Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပါတ်

Thu, 01/19/2017 - 15:50 -- journal_editor

   အမေရိကန်ပြည်ထောင်စု ရွေး ချယ်ခံသမ္မတ     ဒေါ်နယ်ထရမ့်၏ သတင်းစာရှင်းလင်းပွဲပြီးနောက် ဇန်န ဝါရီ ၁၂ ရက်မှာ အာရှငွေကြေး အများစု ၏တန်ဖိုးများ  မြင့်တက်လာသည်ကို တွေ့ရသည်။  အမေရိကန်သမ္မတတာဝန် ကို လွှဲပြောင်းယူတော့မည့် ထရမ့်သည် ဇန်နဝါရီ ၁၁ ရက်တွင် သတင်းစာရှင်း လင်းပွဲကို ကျင်းပရာတွင် ဖွံ့ဖြိုးတိုးတက် ရေးမူဝါဒများကို  အသေးစိတ်ပြော ကြားခြင်း၊ အခွန်လျှော့ချမှုနှင့်  အခြေခံ အဆောက်အအုံ အသုံး စရိတ်နှင့် ပတ် သက်၍ အကျယ်တဝင့် ရှင်းလင်းပြော ကြားခြင်း  မရှိသည့်အတွက် ရင်းနှီးမြှုပ်နှံ သူတို့ စိတ်ပျက်စရာဖြစ်ခဲ့သည်။
    အမေရိကန်ဒေါ်လာကို  ထိန်း ထားသူတို့က ငွေပြန်ဖော်မည့်   အနေ အထားရှိနေသည့်အတွက် ကာလတို အတွင်း ထွန်းသစ်စ အာရှငွေကြေး များ၏ တန်ဖိုးမှာ ဆက်လက်  မြင့်တက် နေဦးမည်ဖြစ်ကြောင်း စင်ကာပူအခြေ စိုက် ဆူမိတိုမိုမစ်ဆူအီ ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်းမှ အကြီးတန်း ကမ္ဘာ့ ဈေးကွက် လေ့လာဆန်းစစ်ရေးမှူး ဆာ တိုရှီအို ကာဂါဝါက ပြောသည်။ အမေ ရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက အာရှ ငွေကြေးအများစု၏ အတိုးနှုန်းမှာ ပိုမို မြင့်မားသည့်အတွက် အမေရိကန် ဒေါ်လာကို အကြာကြီးကိုင်စွဲထားခြင်း ဖြင့် အကျိုးမရှိနိုင်ကြောင်း အိုကာဂါ ဝါက ပြောသည်။

တရုတ်ယွမ်
    ထရမ့်၏ ပထမဆုံး သတင်းစာရှင်း လင်းပွဲပြီးနောက်  ဇန်နဝါရီ ၁၂ ရက် တွင် တရုတ်ယွမ်ငွေကြေး တန်ဖိုးမြင့် တက်ခဲ့သည်။
    ဟောင်ကောင်တွင် ရောင်းချ သော ဉ်ျ့သမန ယွမ်သည် ဇန်နဝါရီ ၁၂ ရက် နေ့လယ်တွင် အမေရိကန် တစ်ဒေါ်လာကို ၆ ဒသမ ၈၄၄၅ ယွမ် နှုန်းသို့ ရောက်ရှိကာ  ရက်သတ္တပတ် တစ်ပတ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ ရှန်ဟဲတွင် ရောင်းချသော ဥညျ့သမန ယွမ်တန်ဖိုးမှာ သုညဒသမ ၅၄ ရာခိုင် နှုန်းမြင့်တက်ပြီး  အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၉၇၇ ယွမ်နှုန်း ရှိခဲ့သည်။ နေ့လယ်ဘက်တွင်မူ တစ် ဒေါ်လာကို ၆ ဒသမ ၈၉၁၇ နှုန်းသို့ ရောက်ရှိကာ တစ်ပတ်အတွင်း အမြင့် ဆုံးဖြစ်ခဲ့သည်။  ဗဟိုဘဏ် ရည်ညွှန်း ဖလှယ်နှုန်းကိုမူ  ယခင်နေ့ကထက် သုည ဒသမ ၀၈၅ ရာခိုင်နှုန်း မြှင့်တင် ပြီး အမေရိကန် တစ်ဒေါ်လာကို  ၆ ဒသမ ၉၁၄၁ ယွမ်နှုန်း  သတ်မှတ်ခဲ့ သည်။
အိန္ဒိယရူပီး
    တိုင်းပြည်စီးပွားရေး ကိန်းဂဏန်း များ၏  အခြေအနေမှာ တိုးတက် ကောင်းမွန်မှုရှိသော်လည်း  ဘဏ်များ နှင့်  ပို့ကုန်လုပ်ငန်းရှင်များက အမေရိ ကန်ဒေါ်လာကို ဝယ်လိုအားမြင့်မားလာ တဲ့အတွက် ဇန်နဝါရီ ၁၃ ရက်မှာ အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် သုညဒသမ ၁၁ ရူပီးနှုန်း ကျဆင်းခဲ့ပြီး တစ်ဒေါ်လာကို  ၆၈ ဒသမ ၁၉ ရူပီးနှုန်း ရှိခဲ့သည်။ သွင်းကုန်   လုပ်ငန်း ရှင်များ၏ အမေရိကန်ဒေါ်လာ   ဝယ် လိုအားကြောင့် ရူပီးတန်ဖိုး  ကျဆင်းခဲ့ သော်လည်း   ပင်လယ်ရပ်ခြားဒေသ၌ အခြားငွေကြေးများနှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုး ကျဆင်းမှုနှင့် ပြည်တွင်း ရှယ်ယာဈေးကွက်တွင် အိန္ဒိယရှယ်ယာ တန်ဖိုး မြင့်တက်မှုကြောင့် ကျဆင်းမှု သက်သာခဲ့ကြောင်း ဝယ်ရောင်းသမား တို့က ပြောသည်။
    
