Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်

Wed, 08/24/2016 - 15:09 -- journal_editor

      ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ခဲ့ရာ အမြင့် ဆုံးရောင်းဈေးအဖြစ် ကျပ်၁၂၀၀ သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ဈေးကွက်တွင် အဝယ်လိုက်လာသဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်သည်ဟု ဆိုသည်။ "ဈေးကွက်ထဲမှာ အဝယ်ပြန်လိုက်လာတာ နှစ်ပတ်လောက်ရှိနေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အဝယ်လိုက်နေတာပါ။ ဈေးပြန်တက်လာတဲ့အတွက်  ဈေး ကွက်ထဲမှာ ပြန်ပြီးလှုပ်လာ တယ်။ နိုင်ငံတကာမှာလည်း ေ ဈးမြင့် တက်လာတဲ့အတွက် ပြည်တွင်းငွေလဲနှုန်းတွေ မြင့်တက်လာရတာပါ။ သွင်းကုန်တွေကလည်း များလာ တော့ သွင်းကုန်အတွက် ဝယ်ကြတာများပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်း ပြုလုပ်နေသူတစ်ဦး က ပြော ကြားခဲ့သည်။ ပြည်တွင်းငွေလဲစင်တာများတွင် သြဂုတ် ၁၅ ရက်က ရောင်းဈေး ၁၁၃၉ကျပ်၊ ဝယ်ဈေး ၁၁၉၁ ကျပ်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ရောင်းဈေး ၁၁၉၅ကျပ်၊ ဝယ် ဈေး ၁၁၉၃ ကျပ်ရှိခဲ့သည်။ သြဂုတ် ၁၉ ရက်တွင် ေ ရာင်းဈေး ကျပ် ၁၂၀၀၊ ဝယ် ဈေး ၁၁၉၇ ကျပ်သို့ မြင့်တက်ခဲ့သည်။

 

မယ်သီတာ