Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 03/08/2017 - 13:17 -- journal_editor

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

မတ် ၂ ရက်က ငွေကြေးဈေး ကွက်တွင် အဓိကငွေကြေးများနှင့်ဖလှယ် ရာ၌ ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့သည့် အတွက်  အမေရိကန်ဒေါ်လာနှင့်ဖလှယ် ရာတွင် အာရှငွေကြေး  အများစု၏ တန်ဖိုးကျဆင်းခဲ့သည်။
ယခုလအကုန်တွင်   ဗဟိုဘဏ် အတိုးနှုန်းကို  တိုးမြှင့်ပေးရန်ဆန္ဒရှိ ကြောင်း အမေရိကန်ဗဟိုဘဏ်မှ တာ ဝန်ရှိသူများက ပြသလာပြီးနောက်ပိုင်း ယခုကဲ့သို့ ဒေါ်လာတန်ဖိုး   မြင့်တက် လာခြင်းဖြစ်သည်။
အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းများကို မကြာမီမြှင့်တင်ပေး တော့မည်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် အမေရိကန်စီးပွားရေး ခိုင်မာလာခြင်းကို ကိုးကားပြီး အမေရိ ကန် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးLael Brainard က မတ် ၁ ရက်နေ့က ပြော ကြားခဲ့သည်။ အလားတူ  နယူးယောက် ဗဟိုဘဏ် ဥက္ကဋ္ဌ  ဝီလီယံဒပ်တလေနှင့် ဆန်ဖရန်စစ္စကို ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျွန်ဝီ လီယံတို့ကလည်း မကြာမီအချိန်အတွင်း အတိုးနှုန်းများကို မြှင့်တင်ပေးမည့် အလားအလာရှိကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ပြောကြားခဲ့သည်။ ဗဟို ဘဏ်မူဝါဒ ရေးဆွဲသူတို့၏    ပြောကြား ချက်က ဒေါ်လာတန်ဖိုးမြင့်တက်မှုကို အထောက်အကူဖြစ်စေခဲ့သည်။   
တရုတ်ယွမ်
    အမေရိကန်    ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက်ယယ်လင်      မိန့်ခွန်းမပြောမီ ဒေါ်လာတန်ဖိုး  မြင့်တက်ခဲ့သည့်အတွက် ယွမ်ငွေတန်ဖိုးသည် မတ် ၃ ရက်က ကျဆင်းခဲ့ရာ ဇန်နဝါရီ ၁၆ရက်နောက် ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့သည်။
ရှန်ဟဲတွင် ရောင်းဝယ်လျက်ရှိသော Onshore  ယွမ်သည် မတ် ၃ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က ဒေါ်လာနှင့်ဖလှယ် ရာတွင် သုည ဒသမ ၂ ရာခိုင်နှုန်းကျ ဆင်းပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၉၈၂ ယွမ်နှုန်း ရှိခဲ့သည်။ ဟောင်ကောင်တွင်ရောင်းဝယ်လျက်ရှိ သော Offshore  ယွမ်တန်ဖိုးမှာ သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၉၇၄ ယွမ်နှုန်းရှိခဲ့သည်။ တရုတ်နိုင်ငံ ဗဟို ဘဏ်ကလည်း ရည်ညွှန်းဖလှယ်နှုန်းကို သုည ဒသမ ၁ ရာခိုင်နှုန်း လျှော့ချသတ် မှတ်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၈၉၆ ယွမ်နှုန်းသတ်မှတ်ပေးခဲ့ သည်။
အိန္ဒိယရူပီး
    သွင်းကုန်   လုပ်ငန်းရှင်များ၏ အမေရိကန်ဒေါ်လာဝယ်လိုအားမြင့် တက်မှုကြောင့်  မတ် ၃ ရက်က အိန္ဒိယ နိုင်ငံဘဏ်အချင်းချင်းနိုင်ငံခြားငွေဈေး ကွက်၌ ရူပီးတန်ဖိုးကသုည ဒသမ ၁၈ ရူပီးနှုန်းကျဆင်းပြီး အမေရိကန် တစ် ဒေါ်လာကို ၆၆ ဒသမ ၈၈ ရူပီးနှုန်း ဖြစ်ခဲ့သည်။ ထို့ပြင် အမေရိကန်ဗဟို ဘဏ်က ယခုလအတွင်း အတိုးနှုန်းမြှင့် တင်ပေးမည့်   မျှော်လင့်ချက်ကြောင့် ပြည်ပဈေးကွက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်မှုက    ရူပီးငွေကြေးအပေါ် ယုံကြည်မှုကို    ကျဆင်းစေခဲ့သည်။ စတော့ဈေးကွက်တွင် ပြည်တွင်းစတော့ ရှယ်ယာများတန်ဖိုးကျဆင်းမှုကလည်း ရူပီးငွေကြေးတန်ဖိုးအပေါ် အကျိုးသက် ရောက်မှုရှိခဲ့ကြောင်း ဝယ်ရောင်းသမား တို့ကပြောသည်။
