Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 03/30/2017 - 15:09 -- journal_editor

      အမေရိကန်ပြည်ထောင်စုက ကျန်းမာရေးစောင့်ရှောက်မှုဥပဒေမူ ကြမ်းကို မဲခွဲဆုံးဖြတ်မှုမတိုင်မီ မတ် ၂၄ ရက်က အာရှဒေသရှိငွေကြေးအများစု ၏ တန်ဖိုးက အတက်အကျမရှိတန့်နေ ရာမှ အနည်းငယ်ကျဆင်းခဲ့သည်။ ယခု ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ကြမ်းကို ကြည့်၍ ဒေါ်နယ်ထရမ့် ဆောင်ရွက်လျက်ရှိသော အခွန်လျှော့ ချမှုနှင့် အခြေခံအဆောက်အအုံဆိုင် ရာ စီးပွားရေးဖွံ့ဖြိုးမှုမူဝါဒများကို အကောင်အထည်ဖော်ရာတွင် နှောင့် နှေးကြန့်ကြာ မှုများရှိလာမည်ကို ရင်းနှီး မြှုပ်နှံသူတို့က စိုးရိမ်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က ယခင်ရက်သတ္တပတ်အတွင်းက အတိုးနှုန်း များမြှင့်တင်ပေးပြီး တဖြည်းဖြည်းချင်း လည်း ထပ်မံတိုးမြှင့်ပေး သွားဦးမည် ဖြစ်ကြောင်း ကြေညာပြီးနောက်ပိုင်း အာရှငွေကြေးများ၏ တန်ဖိုးမြင့်တက် ခဲ့သည်။ သို့သော်လည်း ယခုဖြစ်ပေါ် နေသော မရေရာမှုများက စွန့်စားမှုများ သော ထွန်းသစ်စငွေကြေးများအား ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ဝင်စားမှုကို ကျဆင်းစေခဲ့သည်။
တရုတ်ယွမ်
    ကမ္ဘာ့ဈေးကွက်တွင် အမေရိကန် ဒေါ်လာအညွှန်းကိန်းမြင့်တက်လာမှု ကြောင့် ဒေါ်လာနှင့်ဖလှယ်ရာတွင် မတ် ၂၄ ရက်က ယွမ်ငွေတန်ဖိုးကျဆင်း ခဲ့သည်။  တရုတ်ဗဟို ဘဏ်က ဗဟိုဘဏ် ၏ ရည်ညွှန်းဖလှယ်နှုန်းကို မတ် ၂၄ ရက်တွင် အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၈၄၅ ယွမ်နှုန်းသတ်မှတ်ခဲ့ ရာ ယခင်နေ့ကရှိခဲ့သော ဖလှယ်နှုန်း ဖြစ်သော အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၈၅၆ ယွမ်နှုန်းထက် ယွမ်ငွေ တန်ဖိုးမြင့်တက်ခဲ့သည်။ သို့သော်လည်း လက်ငင်း ဈေးကွက်တွင် အဖွင့်ဈေးမှာ အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၈၇၅ ယွမ်နှုန်းရှိပြီး နေ့လယ်ပိုင်းတွင် ၆ ဒသမ ၈၉၂၄ ယွမ်နှုန်းအထိ ယွမ် တန်ဖိုး ကျဆင်းခဲ့သည်။ ဟောင်ကောင် တွင် ရောင်းဝယ်လျက်ရှိသော ဉ်ျ့သမန ယွမ်တန်ဖိုးမှာ သုည ဒသမ ၁၉ ရာခိုင် နှုန်းကျဆင်းပြီး အမေရိကန်  တစ်ဒေါ်လာ ကို ၆ ဒသမ ၈၇၉၆ ယွမ်နှုန်းရှိခဲ့သည်။
အိန္ဒိယရူပီး
    ရှယ်ယာဈေးကွက်၌ ပြည်တွင်း အီကွီတီရှယ်ယာများခိုင်မာနေချိန်တွင် အမေရိကန်ဒေါ်လာကို ပို့ကုန်လုပ်ငန်း ရှင်များနှင့် ဘဏ်များက ပြန်လည် ရောင်းချလာသည့်အတွက် မတ် ၂၄ ရက် ဈေးကွက်တွင် ရူပီးတန်ဖိုးက သုည ဒသမ ၀၅ ရူပီးနှုန်းမြင့်တက်ပြီး၊ အမေ ရိကန်တစ်ဒေါ်လာကို ၆၅ ဒသမ ၄၇ ရူပီးနှုန်းရှိခဲ့သည်သို့သော်လည်း ပြည်ပဈေးကွက် တွင်ဒေါ်လာတန်ဖိုးမြင့်တက်မှုက ရူပီး တန်ဖိုးမြင့်တက်မှုကို အဟန့်အတားဖြစ် စေခဲ့ကြောင်း ငွေကြေးဝယ်ရောင်းသမား တို့က ပြောသည်။

ဂျပန်ယန်း
    တိုကျိုဈေးကွက်တွင် မတ် ၂၄ ရက်က ယန်းငွေနှင့် ဖလှယ်ရာတွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၁ ယန်း ဝန်းကျင်တွင်ရှိခဲ့သည်။
