Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Fri, 08/07/2015 - 20:42 -- journal_editor

     ထုတ်ပြန်တော့မယ့်   စီးပွားရေး ကိန်းဂဏန်းတွေအရ  အမေရိကန် စီးပွားရေးတိုးတက်လာတာကို တွေ့ရတဲ့အတွက် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်က စက်တင်ဘာလမှာ ဗဟို ဘဏ် အတိုးနှုန်းတွေကို မြှင့်တင်ပေး လိမ့်မယ်လို့ တွက်ဆကြတဲ့အတွက် ထွန်းသစ်စ အာရှဈေးကွက်ရှိငွေကြေးအများစုရဲ့ တန်ဖိုးများကျဆင်းခဲ့တာကိုတွေ့ရပါတယ်။ ကော်ပိုရေးရှင်းကြီးများရဲ့ ဝင်ငွေများကျဆင်းတာကို တွေ့ရပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ က တောင်ကိုရီးယားရှယ်ယာတွေကို ထုတ် ရောင်းခဲ့တဲ့အတွက် ဝမ်ငွေကြေးတန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ကကျင်းပတဲ့ ဗဟိုဘဏ်ရဲ့ မူဝါဒအစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးနဲ့အလုပ်သ မားဈေးကွက်ခိုင်မာမှုရှိလာပြီဖြစ်ကြောင်း ဗဟိုဘဏ်မူဝါဒရေးဆွဲသူတွေက ပြောကြားခဲ့ပါတယ်။ဒါကြောင့် အမေရိကန်ဗဟိုဘဏ်က စက်တင်ဘာ မှာကျင်းပမယ့်နောက်တစ်ကြိမ် အစည်း အဝေးမှာ အတိုးနှုန်းတွေကိုမြှင့်တင်ပေး မယ့်သဘောသက်ရောက်နေပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးက တခြားအဓိကငွေကြေးခြောက်ခုနဲ့ ဖလှယ်ရာမှာ မြင့်တက်လာခဲ့ပြီး အမေ ရိကန်ငွေတိုက်စာချုပ်တွေရဲ့ အမြတ်နှုန်းကလည်း မြင့်တက်ခဲ့ပါတယ်။

တရုတ်ယွမ်
    တရုတ်နိုင်ငံခြားငွေရောင်းဝယ် ရေးဌာနမှာ  တရုတ်ယွမ်ငွေကြေးရဲ့ ဗဟိုဘဏ်ဖလှယ်နှုန်းမှာ ဇူလိုင်လ ၃၀ ရက်နေ့က သုည ဒသမ ၁၅ ရာခိုင်နှုန်း ကျဆင်းကာ တစ်ဒေါ်လာကို ၆ ဒသမ ၁၁၆၅ ယွမ်နှုန်းရှိခဲ့ပါတယ်။

အိန္ဒိယရူပီး
    အမေရိကန်ပြည်ထောင်စုစီးပွား ရေးကောင်းလာပြီလို့ အမေရိကန်ပြည် ထောင်စုကခန့်မှန်းခဲ့ပြီးနောက် အမေရိ ကန်ပြည်ထောင်စုငွေကြေးက အိန္ဒိယ နိုင်ငံပြင်ပဈေးကွက်မှာ ခိုင်မာလာတဲ့ အတွက် ဇူလိုင်လ ၃၀ ရက်နေ့က ဘဏ် အချင်းချင်း  နိုင်ငံခြားငွေဖလှယ်ရေး ဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၀၇ ရူပီးကျဆင်းပြီး တစ်ဒေါ်လာ ကို ၆၃ ဒသမ ၉၈ ရူပီးနှုန်းရှိခဲ့ပါတယ်။ လအကုန်ငွေစာရင်း ရှင်းလင်းဖို့ အတွက်  သွင်းကုန်လုပ်ငန်းရှင်ေ တွရဲ့ ဒေါ်လာဝယ်လိုအားမြင့်တက်မှုကြောင့် ရူပီးတန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် စတော့ဈေးကွက်တွေမှာ ရှယ်ယာဈေး နှုန်းမြင့်တက်မှုက  ရူပီးတန်ဖိုးအကျ သက်သာအောင်  ထိန်းထားနိုင်ခဲ့ကြောင်း ဝယ်ရောင်း သမားတွေ က ပြောပါတယ်။