ဂျပန်ယန်း
    မတ် ၃ ရက်က ယန်းငွေနှင့်ဖလှယ် ရာတွင် အမေရိကန်ဒေါ်လာ တန်ဖိုး သည် သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်း ပြီး တစ်ဒေါ်လာကို ၁၁၄ ဒသမ ၁၁ ယန်းနှုန်းရှိခဲ့သည်။ မတ် ၂ ရက်က ယန်းငွေနှင့်ဖလှယ်ရာတွင် အမေရိကန် တစ်ဒေါ်လာကို ၁၁၄ ဒသမ ၅၉ ယန်း နှုန်းဖြင့် ဖေဖော်ဝါရီ ၁၅ ရက်နောက်  ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ် သည်။ ယူရိုငွေကြေးတန်ဖိုးသည် သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ယူရိုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၂၀ ရှိခဲ့သည်။ မတ် ၂ ရက်က တစ် ယူရိုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄၉၅ အထိကျဆင်းခဲ့ရာမှ ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။
မလေးရှားရင်းဂစ်
    အမေရိကန်ဗဟိုဘဏ်က အတိုး နှုန်းများပြန်လည်မြှင့်တင်ပေးတော့မည် ဟူသော မျှော်လင့်ချက်ကြောင့် အမေ ရိကန်ဒေါ်လာတန်ဖိုး   ခိုင်မာလာပြီး နောက်ပိုင်း ဒေါ်လာနှင့်ဖလှယ်ရာတွင် ရင်းဂစ်တန်ဖိုးမှာ နှစ်ရက်ဆက်တိုက် ကျဆင်းခဲ့ကြောင်း  ဝယ်ရောင်းသမား တို့ကပြောသည်။
ရင်းဂစ်တန်ဖိုးသည် မတ် ၂ ရက် က အမေရိကန်  တစ်ဒေါ်လာကို ၄ ဒသမ ၄၄၇၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ နောက် တစ်နေ့နံနက် ၉နာရီ ၈ မိနစ်တွင် တစ် ဒေါ်လာကို ၄ ဒသမ ၄၄၈၀ ရင်းဂစ်နှုန်း ရှိခဲ့သည်။ သို့သော် ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုနှင့် မလေးရှားဗဟိုဘဏ်က ရည်ညွှန်းအတိုးနှုန်းကို သုံးရာခိုင်နှုန်း အတိုင်း ဆက်လက်ထိန်းသိမ်းထား သဖြင့် ရင်းဂစ်တန်ဖိုး  ကျဆင်းမှုကို သက်သာရာရစေခဲ့သည်။
အခြားငွေကြေးများနှင့် ဖလှယ်ရာ တွင် ရင်းဂစ်ငွေကြေးတန်ဖိုးက အများ အားဖြင့်မြင့်တက်ခဲ့သည်။
ကိုရီးယားဝမ်
    တောင်ကိုရီးယားကုမ္ပဏီကြီးများ ၏ ရှယ်ယာများမှာ ယခင်နေ့ကဝေါ စထရိဈေးကွက်တွင် တန်ဖိုးကျဆင်းခဲ့ ပြီးနောက် မတ် ၃ ရက်တွင်လည်း တောင်ကိုရီးယားစတော့ရှယ်ယာများ ကျဆင်းခဲ့သည်။ တောင်ကိုရီးယားဝမ် ငွေကြေးမှာလည်း ယခင်နေ့ဈေးပိတ်ချိန် ကထက် ၁၁ ဒသမ ၆၅ ဝမ်နှုန်းကျဆင်း ပြီး မတ် ၃ ရက်တွင် အမေရိကန်တစ် ဒေါ်လာကို ၁၁၅၃ ဒသမ ၂၀ ဝမ်နှုန်း ရှိခဲ့သည်။
ထိုင်းဘတ်
    ရိုက်တာသတင်းဌာနက ပြုစုထား သော ကိန်းဂဏန်းများအရ အမေရိကန် ဒေါ်လာနှင့် ဖလှယ်ရာတွင် ဘတ်ငွေ တန်ဖိုးသည် မတ် ၂ ရက်က တစ်ဒေါ်လာ ကို ၃၄ ဒသမ ၉၈ ဘတ်နှုန်းရှိခဲ့ရာမှ သုည ဒသမ ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး မတ် ၃ ရက်တွင် အမေရိကန် တစ် ဒေါ်လာကို ၃၅ ဒသမ ၀၃ ဘတ်နှုန်းရှိ ခဲ့သည်။

ဉာဏ်တင်