Main menu

Background

ရက်သတ္တပတ် ငွေကြေးသတင်းများ

Wed, 08/12/2015 - 20:08 -- journal_editor

အာရှဒေသရှိနိုင်ငံ အများစုရဲ့ စီးပွားရေးအခြေအနေနဲ့  အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုအခြေအနေတွေက တိုးတက် ကောင်းမွန်နေပါတယ်။ ဒီအခြေအနေတွေအရ တန်ဖိုးအား နည်းကျဆင်းလာတဲ့ ငွေကြေးတွေကြောင့် ရိုက် ခတ်လာမယ့် ဂယက်ကို ကာကွယ်ဖို့အတွက် ဒေသတွင်းရှိ နိုင်ငံတွေနဲ့ ဗဟိုဘဏ်တွေက  အတိုးနှုန်းတွေကို တိုးမြှင့်ပေးမယ့်လက္ခဏာကို မတွေ့ ရကြောင်း Goldman Sachs Group Inc က ပြောပါတယ်။

တရုတ်ယွမ်
    တရုတ်ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးနှုန်းကို  ယခင်နေ့ကအတိုင်း ဆက်လက်ထားရှိတဲ့အတွက် သြဂုတ် ၆ ရက်နေ့ကဒေါ်လာနဲ့  ဖလှယ်ရာမှာ တရုတ်ငွေကြေးတန်ဖိုးက အပြောင်းအလဲမရှိ သလောက်ဖြစ်ခဲ့ပါတယ်။ ဈေးကွက် မဖွင့်မီဗဟိုဘဏ်က ကြိုတင်သတ်မှတ် ပေးတဲ့ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၆ ဒသမ ၁၁၈၁ ယွမ်နှုန်းဖြစ်တဲ့အတွက် ယခင်နေ့က သတ်မှတ်ပေးတဲ့ တစ် ဒေါ်လာ ၆ ဒသမ ၁၁၈၆ ယွမ်နှုန်းနဲ့ နှိုင်းယှဉ်ရင် အပြောင်းအလဲ မရှိ သလောက်ဖြစ်ပါတယ်။ လက်ငင်းဈေး ကွက်မှာလည်း သြဂုတ်လ ၅ ရက်က တစ်ဒေါ်လာကို ၆ ဒသမ ၂၀၉၆ ယွမ်ရှိ ရာမှ တစ်ဒေါ်လာကို ၆ ဒသမ ၂၀၉၇ ယွမ်ထိသာ ရောက်ရှိခဲ့ပါတယ်။

အိန္ဒိယရူပီး
    ပင်လယ်ရပ်ခြားဒေသမှာ ဒေါ်လာ တန်ဖိုးမြင့်တက်မှုကြောင့် ရူပီး ငွေကြေး နဲ့ဖလှယ်နှုန်းက သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းဈေးကွက်မှာ  သုည ဒသမ ၀၂ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆၃ ဒသမ ၇၉ ရူပီးနှုန်းရှိခဲ့ပါ တယ်။ ရူပီးတန်ဖိုးကျဆင်းရခြင်းမှာ ပင်လယ်ရပ်ခြားဈေးကွက်အတွင်း  တခြား ငွေကြေးများနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့်ဖြစ်ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ဝယ် လိုအားကလည်း ရူပီးတန်ဖိုး    မြင့်တက်မှုကို အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဂျပန်ယန်း
    ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ပြည်ထောင်စုမှ ထုတ်ပြန်မယ့် အလုပ်အကိုင်  ကိန်းဂဏန်းများကို စောင့်ကြည့် လေ့လာနေတဲ့အတွက် သြဂုတ်လ ၇ ရက်နေ့က ယန်းငွေကြေးနဲ့ ယူရိုငွေကြေးနှစ်ခုနဲ့ ဖလှယ်တဲ့အခါ ဒေါ် လာတန်ဖိုး မြင့်တက်လာတာကို တွေ့ရပါတယ်။ သြဂုတ်လ ၆ ရက်နေ့က နယူးယောက်မှာ တစ်ဒေါ်လာကို ၁၂၄ ဒသမ ၈၀ ယန်းနှုန်းထိ ရောက်ရှိခဲ့ပါ တယ်။ ယူရိုနဲ့ ဒေါ်လာဖလှယ်နှုန်းက တစ်ယူရိုကို ၁ ဒသမ ၀၉၂၂ ဒေါ် လာ နှုန်းမှ နောက်တစ်နေ့မှာ တစ်ယူရိုကို ၁ ဒသမ ၀၉၁၆ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ တကယ်လို့ အမေရိကန်ပြည်ထောင်စု ရဲ့ အလုပ်အကိုင်အခြေအနေကောင်း မွန်လာမယ်ဆိုရင်     တစ်ဒေါ်လာကို ၁၂၅ ယန်းထိ ယန်းတန်ဖိုးကျဆင်းမယ် လို့ ခန့်မှန်းပါတယ်။
 
