Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 05/08/2017 - 14:07 -- journal_editor

     ကုန်စည်ဈေးနှုန်းများ ဆက် လက်ကျဆင်းနေမှုက ကမ္ဘာ့စီးပွားရေး ကြံ့ခိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည့်အတွက မေ ၅ ရက် တွင် အာရှငွေကြေး အများစု၏ တန်ဖိုး ကျဆင်းခဲ့သည်။ အမေရိကန်ပြည်ေ ထာင်စု ၏ အလုပ်အကိုင် အခြေအနေမှာလည်း မတ်လအတွင်းက ကျဆင်းထားပြီဖြစ် ရာ အလုပ်အကိုင်အခြေအနေ အစီရင် ခံစာမထုတ်ပြန်မီ ဈေးကွက်ရှိ ရင်းနှီး မြှုပ်နှံသူတို့က သတိထား၍ လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိ သည်။ ဧပြီလ တွင် ပျမ်းမျှခြင်းအားဖြင့် အလုပ်အကိုင် ပေါင်း ၁၈၅၀၀၀ ကို ဖန်တီးနိုင်လိမ့်မည် ဟု စီးပွားရေးပညာရှင်တို့က ခန့်မှန်း သည်။အရှေ့တောင်အာရှ နိုင်ငံများနှင့် နှစ်ဖက်အပြန်အလှန် ငွေကြေးဖလှယ် မှု သဘောတူ စာချုပ် ချုပ်ဆိုရန် ဂျပန်  ဘဏ္ဍာရေး ဝန်ကြီးဌာနက အဆိုပြု ထားသည်။ သဘောတူ စာချုပ် ချုပ် ဆိုပြီးပါက ဘဏ္ဍာရေး အကျပ်အတည်း ကျရောက်သည့်ကာလမျိုးတွင် ဂျပန် နိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ နှင့် ညီမျှေ သာ ယန်းငွေကြေးဖြင့် အထောက်အပံ့များ ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ အာရှ ငွေကြေးများအပေါ် ယုံကြည်မှုသည် လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ကထက် ပိုမိုတိုးတက်လာသည်။

တရုတ်ယွမ်
    ဝယ်လိုအား မြင့်တက်မှုနှင့် စီး ပွားရေး တည်ငြိမ်မှုကြောင့် ရင်းနှီး မြှုပ်နှံသူတို့၏ ယုံကြည်မှု မြင့်တက်လာ သဖြင့် အမေရိကန် ဒေါ်လာနှင့်ဖလှယ် ရာတွင် ယွမ်တန်ဖိုး တည်ငြိမ်လျက် ရှိသည်။    တရုတ်ဗဟိုဘဏ် က ရည်ညွှ န်း ဖလှယ်နှုန်းကို သုညဒသမ ၇၃ ရာခိုင် နှုန်း မြှင့်တင်ပြီး အမေရိကန် တစ်ဒေါ် လာကို ၆ ဒသမ ၈၈၈၄ ယွမ်နှုန်း သတ် မှတ်ခဲ့သည်။ လက်ငင်းဈေးကွက်တွင်  အမေရိကန်ဒေါ်လာနှင့် ယွမ်ငွေဖလှယ် နှုန်းမှာ တစ်ဒေါ်လာကို ၆ ဒသမ ၈၉၃၀ ယွမ်နှုန်း သတ်မှတ်ခဲ့သည်။ ဉ် -ှ့သမန ယယွမ်ဖလှယ်နှုန်းမှာ အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၉၆၈ ယွမ်နှုန်းရှိသော ဥည-ှ့သမန ယွမ်နှင့် နှိုင်းယှဉ်ပါက သုညဒသမ ၀၂ ရာခိုင် နှုန်း ကျဆင်းသည်။

အိန္ဒိယရူပီး
    သွင်းကုန်လုပ်ငန်းများနှင့် ဘဏ် များက အမေရိကန်ဒေါ်လာကို ဝယ်ယူ ကြသည့်အတွက် မေ ၅ ရက်က ဘဏ် အချင်းချင်း ငွေကြေးဖလှယ်ရေး ဈေး ကွက်တွင် ရူပီးငွေကြေးတန်ဖိုးသည်  သုညဒသမ ၀၉ ရူပီးနှုန်း ကျ ဆင်းပြီး  အမေရိကန် တစ်ဒေါ်လာကို ၆၄ ဒသမ ၂၇ ရူပီးနှုန်းရှိခဲ့သည်။ ထို့ပြင် ပြည်ပဈေးကွက်၌ အခြားငွေကြေးများ နှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုးမြင့် တက်ခြင်းကလည်း ရူပီးတန်ဖိုးအပေါ် ဖိအားသက်ရောက်မှု ရှိခဲ့သည်။ ပြည် တွင်း စတော့ဈေးကွက်တွင် ပြည်တွင်း ရှယ်ယာဈေးနှုန်းများ ကျဆင်းမှုကလည်း ရူပီးတန်ဖိုးကျဆင်းမှုကို အထောက် အကူပေးခဲ့ကြောင်း ဝယ်ရောင်းသမား တို့က ပြောသည်။

