Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 01/23/2017 - 14:52 -- journal_editor

ဇန်နဝါရီ ၂၀ ရက်တွင် အာရှငွေ ကြေးအများစု တန်ဖိုးမြင့်တက်လာ သည်။ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျနက်ယယ်လင်၏ ဝေဖန်သုံးသပ်ချက် များက အများမျှော်မှန်းထားသလောက် ပြင်းထန်မှု မရှိတော့သဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ၏ စတုတ္ထသုံးလပတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အများ ခန့်မှန်းထားသည်ထက် အနည်းငယ် တိုးတက်ကောင်းမွန်လာသည့်အတွက် ကြောင့်လည်းကောင်း ယခုကဲ့သို့ မြင့် တက်လာခြင်းဖြစ်သည်။
    အမေရိကန်ဗဟိုဘဏ်အတိုးနှုန်း ကို တဖြည်းဖြည်းချင်းသာ တိုးမြှင့်သွား တော့မည်ဖြစ်ကြောင်း ယယ်လင်၏ ဝေဖန်ချက်ထွက်ပေါ်ပြီး နောက်ပိုင်း တောင်ကိုရီးယားဝမ်အပါအဝင် အာရှ ငွေကြေးများ၏ တန်ဖိုးမြင့်တက်လာခဲ့ သည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စုသမ္မတအဖြစ် ဒေါ်နယ် ထရမ့် ကျမ်းသစ္စာကျိန်ဆိုမှုမပြုမီ ရင်းနှီးမြှုပ်နှံသူတို့က အရောင်းအဝယ် ကို သတိထား ဆောင်ရွက်လျက်ရှိသည်။   
တရုတ်ယွမ်
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာမကျိန်ဆိုမီ ဇန်နဝါရီ ၂၀ ရက်နံနက်က ဒေါ်လာနှင့်ဖလှယ်ရာ တွင် ယွမ်တန်ဖိုး မြင့်တက်ခဲ့သည်။
    ရှန်ဟဲတွင် ရောင်းဝယ်နေသော ဥညျ့သမန ယွမ်ငွေကြေးတန်ဖိုးသည် သုည ဒသမ ၀၅ ရာခိုင်နှုန်းမြင့်တက် ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၇၂၇ ယွမ်နှုန်းရှိခဲ့သည်။ ဟောင်ကောင်ရှိ ဉ်ျ့သမန  ယွမ်ဖလှယ် နှုန်းမှာ သုည ဒသမ ၁၂ ရာခိုင်နှုန်းမြင့် တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၃၉၁ ယွမ်နှုန်းရှိခဲ့သည်။
    တရုတ်ဗဟိုဘဏ်ကမူူ ရည်ညွှန်း ဖလှယ်နှုန်းကို သုည ဒသမ ၁၈ ရာခိုင်နှုန်းလျှော့ချပြီး အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၆၉၃ ယွမ်နှုန်း သတ်မှတ်ခဲ့သည်။
အိန္ဒိယရူပီး
    ပို့ကုန်လုပ်ငန်းရှင်များက အမေ ရိကန်ဒေါ်လာကို အရောင်းများလာ သည့်အတွက် ဇန်နဝါရီ ၂၀ ရက် နံနက် ပိုင်းက အမေရိကန်ဒေါ်လာနှင့် ဖလှယ် ရာတွင် ရူပီးတန်ဖိုးက သုည ဒသမ ၁၀ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆၈ ဒသမ ၈၃ ရူပီးနှုန်းရှိခဲ့သည်။
    ပင်လယ်ရပ်ခြား ဈေးကွက်များ တွင် အခြားအဓိကငွေကြေးများနှင့် ဖလှယ်ရာ၌ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုကလည်း ရူပီးတန်ဖိုးမြင့်တက် မှုကို အထောက်အကူပြုခဲ့သည်။ သို့ သော်လည်း ပြည်တွင်းအီကွီတီရှယ်ယာ တန်ဖိုးကျဆင်းမှုက ရူပီးတန်ဖိုးမြင့်တက် မှုကို ထိန်းကွပ်ခဲ့သည်။