မလေးရှားရင်းဂစ်
    မလေးရှားနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်တွေက   ရင်းဂစ်ငွေကြေးကို ထုတ်ရောင်းလာတဲ့အတွက် အမေ ရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုးကျဆင်းခဲ့ကြောင်း ကုန်သည်တစ်ဦးကပြောပါတယ်။   ရင်းဂစ်ေ ငွ ကြေးတန်ဖိုးက သြဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၃ ဒသမ   ၉၀၀၅ ရင်းဂစ်နှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့နံနက် ၉ နာရီ ၂ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၉၁၅၅ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ တခြားငွေေ ကြးတွေနဲ့ ဖလှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုး ကျဆင်းပါတယ်။
 
တောင်ကိုရီးယားဝမ်
   မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီများနဲ့ ဆောက်လုပ်ရေးလုပ် ငန်းများအရှုံးပေါ်ခဲ့တဲ့အတွက် သြဂုတ် လ ၇ ရက်နေ့မှာ တောင်ကိုရီးယား စတော့ဈေးတွေတန်ဖိုးကျဆင်းခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ သုံးငွေ ကြေးဖြစ် တဲ့ ဝမ်ငွေကြေးနဲ့ အမေရိကန် ဒေါ်လာတို့ရဲ့ ဖလှယ်နှုန်းက သြဂုတ်လ ၆ ရက်နေ့  ဈေးပိတ်ချိန်ကထက် တစ် ဒေါ်လာကို ၄ ဒသမ ၆၀ ဝမ်မြင့်တက်ပြီး တစ်ဒေါ်လာကို  ၁၁၆၁ ဒသမ ၆၀ ဝမ်နှုန်းဖြစ်ခဲ့ပါတယ်။

ထိုင်းဘတ်
   အယ်လ်နီညိုကြောင့် မိုးခေါင် ခြောက်သွေ့မှုဒဏ်ခံရတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကိုမြှင့်တင်ရာမှာ ခြောက်နှစ် အတွင်း ဘတ်ငွေတန်ဖိုး အနိမ့်ဆုံးထိ ကျဆင်းခဲ့တဲ့အတွက် ထိုင်းဗဟိုဘဏ်ဟာ အခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရပါ တယ်။ ယခုရက် သုံးလပတ်အတွင်း ဘတ်ငွေတန်ဖိုး ကျဆင်းမှုက ၃ ဒသမ ၉ ရာခိုင်နှုန်းအထိရှိခဲ့ရာ အရှေ့တောင် အာရှ ဒေသမှာ ကျဆင်းမှုအများဆုံးဖြစ် ခဲ့ပါတယ်။  သြဂုတ် ၇ ရက်က ဒေါ်လာနဲ့ ဘတ်ငွေကြေးဖလှယ်နှုန်း က   တစ်ဒေါ်လာကို ၃၅ ဒသမ ၁၆ ဘတ်နှုန်း ရှိခဲ့ပါတယ်။

 

ဉာဏ်တင် - စုစည်းတင်ပြသည်