Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Fri, 12/30/2016 - 12:53 -- journal_editor

တရုတ်ယွမ်
        အားလပ်ရက်  ရာသီမတိုင်မီ ဒီဇင်ဘာ ၂၃ရက် နံနက်က ပြည်မကြီးရှိ ဈေးကွက်တွင် အရောင်းအဝယ် ပါး သဖြင့် ယွမ်ငွေတန်ဖိုး အနည်းငယ် ကျ ဆင်းခဲ့သည်။ ဒီဇင်ဘာ ၂၃ရက် နံနက် ၁၁နာရီခွဲက ဟောင်ကောင်ရှိ On shore ယွမ်တန်ဖိုးမှာ သုညဒသမ ၀၃ ရာခိုင် နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ် လာကို ၆ဒသမ ၉၄၉၇ ယွမ်နှုန်း ရှိခဲ့ သည်။ သို့သော်လည်း ဟောင်ကောင်ရှိ Offshore ယွမ်တန်ဖိုးမှာ သုညဒသမ ၀၁ ရာခိုင်နှုန်း မြင့်တက် ပြီး အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၉၄၅၆ ရာခိုင် နှုန်း ရှိခဲ့သည်။ တရုတ်ဗဟိုဘဏ်ကမူ ဗဟိုဘဏ် သတ်မှတ်ဖလှယ်နှုန်းကို သုညဒသမ ၀၄ရာခိုင်နှုန်း လျှော့ချပြီး အမေရိကန် တစ်ဒေါ်လာကို ၆ဒသမ ၉၄၆၃ ယွမ်နှုန်း ရှိခဲ့သည်။

အိန္ဒိယရူပီး
         ပို့ကုန်လုပ်ငန်းရှင်များနှင့် ဘဏ် များက အမေရိကန်ဒေါ်လာကို အရောင်း များလာသည့်အတွက် ဒီဇင်ဘာ ၂၃ ရက်က ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ဖလှယ်ရေး ဈေးကွက်တွင် အမေရိကန် ဒေါ်လာနှင့် ဖလှယ်ရာ၌ ရူပီး တန်ဖိုးမှာ ၆ရူပီးနှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၆၇ ဒသမ ၉၃ ရူပီးနှုန်းအထိ ရောက်ရှိခဲ့ သည်။ ထို့ပြင် ပင်လယ်ရပ်ခြားဈေးကွက် ၌ အဓိကငွေကြေးအချို့နှင့် ဖလှယ်ရာ တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်း မှုက ရူပီးတန် ဖိုး မြင့်တက်မှုကို အထောက် အကူ ဖြစ်စေခဲ့သော်လည်း ပြည်တွင်း ရှယ်ယာ ဈေးနှုန်းများ တန်ဖိုးကျဆင်း မှုက ရူပီးတန်ဖိုး မြင့်တက်မှုကို အဟန့် အတား ဖြစ်စေခဲ့သည်။

ဂျပန်ယန်း
         စောစောပိုင်း အမြတ်ရစဉ် ဒေါ်လာ များကို ထုတ်ရောင်းခဲ့ပြီး နောက်ပိုင်း ပြန်လည် ဝယ်ယူလာကြသည့်အတွက် ဒီဇင်ဘာ၂၂ရက်က အခြား ငွေကြေး များနှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုး မှာ အနည်းငယ် အပြောင်းအ လဲ ရှိခဲ့သည်။ ယခုရက်သတ္တပတ် စောစောပိုင်း ကမူ ၁၄ နှစ်အတွင်း အမြင့်ဆုံးနှုန်း ဝန်းကျင်တွင် ရှိခဲ့သည်။ ဒေါ်လာယန်း ဖလှယ်နှုန်းမှာ ယခင် ရက်သတ္တပတ်က အမေရိကန် တစ်ဒေါ်လာကို ၁၁၈ဒသမ ၆၆ယန်း နှုန်း ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၂ရက်တွင် တစ် ဒေါ်လာကို ၁၁၇ဒသမ ၅၇ယန်းနှုန်းဖြင့် ဈေးငြိမ်နေသည်။ ယူရိုနှင့် ဖလှယ်ရာ တွင် ယူရိုတန်ဖိုးက သုညဒသမ ၁ ရာခိုင် နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၁၂၂ ဒသမ ၆၇ယန်းနှုန်း ရှိခဲ့သည်။

မလေးရှားရင်းဂစ်
      ဈေးကွက်တွင် ကုန်သည်များ ပါဝင်မှု နည်းလာခြင်းနှင့် ပြည်ပတွင် ဖြစ်ပေါ်နေသော အကြောင်းတရားများ က လွှမ်းမိုးမှုရှိခြင်းတို့ကြောင့် ခရစ္စမတ် မတိုင်မီ ဒီဇင်ဘာ ၂၃ရက်က ရင်းဂစ် တန်ဖိုး အနည်းငယ် ကျဆင်းခဲ့သည်။ အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ဖလှယ်နှုန်းမှာ ဒီဇင်ဘာ၂၂ ရက်တွင် တစ်ဒေါ်လာကို ၄ဒသမ ၄၇၄၀ ရင်းဂစ် နှုန်း ရှိခဲ့ရာမှ နောက်တစ်ရက်တွင် တစ် ဒေါ်လာကို ၄ဒသမ ၄၇၅၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ အခြားငွေကြေးများနှင့် ဖလှ ယ်ရာတွင်မူ အများအားဖြင့် ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့သည်။

ကိုရီးယားဝမ်
         ရင်းနှီးမြှုပ်နှံသူတို့က သတိထား ပြီး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသဖြင့် ဒီဇင်ဘာ ၂၃ရက်တွင် တောင် ကိုရီးယား ရှယ်ယာများ၏ တန်ဖိုးက အပြောင်းအလဲ မရှိသလောက်နီးပါး ဖြစ်နေသည်။ သို့သော် တောင်ကိုရီး ယား ဝမ်တန်ဖိုးကမူ အမေရိကန် တစ်ဒေါ်လာ ကို ၁၂၀၃ ဝမ်နှုန်း ရှိခဲ့သည့်အတွက် ဒီဇင်ဘာ   ၂၂ ရက်  ဈေးပိတ်ချိန်က ဖလှယ်နှုန်းနှင့် နှိုင်းယှဉ်ပါက ၃ဒသမ ၉၀ ဝမ်နှုန်း ကျဆင်းခဲ့သည်။

ထိုင်းဘတ်
         ရိုက်တာသတင်းဌာနက ပြုစု ထားသော ကိန်းကဏန်းများအရ ဘတ် ငွေတန်ဖိုးသည် ယခင်နေ့က ဖလှယ်နှုန်း နှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ၂၃ ရက် တွင် အမေရိကန်တစ်ဒေါ်လာကို ၃၆ ဒသမ ၀၁ ဘတ်နှုန်း ရှိပြီး သုညဒ သမ ၀၂ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့သည်။

 

ဉာဏ်တင်