Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Fri, 06/23/2017 - 10:59 -- journal_editor

        အမေရိကန်ဗဟိုဘဏ်၏ နှစ်ရက် ကြာ အစည်းအဝေးသည် ဇွန် ၁၄ ရက်က ပြီးဆုံးခဲ့ပြီး အစည်းအဝေးတွင် အမေရိကန်ဗဟိုဘဏ်၏ အခြေခံစံထား အတိုး နှုန်းကို ယခုနှစ်အတွင်း ဒုတိယအကြိမ် အဖြစ် မြှင့်တင်ပေးခဲ့ သည်။ ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်လိုက်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုက ထုတ်ပြန် သော ကိန်းဂဏန်းများအရ အလုပ်အကိုင်ဈေးကွက် အခြေအနေတိုးတက် ကောင်းမွန်ခြင်းတို့ကြောင့် ဇွန် ၁၆ ရက်က အမေရိကန်ေ ဒါ်လာ တန်ဖိုး မြင့်တက်ပြီး အာရှငွေကြေးများ၏ တန်ဖိုး ကျဆင်းခဲ့သည်။ ရက်သတ္တပတ်အလိုက် ထုတ်ပြန် သော ကိန်းဂဏန်းများအရ အမေရိကန် ပြည်ထောင်စုတွင် အလုပ်လက်မဲ့ ခံစား ခွင့်တောင်းခံသည့် ဦးရေမှာ ခန့်မှန်း ထားသည့်အောက် ကျဆင်းခဲ့သည်။ အလုပ်အကိုင် ဈေးကွက်ခိုင်မာလာပြီ ဖြစ်သည့်အတွက် အမေရိကန် ပြည် ထောင်စု၏ ငွေကြေး ဖောင်းပွမှုနှုန်း သည် ကာလလတ်အတွင်း ရည်မှန်း ချက်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည် ကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက်ယယ်လင်က မေ ၁၄ ရက်က ပြောသည်။ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးကိစ္စ (Brexit) ကို လည်း လာမည့်ရက်သတ္တပတ်တွင် စတင်ဆွေး နွေးတော့မည်ဖြစ်ရာ ဤသတင်း က ရင်းနှီးမြှုပ်နံှသူတို့အပေါ်တွင် သြဇာ သက်ရောက်မှု ရှိနိုင်သည်။

တရုတ်ယွမ်
    အမေရိကန်ဗဟိုဘဏ်က အတိုး နှုန်းမြှင့်တင်ပေးပြီးနောက်ပိုင်း တရုတ်ဗဟိုဘဏ်က ရည်ညွှန်းဖလှယ်နှုန်းကို ခုနစ်လအတွင်းအမြင့်ဆုံးသို့ တိုးမြှင့်ပေးသည့်အတွက် ဇွန် ၁၅ ရက်တွင် တရုတ်ယွမ်တန်ဖိုး မြင့်တက်ခဲ့သည်။တ ရုတ်ဗဟိုဘဏ်က ဇွန်၁၅ရက်တွင် ပျမ်းမျှဖလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ၆ ဒသမ ၇၈၅၂ ယွမ်နှုန်းသတ်မှတ်ခဲ့ရာ ယခင်နေ့က သတ်မှတ်ဖလှယ်နှုန်းဖြစ်သော ၆ ဒသမ ၇၉၃၉ ယွမ်နှုန်းနှင့် နှိုင်းယှဉ်ပါကအမေရိကန်ေ ဒါ်လာတန်ဖိုး ကျဆင်းပြီး ယွမ်တန်ဖိုးမှာ သုညဒသမ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်နောက်ပိုင်း အမြင့်ဆုံး ဖြစ်ခဲ့သည်။ ငွေလက်ငင်း ဈေးကွက်တွင် ယွမ် ငွေကြေးတန်ဖိုးသည် (ဇွန် ၁၅ရက်) ဈေးအဖွင့်တွင် အေ မရိကန် တစ်ဒေါ်လာ ကို ၆ ဒသမ ၇၈၈၂ ယွမ်နှုန်းရှိခဲ့ပြီး နေ့လယ်ဘက်တွင် ၆ ဒသမ ၇၉၃၉ ယွမ်နှုန်းသို့ ရောက်ရှိခဲ့သည်။ ဟောင် ကောင်တွင်ရောင်းဝယ်သော ဉ်-ှ့သမန ယွမ်နှုန်းမှာမူ  ဥည-ှ့သမန ယွမ်နှုန်းထက် သုည ဒသမ ၁၅ ရာခိုင်နှုန်း ပိုမိုခိုင် မာပြီး အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၇၈၃၅ ယွမ်နှုန်း ရှိခဲ့သည်။

အိန္ဒိယရူပီး
    အမေရိကန်  ပြည်ထောင်စု၏ အလုပ်အကိုင်   ကိန်းဂဏန်းများ တိုးတက်မှုကြောင့်  ပြည်ပဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့် တက်သည့်အတွက် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယရူပီး တန်ဖိုးမှာ သုညဒသမ ၁၅ ရူပီးနှုန်းကျဆင်းခဲ့သည်။ ပြည်ပဈေးကွက်များတွင် အခြား ငွေကြေးများနှင့် ဖလှယ်ရာ၌ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် အိန္ဒိယ နိုင်ငံတွင် သွင်းကုန်လုပ်ငန်းရှင် များ၏ ဒေါ်လာဝယ်လိုအား မြင့်တက်သည့် အတွ က် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်စေရန် အထောက် အကူဖြစ်ခဲ့ကြောင်း ဝယ်ရောင်းသမား များက ပြောသည်။ ဇွန် ၁၅ ရက်တွင် ရူပီးငွေကြေး တန်ဖိုးသည် သုညဒသမ ၂၃ ရူပီးနှုန်း အထိပင် ကျဆင်းကာ အမေရိကန် တစ်ဒေါ်လာကို ၆၄ ဒသမ ၅၃ ရူပီး နှုန်းအထိ ရှိခဲ့သည်။

