Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 03/15/2017 - 13:37 -- journal_editor

    အမေရိကန်ပြည်ထောင်စု လုပ်ငန်း ရှင်များ၏ ဖေဖော်ဝါရီအတွင်း အလုပ် အကိုင်ခန့်ထားမှုမှာ မျှော်လင့်ထားသည် ထက်ပိုမိုခဲ့ကြောင်း ပုဂ္ဂလိက အလုပ်အကိုင် အစီရင်ခံစာတစ်ခုထွက် ပေါ်ခဲ့ပြီးနောက် ပိုင်း အစိုးရက ထုတ်ြ ပန် မည့်အလုပ် အကိုင်ကိန်းဂဏန်းများ ထွက်ပေါ်လာ ချိန်တွင်လည်း အလားတူ တိုးတက်မှု မျိုးရှိလာနိုင်သည့်အတွက် မတ် ၁၀ ရက်က အာရှငွေကြေးများ တန်ဖိုးကျ ဆင်းခဲ့သည်။မတ် ၁၄ ရက်နှ င့် ၁၅ ရက်တွင် ကျင်းပမည့် အမေရိကန်ဗဟိုဘဏ်၏ နှစ်ရက်ကြာ အစည်းအဝေးတွင် အတိုး နှုန်းမြှင့်တင်ပေးလိမ့်မည်ဟူသော ရင်း နှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက်မှာ ပိုမို မြင့်တက်လာခဲ့သည်။ ဥရောပ ဗဟို ဘဏ် (အီးစီဘီ) အစည်းအဝေးမှာလည်း ကျင်းပချိန်နီးနေပြီဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူတို့က လုပ်ငန်းဆောင် ရွက်ရာတွင် သတိထား၍ ဆောင်ရွက် လျက်ရှိသည်။
တရုတ်ယွမ်
    လာမည့် သီတင်းပတ်တွင် အမေ ရိကန်ပြည်ထောင်စု ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်တော့မည့် အလား အလာများ ကြီးထွားလျက်ရှိသဖြင့် ကမ္ဘာ့ဈေးကွက်များတွင် ဒေါ်လာတန်ဖိုး မြင့်တက်လာသည့်အတွက် တရုတ်နိုင်ငံ ၏ ဝမ်ငွေကြေးတန်ဖိုးမှာ မတ် ၁၀ ရက် တွင် ကျဆင်းခဲ့သည်သို့သော်လည်း တရုတ်ဗဟိုဘဏ် ကမူ ရည်ညွှန်းဖလှယ်နှုန်းကို မတ်လ ၁၀ ရက်က အမေရိကန်တစ်ဒေါ်လာ လျှင် ၆ ဒသမ ၉၁၂၃ ယွမ်နှုန်းသတ်မှတ် ပေးခဲ့ရာ ယခင်နေ့က နှုန်းဖြစ်သော ၆ ဒသမ ၉၁၂၅ ယွမ်နှုန်းထက် ယွမ် တန် ဖိုး မြင့်မားခဲ့သည်။
    လက်ငင်းဈေးကွက်တွင်မူ  မတ် ၁၀ ရက် နေ့လယ်ပိုင်းက အမေရိကန် တစ်ဒေါ်လာကို ၆ ဒသမ ၉၁၂၃ ယွမ် နှုန်းကို ရောက်ရှိခဲ့သဖြင့် ယခင်နေ့ဈေး ပိတ်ချိန်ကနှင့်နှိုင်းယှဉ်ပါက ယွမ်တန်ဖိုး သုညဒသမ ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ ရက်သတ္တပတ်အလိုက် ကြည့် ပါက ယွမ်တန်ဖိုးသည် နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ဒုတိယမြောက် ရက်သတ္တ ပတ်အဖြစ် တန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ် သည်။ သို့သော်လည်း ဉ်ျ့သမန ယွမ် တန်ဖိုးမှာ သုည ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန် တစ်ဒေါ်လာ ကို ၆ ဒသမ ၉၀၃၁ ယွမ်နှုန်းရှိခဲ့သည်။
အိန္ဒိယရူပီး
    စတော့ဈေးကွက်တွင် ပြည်တွင်း ရှယ်ယာများ ဈေးနှုန်းမြင့်တက်နေချိန် ၌  ဘဏ်များနှင့် ပို့ကုန်လုပ်ငန်းရှင် များက  ဒေါ်လာရောင်းချမှု   မြင့် တက်လာသည့်အတွက် နိုင်ငံခြားငွေ ဈေးကွက်တွင် ရူပီး ငွေကြေးတန်ဖိုးက သုညဒသမ ၀၄ ရူပီးနှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆၆ ဒသမ ၆၇ ရူပီးနှုန်းရှိခဲ့သည်။
