Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၃၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 03/04/2024 - 10:29 -- journal_editor

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၃၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက် သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၉၆၉၇၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၃၀၇ ဒသမ ၄၃ သန်း ရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်း ချနိုင်မှုအနေဖြင့်  First Myanmar Investment (FMI)) က အစုရှယ်ယာ ၁၃၃၃၆ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၁၂ ဒသမ ၆၆ သန်း၊ SEZ Holidings Public (MTSH) က အစုရှယ်ယာ ၃၇၀၉၈ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀၆ ဒသမ ၉၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် MCB) က အစုရှယ်ယာ ၁၄၄၈ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ ဒသမ ၈၂ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB) က အစုရှယ်ယာ ၇၀ဝ၅ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ ဒသမ ၆၈ သန်း ရရှိခဲ့သည်။ ထို့အတူTMH Telecom Public (TMH) က အစုရှယ်ယာ ၃၄၃ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ဝ ဒသမ ၈၅ သန်း၊ Ever Flow River Group Public (EFR)က အစုရှယ်ယာ ၁၁၃၁၆ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၉ ဒသမ ၃၃ သန်း ရရှိခဲ့သည်။                                                                           
   

ပန်းဆု