Main menu

Background

နှစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ တန်ဖိုး  ကျပ် သန်း၂၆၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Tue, 12/13/2022 - 14:17 -- journal_editor

ပြီးခဲ့သည့် ‌နိုဝင်ဘာ ၁၆ ရက်မှ ၃၀ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးမှာ ကျပ် သန်း ၂၆၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၄၅၉၇၄ ဖြစ်ပြီး တန်ဖိုးအားဖြင့်  ကျပ် ၂၆၀ ဒသမ ၃၅ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI)က အစုရှယ်ယာ ၁၄၆၃၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၃၂ ဒသမ ၂၉ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၂၅၅၅၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈၅ ဒသမ ၃၂ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ်(MCB)က အစုရှယ်ယာ ၂၂၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၇၃ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစု ရှယ်ယာ ၁၃၂၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၅ ဒသမ ၈၁ သန်း ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၇၀ဝ ရောင်းချနိုင် ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၈၆ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၁၈၁၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄ ဒသမ ၈၇ သန်း၊Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၇၁၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၈ ဒသမ ၄၇ သန်း စသည်ဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု