Main menu

Background

စားသုံးဆီနှင့်စက်သုံးဆီ တင်သွင်းသူများကို ဗဟိုဘဏ်သတ်မှတ်နှုန်းအတိုင်း အကန့်အသတ်မရှိ ရောင်းချပေးမည်ဆိုခြင်းကြောင့် ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာ

Tue, 06/23/2015 - 20:57 -- journal_editor

တစ်လအတွင်း အမြင့်ဆုံးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ် သို့ရောက်ရှိခဲ့ပြီးနောက် ဗဟိုဘဏ်နှင့်နိုင်ငံတော် အစိုးရမှတာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ ရာတွင် စက်သုံးဆီများနှင့်စားသုံးဆီသွင်းကုန်များအတွက် လိုအပ်သည့်နိုင်ငံခြား ငွေကို ဗဟိုဘဏ်နှုန်းထားအတိုင်း အကန့်အသတ်မရှိ ရောင်းချပေးရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ဆုံးဖြတ်ချက်များရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူး သန်းရောင်းဝယ်ရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် များအနေဖြင့် ယခုလ ၂၂ ရက်နေ့မှ စတင်၍ ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် ဈေးကွက်အတွင်းတွင် ငွေလဲနှုန်း များ သိသိသာသာကျဆင်းသွားခဲ့ကြောင်း သိရသည်။
''နိုင်ငံတော်က ကြေညာသလိုမျိုး သွင်းကုန်ပမာဏများများစားစားသွင်းတာ က စက်သုံးဆီနဲ့စားသုံးဆီသွင်းတဲ့ သူတွေပဲ။ သူတို့ကိုပါ ဒေါ်လာထုတ်ယူခွင့်ကန့် သတ်လိုက်တော့ သူတို့ကလည်း လိုအပ်တဲ့ငွေကို အပြင်ကနေ လိုက်ဝယ်ရတယ်။ အဲဒီလိုလိုက်ဝယ်ရတဲ့အခါကျတော့ ဈေးကစားချင်တဲ့သူတွေအတွက် အံကိုက် ဖြစ်သွားတာပေါ့။ ခုလိုလုပ်ပေးတာဟာ ဈေးကွက်တည်ငြိမ်မှုကိုဖြစ်စေနိုင်တယ် လို့ထင်ပါတယ်''ဟု ငွေလဲဈေးကွက်အတွင်းမှ ကိုကျော်မြင့်က ဆိုသည်။
ငွေလဲနှုန်းများသည် ဇွန် ၁၅ ရက်က ရောင်းဈေး ၁၁၈၅ကျပ်၊ ဝယ်ဈေး ၁၁၇၅ ကျပ်ရှိခဲ့ရာမှ ဇွန် ၁၇ ရက်တွင် ရောင်းဈေး ၁၂၀၅ကျပ်၊ ဝယ်ဈေး ၁၁၉၅ ကျပ်သို့ ပြန်လည်မြင့်တက်လာခဲ့သော်လည်း ယခုကဲ့သို့ကြေ ညာချက် ထွက်ပေါ် လာခဲ့အပြီးတွင် ဈေးများ ပြန်လည်ကျဆင်းလာခဲ့ကာ ဇွန် ၁၉ရက်တွင် ရောင်းဈေး ၁၁၆၃ ကျပ်၊ ဝယ်ဈေး ၁၁၅၈ကျပ်သာရှိခဲ့ကြောင်း သိရသည်။       
 မယ်သီတာ