    ပြည်ပဈေးကွက်တွင် အခြားငွေ ကြေးများနှင့် ဖလှယ်ရာ၌ ဒေါ်လာ တန်ဖိုးကျဆင်းမှုကလည်း ရူပီးတန်ဖိုး မြင့်တက်မှုကို အထောက်အကူ ဖြစ်စေ ခဲ့ကြောင်း  ဝယ်ရောင်းသမားတို့က ပြောသည်။
ဂျပန်ယန်း
    မတ် ၁၀ ရက်က ဈေးကွက်တွင် အာရှဒေသရှိ အခြားငွေကြေးများနှင့် ဖလှယ်ရာ၌ ယန်းငွေကြေးတန်ဖိုး ကျ ဆင်းခဲ့သည်။ ယန်းငွေကြေး၏ ဖလှယ် နှုန်းမှာယူရိုနှင့် ဖလှယ်ရာတွင် တစ်လ ကျော်အတွင်း အနိမ့် ဆုံးနှုန်းြ ဖစ် သော  တစ်ယူရိုကို ၁၂၂ ဒသမ ၂၃ ယန်းနှင့် ဆွစ်ဖရန့်နှင့် ဖလှယ်ရာတွင် ရက်သတ္တ ပတ် ငါးပတ်အတွင်း အနိမ့်ဆုံးဖြစ်သော တစ်ဆွစ်ဖရန့်ကို ၁၁၃ ဒသမ ၉၉ ယန်း နှုန်းရှိခဲ့သည်။ယန်းငွေကြေး တန်ဖိုးသည် ဆက် လက်ကျဆင်းမည်ဆိုပါက တစ်ယူရိုကို ၁၂၄ ဒသမ ၀၀ ယန်းနှင့် တစ်ဒေါ်လာ ကို ၁၁၄ ဒသမ ၅၀ ယန်းနှုန်းအထိ ယန်းငွေတန်ဖိုး ကျဆင်းနိုင်သည်။
မလေးရှားရင်းဂစ်
    အမေရိကန်နိုင်ငံ၏  အလုပ် အကိုင်နှင့် ပတ်သက်သော ကိန်းဂဏန်း များ ထုတ်ပြန်ခါနီးအချိန်တွင် ရင်းနှီး မြှုပ်နှံသူတို့က ရင်းဂစ်ငွေကြေးကို စိတ် ဝင်စားလာကြသည့်အတွက် အမေရိ ကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ရင်းဂစ် တန်ဖိုး အနည်းငယ်မြင့်တက်ခဲ့သည်။
ရင်းဂစ်နှင့် ဒေါ်လာဖလှယ်နှုန်းမှာ မတ် ၉ ရက် ညနေ ၆ နာရီက အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ ၄၅၉၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ နောက်တစ်နေ့ နံနက် ၉ နာရီ ၆ မိနစ်တွင် အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ ၄၅၈၀ ရင်း ဂစ်နှုန်းထိ ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ သည်။
    အခြားငွေကြေးများနှင့် ဖလှယ် ရာတွင်မူ ရင်းဂစ်တန်ဖိုးမှာ အတက် အကျ အမျိုးမျိုးရှိခဲ့သည်။
ကိုရီးယားဝမ်
    တောင်ကိုရီးယားနိုင်ငံ အခြေခံ ဥပဒေ တရားရုံးက သမ္မတ ပတ်ဂွင်ဟေး အား ပြစ်တင်ရှုံ့ချမှုကို မဲခွဲဆုံးဖြတ်ခဲ့ပြီး နောက် နိုင်ငံရေးရုန်းရင်း ဆန်ခတ် မှု များလျော့ပါးသွားသည့်အတွက် မတ် ၁၀ရက်က တောင်ကိုရီးယား၏ စတော့ ရှယ်ယာဈေးများမြင့်တက်ခဲ့သည်။
    တောင်ကိုရီးယား ဝမ်ငွေတန်ဖိုးမှာ လည်း မတ်လ ၉ ရက် ဈေးပိတ်ချိန်က ရှိခဲ့သော ဈေးနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၇ ဝမ်နှုန်းမြင့်တက်ပြီး အမေရိ ကန်တစ်ဒေါ်လာကို ၁၁၅၇ ဒသမ ၄၀ ဝမ်နှုန်းရှိခဲ့သည်။
ထိုင်းဘတ်
    မကြာသေးမီ  ကာလအတွင်း ရင်းနှီးမြှုပ်နှံသူတို့က ထိုင်းရှယ်ယာ များကို ပြန်လည်ရောင်းချခဲ့သည့် အတွက် ထိုင်းဘတ်ငွေကြေး တန်ဖိုးမှာ လည်း သုညဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၃၅ ဒသမ ၃၆၆ ဘတ်နှုန်းရှိခဲ့ရာ ဇန်န ဝါရီ ၂၀ ရက်နောက်ပိုင်း အနိမ့်ဆုံးဖြစ် ခဲ့သည်။ ဘတ်ငွေတန်ဖိုးသည် ရက် သတ္တပတ်အလိုက် နှိုင်းယှဉ်ပါက လေး လအတွင်း အနိမ့်ဆုံးနှုန်းသို့  ရောက် ရှိမည့် အလားအလာကို တွေ့ရသည်။