Main menu

Background

ငွေကြေးရက်သတ္တပတ်

Fri, 02/03/2017 - 13:38 -- journal_editor

တရုတ်ယွမ်
    တရုတ်နှစ်သစ်ကူးပွဲတော် မတိုင် မီ အရောင်းအဝယ်ပါးသဖြင့် ဇန်နဝါရီ ၂၆ ရက်က အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းပြီး တရုတ်ယွမ်ငွေကြေးတန်ဖိုး ခိုင်မာလာသည်။ တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ကို အမေရိကန် တစ်ဒေါ်လာလျှင် ၆ ဒသမ ၈၅၈၈ ယွမ်နှုန်းသတ်မှတ်ခဲ့ရာ ယခင်နေ့က သတ်မှတ်ခဲ့သော အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၅၉၆ ယွမ်နှုန်းနှင့် နှိုင်းယှဉ် ပါက ဒေါ်လာတန်ဖိုး ကျဆင်းပြီး ယွမ်တန်ဖိုးမြင့်တက်ခဲ့ သ ည်။ ငွေလက်  ငင်းဈေးကွက်တွင် အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၆၉၁ ယွမ်နှုန်း ဖြင့် ဈေးဖွင့်ခဲ့ပြီး ၆ ဒသမ ၈၇၉၉ ယွမ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

အိန္ဒိယရူပီး
    ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ရူပီးငွေတန်ဖိုးက သုညဒသမ ၁၆ ရူပီး နှုန်းကျဆင်းပြီး အမေရိကန်တစ် ဒေါ်လာကို ၆၈ ဒသမ ၂၃ ရူပီးနှုန်းရှိခဲ့ သည်။ ရူပီးတန်ဖိုးသည် နှစ်ရက်ကြာမြင့် တက်နေရာမှ လကုန်ရက်တွင်သွင်း ကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များက အမေရိကန်ဒေါ်လာကို ဝယ်လိုအားမြင့် တက်လာသည့်အတွက်ယခုကဲ့သို့ တန်ဖိုး ကျဆင်းခဲ့ရခြင်းဖြစ်သည်။ ဒေါ်လာတန်ဖိုးမြင့်တက်မှုက ရူပီး တန်ဖိုးြ မင့်တက်မှုအပေါ် အကျိုး သက်ရောက်မှုရှိခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင်အိန္ဒိယ ရှယ်ယာ ဈေးနှုန်းများ မြင့်တက်မှုက ရူပီးတန်ဖိုး ကျဆင်းမှုကို သက်သာစေခဲ့ကြောင်း ငွေကြေးဝယ်ရောင်းသမားတို့က ပြောသည်။

ဂျပန်ယန်း
    ဂျပန်ဗဟိုဘဏ်က ငါးနှစ်မှ ဆယ် နှစ်သက်တမ်းရှိ ဘွန်းစာချုပ်များကို တိုးမြှင့်ဝယ်ယူကြောင်း ကြေညာပြီး နောက်ပိုင်း ဇန်နဝါရီ ၂၇ ရက်က ဒေါ်လာနှင့်ယန်းဖလှယ်ရာတွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၅ ဒသမ ၀၄ ယန်းနှု န်း အထိ ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့၏ ဗဟိုဘဏ်အတိုးနှုန်း ကွာခြားချက် မြင့်မားမှုကြောင့်အမေရိ ကန်ရွေးကောက်ပွဲနောက်ပိုင်းမှစ၍ ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့သည်။ ဂျပန် ဗဟိုဘဏ်  ကြေညာချက်ကလည်း ဒေါ်လာတန်ဖိုးမြင့်တက်အောင် ထပ်မံ အားပေးခဲ့သည်။ယူရိုနှင့်   အမေရိကန်ဒေါ်လာ ဖလှယ်နှုန်းမှာ  ဇန်နဝါရီ  ၂၆ ရက်က တစ်ယူရိုကို  အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၅၈ နှုန်းရှိရာမှ နောက်တစ် နေ့တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၇၉ နှုန်းထိ ရောက်ရှိခဲ့သည်။

မလေးရှားရင်းဂစ်
    မကြာသေးမီ ကာလအတွင်းက ရင်းဂစ်တန်ဖိုးမြင့်တက်လာမှုကို အကြောင်းပြုပြီး ရင်းနှီးမြှုပ်နှံသူတို့က ရင်းဂစ်ငွေကြေးကို ထုတ်ရောင်းလာကြ သည့်အတွက် ဇန်နဝါရီ ၂၇ ရက်နံနက် ပိုင်းက အမေရိကန်ဒေါ်လာနှင့် ဖလှယ် ရာတွင် ရင်းဂစ်တန်ဖိုး အနည်းငယ် ကျဆင်းခဲ့သည်။အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ဖလှယ်ရာတွင် ဇန်နဝါရီ ၂၆ ရက်က အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၄၂၇၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ နောက်တစ် ရက်နံနက် ၉ နာရီ ၂ မိနစ်တွင် အမေရိ ကန်တစ်ဒေါ်လာကို ၄ဒသမ ၄၂၉၀ ရင်းဂစ်နှုန်းအထိ ရင်းဂစ်တန်ဖိုးကျဆင်း သည်။အခြားအဓိက ငွေကြေးများနှင့် ဖလှယ်ရာတွင်မူ ရင်းဂစ်တန်ဖိုး မြင့် တက်ခဲ့သည်။

ကိုရီးယားဝမ်
    ဆမ်ဆောင်း အီလက်ထရွန်းနစ် အပါအဝင် နာမည်ကြီး ကုမ္ပဏီကြီးများ ၏ရှယ်ယာများကို နိုင်ငံခြားရင်းနှီးမြှုပ် နှံသူများက ဝယ်ယူမှု များပြားလာသည့် အတွက် ဇန်နဝါရီ ၂၆ ရက်မှာ တောင် ကိုရီးယား ရှယ်ယာများ၏  တန်ဖိုးြ မင့်တက်ခဲ့သည်။ အလားတူ တောင်ကိုရီးယား ဝမ်ငွေကြေးမှာလည်း ဇန်နဝါရီ ၂၅ ရက် ဈေးပိတ်ချိန်က ဈေးထက် ၆ ဒသမ ၈ ဝမ်နှုန်းပိုမိုမြင့်တက်ပြီး အမေ ရိကန် တစ်ဒေါ်လာကို ၁၁၅၉ ဒသမ ၂၀ ဝမ်နှုန်းအထိရှိခဲ့သည်။ တော င် ကိုရီး ယားစတော့ဒိုင်ကို ဇန်နဝါရီ ၂၇ ရက်မှ ၃၀ ရက်အထိ နှစ်သစ်ကူးပိတ်ရက်အဖြစ် ပိတ်ထားသည်။

ထိုင်းဘတ်
    ရိုက်တာသတင်းဌာနက ပြုစု ထားသော ကိန်းဂဏန်းအချက်အလက် များအရ အမေရိကန်ဒေါ်လာနှင့် ထိုင်း ဘတ်ငွေဖလှယ်နှုန်းမှာ ဇန်နဝါရီ ၂၆ ရက်က တစ်ဒေါ်လာကို ၃၅ ဒသမ ၂၆ ဘတ်နှုန်းရှိခဲ့ရာမှ သုည ဒသမ ၁၀ ရာခိုင်နှုန်းကျဆင်းပြီး ၂၇ ရက်တွင် ၃၅ ဒသမ ၂၉ ဘတ်နှုန်းရှိခဲ့သည်။

 

ဉာဏ်တင်