Main menu

Background

ငွေကြေး ရက်သတ္တပတ်

Thu, 10/06/2016 - 12:53 -- journal_editor

တရုတ်ယွမ်
         တရုတ်နိုင်ငံခြား ငွေကြေးရောင်း ဝယ်ရေးဌာနတွင် တရုတ်ငွေကြေး၏ ဗဟိုဖလှယ်နှုန်း သတ်မှတ်ချက်မှာ စက်တင်ဘာ ၃၀ ရက်က သုည ဒသမ ၇၈ ရာခိုင် နှုန်းကျဆင်း ပြီး အမေရိကန် တစ်ဒေါ်လာကို ၆ ဒသမ ၆၇၇၈ ယွမ် နှုန်း ရှိခဲ့သည်။ ယွမ်ငွေကြေးတန်ဖိုးမှာ ယခုတတိယသုံးလပတ်အတွင်း သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ရာ တရုတ် ဗဟိုဘဏ်က ငွေကြေးတန်ဖိုးကို တည် ငြိမ်အောင်ထိန်းထားလိုကြောင်း ပြသလျက်ရှိသည်။ လက်င င်း ယွမ်ဈေးကွက်တွင် ယွမ်တန်ဖိုးမှာ အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၆၆၉၈ ယွမ်နှုန်းရှိခဲ့ ရာ ယခင်နေ့ကထက် သုည ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အောက်တို ဘာ ပထမပတ်တွင် ဟောင်ကောင် ဈေးကွက်ကို အ များပြည်သူအားလပ် ရက်အဖြစ် ပိတ်ထားမည်ဖြစ်ရာ ဈေး ပြန်ဖွင့်မည့် အောက်တိုဘာ ၁၀ ရက် အထိ ယွမ်ဈေး ငြိမ်နေမည်ဟု ကုန်သည် တို့က ခန့်မှန်းသည်။

အိန္ဒိယရူပီး
        ပို့ကုန်လုပ်ငန်းရှင်များက အမေရိကန်ဒေါ်လာကို ရောင်းချလာသည့်အတွက် ဘဏ်အချင်းချင်းနိုင်ငံ ခြားငွေဖလှယ်ရေးဈေးကွက်မှာ စက်တင်ဘာ ၃၀ ရက်က ရူပီးတန်ဖိုး သည် သုည ဒသမ ၁၆ ရူပီးနှုန်းမြင့်တက် ပြီး အမေ ရိကန်တစ်ဒေါ်လာကို ၆၆ ဒသမ ၆၉ ရူပီးနှုန်းရှိခဲ့သည်။ ပြည်တွင်းသို့ နိုင်ငံခြားငွေစီးဝင် မှုက ရူပီးတန်ဖိုးမြင့်တက်ရန် အထောက်အကူဖြစ်သော်လည်း ပြည်တွင်းရှယ်ယာတန်ဖိုးကျဆင်းမှုနှင့် အဓိက ငွေကြေးတချို့နှင့်ပြည်ပဈေး ကွက်၌ ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုး မြင့်တက်မှုက ရူပီးတန်ဖိုးမြင့်တက်မှုကို အထိန်းအကွပ်ဖြစ်ခဲ့သည်။

ဂျပန်ယန်း
           စက်တင်ဘာ ၂၉ ရက် ငွေကြေး ဈေးကွက်များတွင် ယူရိုနှင့်ဖလှယ်ရာ၌ အမေရိကန်ဒေါ်လာတန်ဖိုး အနည်း ငယ်ကျဆင်းခဲ့သော်လည်း စတာလင် ပေါင်နှင့် ဂျပန်ယန်းတို့ ဖလှယ်ရာတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့် တက်ခဲ့သည်။ အမေရိကန်ဒေါ်လာနှင့်ယူရို ဖလှယ်ရာတွင် စက်တင်ဘာ ၂၈ ရက် က တစ်ယူရိုကို ၁ ဒသမ ၁၂၁၇ ဒေါ်လာ နှုန်းရှိရာမှ စက်တင်ဘာ ၂၉ ရက် ဂရင်း နစ်စံတော်ချိန် ၂၁ါ်၀၀နာရီတွင် တစ်ယူရိုကို ၁ ဒသမ ၁၂၂၃ ေ ဒါ်လာသို့ ရောက်ရှိခဲ့သည်။ သို့သော် ယန်းငွေနှင့် ဖလှယ်ရာတွင် အမေရိကန် ဒေါ်လာကို ၁၀၀ ဒသမ ၇၀ ယန်းနှုန်းမှ ၁၀၁ ဒသမ ၄ ယန်းနှုန်းအထိ ဒေါ်လာ တန်ဖိုး မြင့် တက်ခဲ့သည်။

မလေးရှားရင်းဂစ်
       ရေနံဈေးနှုန်းများ ကျဆင်းမှု ကြောင့် စက်တင်ဘာ ၃၀ ရက်တွင် ရင်းဂစ်တန်ဖိုးက အမေရိကန်ဒေါ်လာ နှင့်ဖလှယ်ရာတွင် ကျဆင်းခဲ့သည်။ အမေရိကန်ဒေါ်လာနှင့်ရင်းဂစ်ဖလှယ် နှုန်းမှာ စက်တင်ဘာ ၂၉ ရက်က အမေ ရိကန်ဒေါ်လာတစ်ဒေါ်လာကို ၄ ဒသမ ၁၂၂၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ် နေ့နံနက် ၉ နာရီတွင် အမေရိကန်တစ် ဒေါ်လာကို ၄ ဒသမ ၁၄၅၀ ရင်းဂစ်နှုန်း ရှိခဲ့သည်။ အခြား အဓိကငွေကြေးများ နှင့် ဖလှယ်ရာတွင်လည်း ရင်းဂစ်ငွေကြေး တန်ဖိုးကျဆင်းခဲ့သည်။

ကိုရီးယားဝမ်
       ဂျာမန်ဒွိုက်ချ်ဘဏ်၏ ဘဏ္ဍာ ရေးအခြေအနေယိုင်နဲ့လာမှုနှင့်ပတ် သက်ပြီး စိုးရိမ်မှုများကြောင့် စတော့ ရှယ်ယာဈေးများ ကျဆင်းလာသည့် အတွက် စက်တင်ဘာ ၃၀ရက်မှာ တောင်ကိုရီးယားရှယ်ယာများလည်း ကျဆင်းခဲ့ သည်။ တောင်ကိုရီးယား ဝမ်ငွေကြေးနှင့်အမေရိကန်ဒေါ်လာ ဖလှယ်နှုန်းမှာ တစ်ဒေါ်လာကို ၁၁၀၃ ဒသမ ၅၀ ဝမ်နှုန်းဖြစ်သည့်အတွက် ယခင်နေ့ကဖလှယ်နှုန်းအောက် ငါးဝမ် နှုန်းကျဆင်းခဲ့သည်။

ထိုင်းဘတ်
        ရိုက်တာသတင်းဌာနမှ ပြုစုထား သောကိန်းဂဏန်းများအရ အမေရိကန် ဒေါ်လာနှင့်ထိုင်းဘတ်ဖလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို ၃၄ ဒသမ ၆၉ ဘတ်နှုန်းရှိခဲ့သည့်အတွက် ယခင် နေ့က ဖလှယ်နှုန်းအောက် သုည ဒသမ ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။