ဂျပန်ယန်း
      ဇွန် ၁၆ ရက်နံနက်ပိုင်းက တိုကျို ဈေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် ယွမ်ငွေကြေးတို့ ဖလှယ်နှုန်းမှာ အမေရိ ကန်တစ်ဒေါ်လာကို ၁၁၀ ဒသမ ၅ ယန်းနှုန်းအထက်တွင် ရှိခဲ့သည်။ အမေရိကန်ဒေါ်လာနှင့် ယန်းငွေ ဖလှ ယ်နှုန်းမှာ ဇွန် ၁၅ ရက် ညနေ ၅ နာရီက နယူးယောက်တွင် အမေရိကန် တစ်ဒေါ်လာကို ၁၁၀ ဒသမ ၈၈ယန်းနှင့် တိုကျိုတွင် ၁၀၉ ဒသမ ၅၁ ယန်းနှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့နံနက် ဈေးဖွင့် ချိန်တွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၀ ဒသမ ၉၉ ယန်းနှုန်းရှိခဲ့သည်။ ယူရို ငွေကြေးတန်ဖိုးမှာ ဇွန် ၁၅ ရက်ညနေက နယူးယောက် ဈေးကွက် ၌ တစ်ယူရိုကို အမေရိကန် ဒေါ်လာ ၁ဒသမ၁၁၃၉ နှင့်၁၂၃ဒသမ၅၉ ယန်း နှုန်းဖြင့်လည်းကောင်း၊တိုကျို ဈေးကွက် တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁၉၃ နှင့် ၁၂၂ ဒသမ ၅၈ ယန်း နှုန်းဖြင့် လည်းကောင်းရှိခဲ့ရာမှ နောက် တစ်နေ့တွင် တစ်ယူရိုကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၁၄၈ နှင့် ၁၂၃ ဒသမ ၇၅ ယန်းနှုန်း အထိရှိခဲ့သည်။

မလေးရှားရင်းဂစ်
       အမေရိကန် ဗဟိုဘဏ်က အတိုး နှုန်းတိုးမြှင့်ကြောင်း ကြေညာပြီးနောက် ပိုင်း အမေရိကန်ဒေါ်လာတန်ဖိုးသည် ဇွန် ၁၆ ရက်နံနက်ပိုင်းက မြင့်တက်ခဲ့ သည့်အတွက် ရင်းဂစ်တန်ဖိုး ကျဆင်း ခဲ့သည်။ အမေရိကန်ဒေါ်လာနှ င့် ရင်းဂစ် ငွေကြေးဖလှယ်နှုန်းမှာ ဇွန် ၁၅ ရက်က အမေရိကန် တစ်ဒေါ်လာကို ၄ ဒသမ ၂၆၅၀ ရင်းဂစ်နှုန်း ရှိရာမှ နောက်တစ် နေ့တွင် ၄ ဒသမ ၂၇၇၀ ရင်းဂစ်နှုန်း ရှိခဲ့သည့်အတွက် ဒေါ်လာတန်ဖိုးမြင့် တက်ပြီး ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့သည်။ ယန်းမှ အပ အခြားအဓိကငွေကြေး များနှင့်ဖလှယ်ရာတွင် ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့သည်။

တောင်ကိုရီးယားဝမ်
      ငွေကြေး အဖွဲ့အစည်းများနှင့် တစ်သီး ပုဂ္ဂလများက တောင်ကိုရီးယား ရှယ်ယာများကို ဝယ်ယူမှုမရှိခဲ့သော် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့က ပြည်တွင်းရှယ်ယာများကို စုပြုံရောင်း ချသဖြင့် ဇွန် ၁၆ ရက်က တောင်ကိုရီး ယား စတော့ရှယ်ယာများ၏ ဈေးနှုန်းများ တန့်နေခဲ့သည်။ တောင်ကိုရီးယား ဝမ် ငွေကြေးတန်ဖိုးမှာလည်း ဇွန် ၁၅ ရက် ဈေးပိတ်ချိန်က ဖလှယ်နှုန်းနှင့်နှိုင်းယှဉ် ပါက ၁၀ ဝမ်နှုန်းကျဆင်းပြီး အမေရိ ကန် တစ်ဒေါ်လာကို ၁၁၃၄ ဒသမ ၁ ဝမ်နှုန်းရှိခဲ့သည်။

ထိုင်းဘတ်
           ရိုက်တာသတင်းဌာနက  ပြုစု ထားသော ကိန်းဂဏန်းများအရ အမေ ရိကန်ဒေါ်လာနှင့်  ဘတ်ငွေတန်ဖိုး ဖလှယ်ရာတွင် ဇွန် ၁၆ ရက်က ဘတ် ငွေတန်ဖိုးသည် ယခင်ရက်နှင့်နှိုင်း ယှဉ်ပါက သုညဒသမ ၁၂ ရာ ခိုင်နှုန်း ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာ ကို ၃၃ ဒသမ ၉၉ ဘတ်နှုန်းရှိခဲ့သည်။ 

 

ဉာဏ်တင်