ဂျပန်ယန်း
    ဇန်နဝါရီ ၂၀ ရက်နေ့တွင် အမေ ရိကန်ဒေါ်လာနှင့် ယန်းငွေတို့ ဖလှယ် ရာတွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၄ ဒသမ ၈၃ ယန်းနှုန်းရှိခဲ့သည့် အတွက် ယခင်နေ့က ဖလှယ်နှုန်းဖြစ် သော အမေရိကန်တစ်ဒေါ်လာကို ၁၁၃ ဒသမ ၆၇ ယန်းနှုန်းနှင့် နှိုင်းယှဉ် ပါက ယန်းငွေတန်ဖိုးကျဆင်းခဲ့သည်။ နယူးယောက်ဈေးကွက်တွင် ယူရိုငွေ ကြေးတန်ဖိုးက တစ်ယူရိုကို ၁ ဒသမ ၀၆၆၂ ဒေါ်လာနှုန်းမှ ၁ ဒသမ ၀၆၅၆ ဒေါ်လာနှုန်းသို့ တန်ဖိုးကျဆင်းခဲ့သည်။
မလေးရှားရင်းဂစ်
    ရင်းဂစ်၏ ရေတို ရှေ့အလားအလာ မှာ ကောင်းမွန်မှုမရှိသည့်အတွက် ဇန်နဝါရီ ၂၀ ရက်က ဒေါ်လာနှင့် ဖလှယ်ရာတွင် မလေးရှားရင်းဂစ်တန်ဖိုး မှာ အပြောင်းအလဲမရှိ တန့်နေကြောင်း ဝယ်ရောင်းသမားတို့က ပြောသည်။
    ရင်းဂစ်ငွေကြေးတန်ဖိုးမှာ ဇန်န ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၂ မိနစ်က ယခင်နေ့ကအတိုင်း အပြောင်းအလဲ မရှိဘဲ အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၄၄၇၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ် ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် ညတွင် ကျမ်းသစ္စာကျိန်ဆိုမည့်အပေါ် စိုးရိမ်မှု များရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံသူ တို့က အခြေအနေကို စောင့်ကြည့်နေ ကြောင်း ဝယ်ရောင်းသမားတို့က ပြော သည်။
    ဗြိတိသျှပေါင်စတာလင်မှတစ်ပါး အခြားငွေကြေးများနှင့် ဖလှယ်ရာတွင် အများအားဖြင့် ရင်းဂစ်တန်ဖိုးကျဆင်း ခဲ့သည်။
ကိုရီးယားဝမ်
    ဒေါ်နယ်ထရမ့်ကျမ်းသစ္စာမကျိန် ဆိုမီ ရင်းနှီးမြှုပ်နှံသူတို့က သတိထား ဆောင်ရွက်နေသည့်အတွက် တောင် ကိုရီးယားရှယ်ယာများ ဇန်နဝါရီ ၂၀ ရက်က တန်ဖိုးကျဆင်းခဲ့သည်။ သို့ သော်လည်း တောင်ကိုရီးယား ဝမ်ငွေ တန်ဖိုးမှာ  အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ၃ ဒသမ ၃၅ ဝမ်တန်ဖိုး မြင့်တက်ပြီး တစ်ဒေါ်လာကို ၁၁၇၂ ဒသမ ၂၅ ဝမ်နှုန်းရှိခဲ့သည်။
ထိုင်းဘတ်
    ရိုက်တာသတင်းဌာနက ပြုစုထား သော ကိန်းဂဏန်းအချက်အလက်များ အရ ထိုင်းဘတ်ငွေတန်ဖိုးသည် ဇန်န ဝါရီ ၂၀ ရက်က အမေရိကန်တစ် ဒေါ်လာကို ၃၅ ဒသမ ၃၂ ဘတ်နှုန်းရှိ ခဲ့သည့်အတွက် ယခင်နေ့ကရှိခဲ့သော တစ်ဒေါ်လာ ၃၅ ဒသမ ၃၈ ဘတ်နှုန်း ထက် သုည ဒသမ ၁၆ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်။