ဂျပန်ယန်း
    အမေရိကန်စီးပွားရေးကို အမေရိကန်ဗဟိုဘဏ်က  တိုးမြှင့်သုံးသပ်ခဲ့ ပြီးနောက်ပိုင်း စက်တင်ဘာလမှာ ဗဟိုဘဏ်အတိုးနှုန်းတွေ မြင့်တက်လာဖွယ်ရှိကြောင်း  လေ့လာဆန်းစစ်သူတို့က သုံးသပ်ကြတဲ့အတွက် ဇူလိုင်လ ၃၀ ရက်နေ့မှာ ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒေါ်လာနဲ့  ယန်းငွေဖလှယ်နှုန်းက ဇူလိုင် ၂၉ ရက်နေ့က နယူးယောက်မှာ တစ်ဒေါ်လာကို ၁၂၃ ဒသမ ၉၁ ယန်းနဲ့ တိုကျိုမှာ ၁၂၃ ဒသမ ၆၄ ယန်းနှုန်းရှိခဲ့ ရာမှ နောက်တစ်နေ့ တိုကျိုဈေးကွက်မှာ တစ်ဒေါ်လာကို ၁၂၄ ဒသမ ၀၇ ယန်း နှုန်းရှိခဲ့ပါတယ်။ ယူရိုငွေကြေးက ဒေါ်လာနဲ့ ဖလှယ် ရာမှာ တစ်ယူရိုကို ၁ ဒသမ ၀၉၉၀ ဒေါ် လာမှ ၁ ဒသမ ၀၉၇၇ ဒေါ်လာနှုန်း သို့ လည်းကောင်း ၊ ယန်းငွေကြေးနဲ့ ဖလှယ်ရာမှာ တစ်ယူရိုကို ၁၃၆ ဒသမ ၁၉ယန်း မှ ၁၃၆  ဒသမ ၂၀ ယန်းသို့လည်းကောင်း ပြောင်းလဲခဲ့ပါတယ်။

မလေးရှားရင်းဂစ်
    ရင်းနှီးမြှုပ်နှံသူများရဲ့ စိတ်ဝင်စားမှုက  အမေရိကန်ဒေါ်လာဘက်ကို အာရုံပြောင်းသွားတဲ့အတွက် ဇူလိုင်လ ၃၀ ရက်နေ့မနက်ပိုင်းဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ပါတယ်။ဒေါ်လာနဲ့ ရင်းဂစ်ဖလှယ်နှုန်းက ဇူလိုင်လ ၂၉ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၈၀၉၅ရင်းဂစ် နှုန်းရှိခဲ့ရာမှ နောက်တစ်နေ့ မနက် ၉ နာရီမှာ ၃ ဒသမ ၈၁၃၀ ရင်းဂစ်နှုန်းသို့ ပြောင်းလဲ ခဲ့ပါတယ်။  ရင်းဂစ်ငွေကြေးအပေါ် ယုံ ကြည်မှုက ဖြည်းဖြည်းချင်းမြင့်တက်လာခဲ့ပေမယ့်  အမေရိကန်ဗဟိုဘဏ်က စက်တင်ဘာမှာ အတိုးနှုန်းမြှင့်တင်ပေး မယ့်  လက္ခဏာကိုတွေ့ရပြီး နောက်ပိုင်း ဒေါ်လာတန်ဖိုးက အသာစီးရခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦး က ပြောပါတယ်။
 
တောင်ကိုရီးယားဝမ်
တောင်ကိုရီးယားစီးပွားရေးတိုး တက်နှုန်းနှေးကွေးနေချိန်မှာ အမေရိကန်ဗဟိုဘဏ်အတိုးနှုန်းမြှင့်တင်ပေး မယ့်အရိပ်အယောင်ကိုတွေ့ရတဲ့အ တွက် ပြည်ပသို့ ငွေကြေးစီးထွက်မှု မြင့် တက်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တော င်ကိုရီးယားရှယ်ယာတွေ အသား တင်ရောင်းချမှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရောက်ရှိခဲ့တဲ့ အတွက် တောင်ကိုရီးယားဝမ်ငွေကြေး တန်ဖိုး ကျဆင်းမှုက ဇူလိုင် ၂၉ ရက်နေ့ မှာ ရက်သတ္တတစ်ပတ်အတွင်း အများ ဆုံး ဖြစ်ခဲ့ပါတယ်။

ထိုင်းဘတ်
ထိုင်းပြည်တွင်းအဖွဲ့အစည်းများ ရဲ့ ဘတ်ငွေကို အသားတင်ဝယ်ယူမှုက ၁ ဒသမ ၈၄ ဘီလီယံရှိခဲ့ပေမယ့် အကျိုး ဆောင်လုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူနဲ့ လက်လီရင်းနှီးမြှုပ်နှံသူတွေရဲ့ အသားတင်ရောင်းချမှုက ဘတ် ၁၃၈ ဒသမ ၄၆ သန်း၊ ၁ ဒသမ ၃၅ ဘီလီယံ နဲ့ ၃၅၁ ဒသမ ၁၉ ဘီလီယံအသီးသီးရှိခဲ့ပါတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ဘတ်ငွေ ဖလှယ်နှုန်းက  တစ်ဒေါ်လာကို ၃၄ ဒသမ ၉၂ ဘတ်နှုန်းမှ ၃၅ ဒသမ ၀၈ ဘတ်နှုန်းသို့ပြောင်းလဲခဲ့ပါ တယ်။