်ရာ၌ ဒေါ်လာ တန်ဖိုး  မြင့်တက်လာခြင်းနှင့် ပြည်တွင်း ရှယ်ယာဈေးကွက် အဖွင့်တွင် အိန္ဒိယ ရှယ်ယာများ၏ တန်ဖိုးကျဆင်းခြင်း ကလည်း ရူပီးတန်ဖိုးကို ကျဆင်းအောင်   အထောက်အကူပေးခဲ့ကြောင်း ငွေကြေး ဝယ်ရောင်းသမားများက ပြောသည်။
ဂျပန်ယန်း
ယန်းငွေတန်ဖိုး   မြင့်တက်ပါက ဂျပန်ပို့ကုန်  လုပ်ငန်းရှင်များ၏ အကျိုး စီးပွားကို    ထိခိုက်နိုင်သည့်အတွက် ယန်းငွေတန်ဖိုး  မြင့်တက်မှုကို ထိန်း ချုပ်ရန် ဂျပန်အာဏာပိုင်တို့က ငွေကြေး ဈေးကွက်အတွင်း ဝင်ရောက် ထိန်းချုပ် မည်ဖြစ်ကြောင်း  အကြိမ်ကြိမ် သတိ ပေးခဲ့သည်။ ထို့ကြောင့် စက်တင်ဘာ ၂၃ရက်တွင် ယန်းငွေတန်ဖိုး ကျ ဆင်း ခဲ့သည်။ဒေါ်လာနှင့် ယန်း ဖလှယ်နှုန်းမှာ စက်တင်ဘာ ၂၂ ရက်က နယူးယောက် ဈေးကွက်တွင်  အမေရိကန်  တစ် ဒေါ်လာကို ၁၀၀ ဒသမ ၇၇ ယန်း ရှိခဲ့ ရာမှ နောက်တစ်နေ့ တိုကျိုဈေးကွက် တွင် ၁၀၁ ဒသမ ၁၈ယန်းနှုန်းအထိ အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက် ခဲ့သည်။ သို့သော်   အမေရိကန်ဗဟို ဘဏ်က ဆုံးဖြတ်ချက်မချမီနှင့် ဂျပန် ဗဟိုဘဏ် က ငွေကြေးဖောင်းပွမှု မြှင့် တင်ပေးမည့် မူဝါဒကို ကြေညာပြီး နောက်ပိုင်းရှိခဲ့သော ငွေလဲနှုန်းဖြစ် သည့် အမေရိကန် တစ် ဒေါ်လာ ၁၀၂ ယန်းနှုန်းအောက်  ကျဆင်းနေဆဲဖြစ် သည်။ယူရိုတန်ဖိုးနှ င့် ယန်းတို့ ဖလှယ် ရာတွင် ၁၁၂ဒသမ ၉ယန်းမှ ၁၁၃ဒသမ ၂၁ယန်းသို့ မြင့်တက်ပြီး အမေရိကန် ဒေါ်လာနှင့် ဖလှယ်ရာတွင်   တစ်ယူရို ကို အမေရိကန်  ဒေါ်လာ ၁ ဒသမ ၁၂၀၈ နှုန်းမှ ၁ဒသမ ၁၂၀၁ဒေါ်လာ နှုန်းသို့ ကျဆင်းခဲ့သည်။
မလေးရှားရင်းဂစ်
အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ဖလှယ်ရာတွင် စက်တင်ဘာ ၂၂ ရက် က အနည်းငယ် မြင့်တက်ပြီးနောက် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း ဈေး ကွက်တွင် ရင်းဂစ်တန်ဖိုး ပြန်လည် ကျဆင်းခဲ့သည်။ ဒေါ်လာနှင့် ရင်းဂစ်တို့ ၏ ဖလှယ်နှုန်းမှာ   စက်တင်ဘာ ၂၃ ရက် တွင် အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ ၁၀၆၀ ရင်းဂစ်နှုန်းထိ ရင်းဂစ် တန်ဖိုး ကျဆင်းခဲ့သည်။စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း ဈေးကွက်တွင် အခြားအဓိက ငွေကြေး များနှင့် ဖလှယ်ရာ၌ ရင်းဂစ်တန်ဖိုးမှာ အတက်အကျ အမျိုးမျိုးရှိခဲ့သည်။
ကိုရီးယားဝမ်
အမေရိကန်ပြည်ထောင်စု ဗဟို ဘဏ်က  အဓိကအတိုးနှုန်းကို ပြောင်း လဲခြင်း မရှိဘဲ  ဆက်လက် ထိန်းထား သည့်အတွက် စက်တင်ဘာ ၂၄ရက် နံနက်တွင်  တောင်ကိုရီးယား စတော့ ရှယ်ယာဈေးနှုန်းများ အနည်းငယ် မြင့် တက်ကာ ခြောက်ရက်မြောက်နေ့အဖြစ် ဆက်တိုက် မြင့်တက်ခဲ့သည်။ သို့သော် လည်း တောင်ကိုရီးယားဝမ်မှာမူ ယခင် နေ့ကနှင့် နှိုင်းယှဉ်ပါက  ၁ ဒသမ ၃၀ ဝမ်နှုန်း တန်ဖိုးကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၁၁၀၄ ဒသမ ၆၀ ဝမ် နှုန်းရှိခဲ့သည်။
ထိုင်းဘတ်
စက်တင်ဘာ ၂၂ရက်မှာ အမေ ရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဘတ်ငွေ တန်ဖိုးက တစ်ဒေါ်လာကို ၃၄ဒသမ ၆၄ဘတ်နှင့် ၃၄ဒသမ ၆၇ဘတ်အကြား အတက်အကျ ရှိခဲ့သည်။ စက်တင်ဘာ ၂၁ရက်က ဖလှယ်နှုန်းနှင့် နှိုင်းယှဉ်ပါ က သုညဒသမ ၃ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ ဘတ်ငွေတန်ဖိုး မြင့်တက်မှုက အမေရိကန်ပြည်ထောင်စုနှင့် အခြား နိုင်ငံကြီးများ၏ ငွေကြေး မူဝါဒ မရေရာ မှုကြောင့် ပေါ်ပေါက်ရခြင်း ဖြစ်သည့် အတွက် ရေရှည် တွင် ဈေးကွက် တုံ့ပြန်မှု ကို လေ့လာဖို့ လိုမည်ဖြစ်ကြောင်း ထိုင်း ဗဟို ဘဏ် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။