ဂျပန်ယန်း
    ပြင်သစ်နိုင်ငံ သမ္မတရွေးကောက် ပွဲတွင် ဥရောပသမဂ္ဂကို ထောက်ခံသော မက်ကရွန်က ဦးဆောင်လာပြီး နောက် ပိုင်း ယူရိုငွေကြေးတန်ဖိုးက မေ  ၅ ရက်တွင် ခြောက်လအတွင်း အမြင့် ဆုံးနှုန်းသို့ ရောက်ရှိပြီး တစ်ယူရိုကို  အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၉၀ နှုန်း အထိရောက်ရှိခဲ့သည်။ ယန်းငွေ နှင့် ဖလှယ်ရာတွင်မူ မေ ၄ ရက်က တစ်ယူရိုကို ၁၂၃ ဒသမ ၃၁ ယန်းနှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့တွင် ၁၂၃ ဒသမ ၂၉ ယန်းနှုန်းရှိခဲ့သည်။ယန်းငွေနှင့် ဖလှယ်ရာတွင် အမေ ရိကန်ဒေါ်လာတန်ဖိုးသည်  သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး  အမေ ရိကန် တစ်ဒေါ်လာကို ၁၁၂ ဒသမ ၂၇ ယန်းနှုန်းရှိခဲ့သည်။

မလေးရှားရင်းဂစ်
    ဇွန်တွင် အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်ပေး မည့်အလားအလာကို တွေ့ရပြီးနောက် ပိုင်း  ရင်းနှီးမြှုပ်နှံသူတို့က အမေရိကန် ဒေါ်လာကို ပိုမိုစိတ်ဝင်စားလာကြသည့် အတွက် အမေရိက န်ဒေါ် လာနှ င့်  ဖလှယ် ရာတွင် ရင်းဂစ်တန်ဖိုးသည် မေ ၅ ရက်က ဆက်လက်ကျဆင်းခဲ့သည်။ အမေရိကန်ဒေါ်လာနှင့် ရင်းဂစ်ဖလှယ် နှုန်းမှာ မေ ၄ ရက်က တစ်ဒေါ်လာကို ၄ ဒသမ ၃၂၆၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့နံနက် ၉ နာရီ ၅ မိနစ် တွင် တစ်ဒေါ်လာကို ၄ ဒသမ ၃၃၅၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ အခြားအဓိက ငွေကြေးများနှင့် ဖလှယ်ရာတွင်လည်း ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့သည်။

တောင်ကိုရီးယားဝမ်
    နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့က တောင်ကိုရီးယား ရှယ်ယာများကို ဝယ် ယူခြင်းနှင့် တောင်ကိုရီးယားကုမ္ပဏီ များ၏ ဝင်ငွေ မြင့်တက်လာခြင်းတို့ ကြောင့် တောင်ကိုရီးယား စတော့ရှယ် ယာများ၏ တန်ဖိုးမှာ မေ ၄ ရက်က မကြုံစဘူး မြင့်တက်ခဲ့သည်။ သို့သော် လည်း ကိုရီးယားဝမ်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင်  တစ် ဒေါ်လာကို ၁၁၃၂  ဒသမ ၇၀ ဝမ်နှုန်း ရှိခဲ့ရာ ယခင်နေ့က ဖလှယ်နှုန်းနှင့် နှိုင်းယှဉ်ပါက ဝမ်တန်ဖိုး မှာ ၂ ဒသမ ၂၀ ဝမ်နှုန်း ကျဆင်းခဲ့သည်။ မေ ၅ ရက်တွင်မူ အများပြည်သူပိတ်ရက် အဖြစ် စတော့ဈေးကွက်ပိတ်ပါသည်။

ထိုင်းဘတ်
    ရိုက်တာ သတင်းဌာနက ပြုစု ထားသောကိန်းဂဏန်းများအရ ထိုင်း ဘတ်ငွေတန်ဖိုးသည် မေ ၅ ရက်တွင် အမေရိကန် တစ်ဒေါ်လာကို ၃၄ ဒသမ ၅၉  ဘတ်နှုန်းရှိခဲ့ရာ မေ ၄ ရက် က ဖလှယ်နှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက် တည်ရှိနေသည်ကို တွေ့ရ သည်။