ဂျပန်ယန်း
    တိုကျိုဈေးကွက်တွင်   ဇန်နဝါရီ ၁၃ ရက်က အမေရိကန်ဒေါ်လာနှင့် ယန်းငွေ ဖလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာကို ၁၁၄ ဒသမ ၅ ယန်း အထက်တွင် ရှိခဲ့သည်။
    ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီ က နယူးယောက်တွင် အမေရိကန် တစ်ဒေါ်လာကို ၁၁၄ ဒသမ ၇၀ ယန်း နှင့် တိုကျိုတွင် ၁၁၄ ဒသမ ၃၀ ယန်း နှုန်းရှိခဲ့ရာမှ နောက်တစ်နေ့ နံနက် ၉ နာရီတွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၄ ဒသမ ၆၇ ယန်းနှုန်း ရှိခဲ့သည်။
    ယူရိုငွေကြေးတန်ဖိုးမှာ ဇန်နဝါရီ ၁၂ ရက် ညနေက နယူးယောက်တွင် တစ်ယူရိုကို ၁ ဒသမ ၀၆၀၉ ဒေါ်လာ နှင့် ၁၂၁ ဒသမ ၇၄ ယန်းနှုန်းဖြင့်လည်း ကောင်း၊ တိုကျိုဈေးကွက်တွင် တစ်ယူရို ကို ၁ ဒသမ ၀၆၃၀ ဒေါ်လာနှင့် ၁၂၁ ဒသမ ၅၀ ယန်းနှုန်းဖြင့်လည်းကောင်း ရှိခဲ့ရာမှ နောက်တစ်နေ့တွင် တစ်ယူရို ကို ၁ ဒသမ ၀၆၁၆ ဒေါ်လာနှင့် ၁၂၁ ဒသမ ၇၅ ယန်းနှုန်းရှိခဲ့သည်။

မလေးရှားရင်းဂစ်
    ရက်သတ္တပတ်  မကုန်ဆုံးမီ  ပြည် တွင်းရင်းဂစ်ငွေကြေးကို ဝယ်လိုအား ကျဆင်းလာသည့်အတွက် ဇန်နဝါရီ ၁၃ ရက်ဈေးဖွင့်ချိန်တွင် အမေရိကန် ဒေါ်လာနှင့် ဖလှယ်ရာ၌ ရင်းဂစ်ငွေ ကြေးတန်ဖိုး ကျဆင်းခဲ့ကြောင်း ဝယ် ရောင်းသမားတစ်ဦးက ပြောသည်။
    ဇန်နဝါရီ ၁၂ ရက်က အမေရိ ကန်ဒေါ်လာနှင့် ရင်းဂစ်ဖလှယ်နှုန်းမှာ တစ်ဒေါ်လာကို ၄ဒသမ ၄၅၆၀ ရင်း ဂစ်နှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့ နံနက် ၉ နာရီတွင် တစ်ဒေါ်လာကို ၄ ဒသမ ၄၆၀၀ ရင်းဂစ်နှုန်းရှိခဲ့သည်။
    အခြားသော  ငွေကြေးများနှင့် ဖလှယ်ရာတွင်မူ  ရင်းဂစ်တန်ဖိုးမြင့် တက်ခဲ့သည်။
ကိုရီးယားဝမ်
    တောင်ကိုရီးယား  ရှယ်ယာများ မြင့်တက်လာချိန်တွင်   နိုင်ငံခြားနှင့် လက်လီရင်းနှီးမြှုပ်နှံသူတို့က ပြန်လည် ရောင်းချမှုမြင့်တက်လာသည့်အတွက် ဇန်နဝါရီ ၁၃ ရက်တွင် တောင်ကိုရီးယား ရှယ်ယာများ  တန်ဖိုးကျဆင်းခဲ့သည်။ သို့သော်လည်း ဝမ်ငွေကြေးတန်ဖိုးမှာမူ ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ၁၀ ဝမ်နှုန်း မြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၁၁၇၄ ဒသမ ၇၀ ဝမ်နှုန်းဖြစ်ခဲ့သည်။

ထိုင်းဘတ်
    အမေရိကန်ဒေါ်လာကို ဝယ်ယူ ထားသူများက ပြန်လည်ရောင်းချခြင်း နှင့် ထိုင်းအီကွီတီရှယ်ယာဈေးကွက် အတွင်းသို့ ငွေကြေးများစီးဝင်လာသည့် အတွက် ထိုင်းဘတ်တန်ဖိုး မြင့်တက် လာကြောင်း ကုန်သည်များက  ပြော သည်။ ထိုင်းဘတ်ငွေသည် အမေရိကန် တစ်ဒေါ်လာကို ၃၅ ဒသမ ၃၀ ဘတ် နှုန်းထိ ရောက်ရှိခဲ့ရာ နိုဝင်ဘာလလယ် နောက်ပိုင်း  ဘတ်တန်ဖိုးအမြင့်ဆုံးဖြစ် ခဲ့သည်။

ဉာဏ်တင်စုစည်းတင်ပြသည်.