    အမေရိကန်ဒေါ်လာနှင့်ယန်းငွေ ဖလှယ်နှုန်းမှာ မတ် ၂၃ ရက်ညနေ ၅ နာရီကနယူးယောက်တွင် အမေရိကန် တစ်ဒေါ်လာကို ၁၁၀ ဒသမ ၉၀ ယန်း နှင့်တိုကျိုတွင် ၁၁၁ ဒသမ ၂၃ ယန်း  နှုန်းရှိခဲ့ရာမှနောက်တစ်နေ့တိုကျိုဈေး ကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၀ ဒသမ ၉၉ ယန်းနှုန်းရှိခဲ့သည်  ယူရိုငွေကြေးတန်ဖိုးမှာ မတ်လ ၂၃ ရက် ညနေက တစ်ယူရိုကို နယူး ယောက်တွင် အမေရိကန်ဒေါ်လာ ၁  ဒသမ ၀၇၇၈ နှင့် ၁၁၉ ဒသမ ၅၅  ယန်းနှုန်းဖြင့်လည်းကောင်း၊ တိုကျိုဈေး ကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၉၃ နှင့် ၁၂ ဒသမ ၀၅ ယန်း နှုန်းရှိခဲ့ရာမှ မတ် ၂၄ ရက်တွင် တိုကျို ဈေးကွက်၌ တစ်ယူရိုကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၇၈၃ နှင့် ၁၁၉ ဒသမ ၆၈ ယန်းနှုန်းရှိခဲ့သည်။
မလေးရှားရင်းဂစ်
    မလေးရှားဗဟိုဘဏ်က ယခုနှစ် အတွက်စီးပွားရေးတိုးတက်မှုနှုန်းကို ၄ ဒသမ ၃ ရာခိုင်နှုန်းမှ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိရှိမည်ဟု ခန့်မှန်းသည် ကို ရင်းနှီးမြှုပ်နှံသူတို့က အပြုသဘော ဆောင်သော အလားအလာ တစ်ခု အဖြစ် ခံယူကြသည့်အတွက် အမေရိကန် ဒေါ်လာနှင့် ဖလှယ်ရာတွင် မတ် ၂၄ ရက်က ရင်းဂစ်တန်ဖိုးပြန်လည် မြင့် တက်ခဲ့သည်ရင်းဂစ်တန်ဖိုးသည် မတ် ၂၃ ရက် ဈေးပိတ်ချိန်က အမေရိကန်တစ် ဒေါ်လာကို ၄ ဒသမ ၄၂၇၀ ရင်းဂစ်နှုန်း ရှိရာမှ နောက်တစ်နေ့နံနက် ကိုးနာရီ တွင် အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၄၂၅၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မှုနှင့် ရေနံဈေးနှုန်း ကာလရှည်ကြာစွာ ကျဆင်းနေမှုတို့က ဈေးကွက်ကို ဖိစီး နေဆဲဖြစ်သည်။
    အခြားငွေကြေးများနှင့်ဖလှယ်ရာ တွင် ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့သည်။
တောင်ကိုရီးယားဝမ်
    လောလောဆယ်တွင် ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီက ဦးပိုင် ကုမ္ပဏီအဖြစ် ရပ်တည်ရန် အခက်အခဲ ရှိကြောင်းပြောကြားပြီး နောက်ပိုင်း ဆမ်ဆောင်းလက်အောက်ခံကုမ္ပဏီ များတွင် ကြုံတွေ့ရသော အကျပ်အတည်း ကြောင့် တောင်ကိုရီးယားရှယ်ယာများ သည် မတ် ၂၄ ရက်တွင် တန်ဖိုးကျဆင်း ခဲ့သည်။ ဝမ်ငွေကြေး တန်ဖိုးမှာလည်း မတ် ၂၃ ရက်ကထက် ၁ ဒသမ ၄ ဝမ် ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာကို ၁၁၂၃ ဒသမ ၈၀ ဝမ်နှုန်းသို့ ရောက်ရှိ ခဲ့သည်။
ထိုင်းဘတ်
    ထိုင်းနိုင်ငံရှိ ရေနံကုမ္ပဏီများက အမေရိကန်ဒေါ်လာကို ဝယ်ယူမှုကြောင့် ထိုင်းဘတ်ငွေတန်ဖိုးသည် မတ် ၂၃ရက် က တန်ဖိုးကျဆင်းခဲ့သည်။ ရိုက်တာ သတင်းဌာနက ပြုစုထားသော ကိန်း ဂဏန်းများအရ ဘတ်ငွေတန်ဖိုးသည်  ထိုနေ့က အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာ တွင် သုည ဒသမ ၁၇ ရာခိုင်နှုန်းကျဆင်း ပြီး အမေရိကန်တစ် ဒေါ်လာကို ၃၄ ဒသမ ၆၆၀ ဘတ်နှုန်း ရှိခဲ့သည်။