Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပါတ်

Fri, 02/24/2017 - 10:38 -- journal_editor

        အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က နောက်တစ်ကြိမ်အတိုးနှုန်း တိုးမြှင့်ရေးနှင့် ပတ်သက်၍ မရေရာမှု များရှိနေသည့်အတွက် ဖေဖော်ဝါရီ ၁၆ ရက်မှာ အဓိကငွေကြေးများနှင့်ဖလှယ်ရာ၌ ဒေါ်လာတန်ဖိုးကျဆင်းခဲ့သည်။ အမေရိကန် ဗဟိုဘဏ်ကနောက်တစ်ကြိမ်တွင် ကျင်းပမည့်အစည်းအဝေး၌ အတိုးနှုန်းမြှင့်တင်ရေးကိစ္စနှင့်ပတ်သက်၍ ပြတ်ပြတ်သားသားပြောကြားခြင်းမရှိသည့်အတွက် လာမည့်တစ်လအတွင်းအမေရိကန်ဗဟိုဘဏ်အတိုး နှု န်းကို တိုးမြှင့်ပေးလိမ့်မည်မဟုတ်ဟု ရင်းနှီးမြှုပ်နှံသူတို့က လျှော့ချခန့်မှန်းကြသည်။ ဖေဖော်ဝါရီ ၁၅ ရက်က ကွန်ဂရက် ကြားနာစစ်ဆေးမှုတွင် ယယ်လင်က ပြောကြားရာ၌ တိုင်းပြည် စီးပွားရေး ကောင်းမွန်လာပြီး အလုပ်အကိုင် ရရှိမှု မြင့်မားကာ ဈေးနှုန်းများတည်ငြိမ်လာသည့်အတွက် ယခုနှစ်အတွင်းအတိုးနှုန်းကို နှစ်ကြိမ်ကျော် တိုးမြှင့်ပေးမည့် လက္ခဏာကိုပြသခဲ့သည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်မူ တောင်ကိုရီးယားဝမ်၊ အင်ဒိုနီးရှားရူပြားနှင့် မလေး ရှားရင်းဂစ်တို့ တန်ဖိုးအနည်း ငယ်ကျဆင်းခဲ့သည်။ ပို့ကုန်မြင့်တက်မှု နှင့် ဒေါ်လာတန်ဖိုးကျဆင်းနေမှုတို့ ကြောင့် စင်ကာပူဒေါ်လာမှာမူ တန်ဖိုး မြင့်တက်ခဲ့သည်။

တရုတ်ယွမ်
          တရုတ်ဗဟိုဘဏ်က ယွမ်တန်ဖိုး ကို စတုတ္ထမြောက်နေ့အဖြစ် မြှင့်တင် သတ်မှတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ဈေးကွက်အတွင်း၌ ယွမ် ငွေကြေးတန်ဖိုးကျဆင်းခဲ့သည်။ ရှန်ဟဲ တွင်ရောင်းချသော Onshore ယွမ်မှာ နံနက် ၁၀ နာရီမိနစ် ၅၀ က သုည ဒသမ ၁၆ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၆၃၁ ယွမ်နှုန်းရှိခဲ့သည်။ ဟောင်ကောင် တွင် ရောင်းချသော Offshore ယွမ်မှာ သုည ဒသမ ၀၃ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၅၀၆ ယွမ်နှုန်းရှိခဲ့သည်။ တရုတ်ဗဟိုဘဏ်ကမူ ရည်ညွှန်းဖလှယ်နှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၄၅၆ ယွမ်နှုန်း သတ်မှတ် ခဲ့သည်။

အိန္ဒိယရူပီး
   သွင်းကုန်လုပ်ငန်းရှင်များက အမေ ရိကန် ဒေါ်လာကို ဝယ်ယူမှုကြောင့် ဖေဖော် ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာ၌ ရူပီးတန်ဖိုးက သုည ဒသမ ၀၈ရူပီးနှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၆၇ ဒသမ ၁၅ ရူပီးနှုန်းရှိခဲ့သည်။ စတော့ဈေးကွက်တွင် ပြည်တွင်းရှယ်ယာ ဈေးနှုန်းများ မြင့်တက်မှုနှင့် ပြည်ပဈေးကွက်များတွင် အချို့ငွေကြေးများနှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုးကျဆင်းမှုတို့က ရူပီးတန်ဖိုးကျဆင်းမှုကို သက်သာရာရစေ ခဲ့ ကြောင်း ဝယ်ရောင်းသမားတို့က ပြော သည်။

