Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းရွှေဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Tue, 05/23/2023 - 12:10 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး   အခြေအနေများကြောင့်  ကမ္ဘာ့ရွှေဈေးသည် အ ပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည်  ၂၀၂၃ ခုနှစ်  မေ ၁၁ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၂၆ ဒေါ်လာ ပေါက်ဈေး ရှိခဲ့ရာမှ မေ ၁၇ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၈၈ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေး သည်လည်း ၂၀၂၃ ခုနှစ် မေ ၁၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၃၀ဝ၇၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ မေ ၁၇ ရက်တွင် ကျပ် ၃၀၁၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေ ဈေးကွက်အတွင်းမှ သိရှိရသည်။    
ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏  ပြည်တွင်းအသား တင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်း  ရှိလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း  တိုးတက်မှုရှိလာနိုင်ကြောင်း  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ခန့်မှန်းထုတ်ပြန်ထားသည်။ 
၂၀၂၃ ခုနှစ် မေ  ၁၁ ရက်မှ  ၁၇ ရက်အထိ  ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်တစ်ဒေါ်လာနှင့်  ညီမျှ သော   နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကိုတစ်ဖက်ပါဇယားဖြင့် ဖော်ပြအပ်သည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် မေ ၁၁ ရက်မှ ၁၇ ရက်အထိ ရက်သတ္တပတ်အတွင်း ၂၈၆၀-၂၈၆၅ ကျပ်ကြားရှိနေ ကြောင်း သိရှိရသည်။