ဂျပန်ယန်း
      ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းဈေးကွက်တွင် ယန်းငွေနှင့်ဖလှယ်ရာ၌ အမေရိကန်ဒေါ်လာ၏တန်ဖိုးမှာ ၁၁၃ ဒသမ ၅ယန်းနှုန်းအောက်တွင်ရှိခဲ့ရာ နယူးယောက်တွင် ယခင်နေ့ကရှိခဲ့သော ငွေကြေးဖလှယ်နှုန်းထက် ဒေါ်လာ တန်ဖိုးအနည်းငယ်မြင့်တက်ခဲ့သည်။ အမေရိကန်ဒေါ်လာနှင့်ယန်းငွေ ဖလှယ်နှုန်းမှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၅ နာရီက နယူးယောက်ဈေးကွက် တွင်တစ်ဒေါ်လာကို ၁၁၃ ဒသမ ၂၀ ယန်းနှင့်တိုကျိုဈေးကွက်တွင် ၁၁၃ ဒသမ ၉၄ ယန်းနှုန်းရှိခဲ့ရာမှ နောက်တစ်နေ့ဈေးဖွင့်ချိန်တွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၃  ဒသမ ၃၃ ယန်း နှုန်းရှိခဲ့သည်။ ယူရိုငွေကြေးတန်ဖိုးမှာ ဖေဖော်ဝါ ရီ ၁၆ ရက်ညနေက နယူးယောက် ဈေး ကွက်မှာ တစ်ယူရိုကို အမေရိ က န် ေ ဒါ်လာ ၁ ဒသမ ၀၆၆၇ နှင့် ၁၂၀ ဒသမ ၈၃ ယန်းနှုန်းဖြင့်လည်းကောင်း၊တိုကျိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၁၁ နှင့် ၁၂၀ ဒသမ ၉၀ ယန်းနှုန်းဖြင့်လည်းကောင်း ရှိခဲ့ရာမှ နောက်တစ်နေ့နံနက်တွင် ၁ ဒသ မ ၀၆၆၉ ဒေါ်လာနှင့် ၁၂၀ ဒသမ ၉၂ ယန်းနှုန်းရှိခဲ့သည်။

မလေးရှားရင်းဂစ်
    ရက်သတ္တပတ်မကုန်ဆုံးမီ ရင်းဂစ်ငွေကြေးဝယ်လိုအားကျဆင်းသည့်အတွက် ဖေဖော်ဝါရီ ၁၇ ရက်က  အမေရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် ရင်းဂစ်တန်ဖိုးအနည်းငယ်ကျဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောသ ည်။ အမေရိကန်ဒေါ်လာနှင့်ရင်းဂစ် ငွေကြေးဖလှယ်နှုန်းမှာ ဖေဖော်ဝါရီ ၁၆ ရက်က တစ်ဒေါ်လာကို ၄ ဒသမ ၄၅၁၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့ နံနက် ၉နာရီတွင် ၄ ဒသမ ၄၅၅၀ ရင်း ဂစ်နှုန်းရှိခဲ့သည်။ အခြားထွန်းသစ် စငွေကြေးများနှင့် ဖလှယ်ရာတွင် ရင်းဂစ်ငွေကြေးတန်ဖိုး ကျဆင်းခဲ့သည်။

ကိုရီးယားဝမ်
      လာဘ်ပေးလာဘ်ယူမှုအရှုပ်တော် ပုံနှင့်ပတ်သက်၍ ဆမ်ဆောင်းဂရုပ် အုပ်စုခေါင်းဆောင်ကို ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး နောက်ပိုင်း တောင်ကိုရီးယား ဝမ် ငွေတန်ဖိုးကျဆင်းခဲ့သည်။ အမေ ရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ဝမ် ငွေကြေးတန်ဖိုးမှာ ဖေဖော်ဝါရီ ၁၆ ရက်က ဖလှယ်နှုန်းအောက် ၄ ဒသမ ၈ ဝမ်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၄၆ ဒသမ ၃၀ ဝမ် နှုန်းရှိခဲ့သည်။

ထိုင်းဘတ်

      ဖေဖော်ဝါရီ ၁၇ ရက်က အမေ ရိကန်ဒေါ်လာနှင့်ဖလှယ်ရာတွင် အာရှ ငွေကြေးအများစု တန်ဖိုးကျဆင်းခဲ့သော် လည်း ရိုက်တာသတင်းဌာနက ပြုစု ထားသော စာရင်းများအရ ထိုင်းဘတ် ငွေတန်ဖိုး မှာ နေ့အလိုက်နှိုင်းယှဉ် ပါက အပြောင်းအလဲမရှိဘဲ အမေရိကန် တစ်ဒေါ်လာကို ၃၄ ဒသမ ၉၉ ဘတ် နှုန်းရှိခဲ့သည်။ 

 

ဉာဏ်တင်