Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ် ဝ ဒသမ ၁၆၅ သန်း အရောင်းအဝယ်ဖြစ်

Mon, 04/01/2024 - 10:24 -- journal_editor

ယခု မတ်လ ၂၈ ရက်အထိ အချက်အလက်များအရ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ဝ ဒသမ ၁၆၂ ရှိခဲ့ပြီး အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၅၉၅၇၅၀ ရှိခဲ့ ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်    First Myanmar Investment (FMI)  က အစုရှယ်ယာ ၁၅၉၆၀ဝ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ဝ၁၅ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)  က အစုရှယ်ယာ ၅၄၉၅၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ဝ၆၅ သန်းရရှိခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစု ရှယ်ယာ အစောင်ရေ ၁၄၆၆၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ဝ၀၃ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB က အစုရှယ်ယာ အစောင်ရေ ၂၈၆၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ဝ၃၅ သန်းရရှိခဲ့သည်။
ထို့အတူTMH Telecom Public (TMH) က အစုရှယ်ယာ ၄၈၉၀ဝ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည  ဒသမ ဝ၀၁ သန်း၊Ever Flow River Group Public (EFR) က အစုရှယ်ယာ စောင်ရေ ၃၃၃၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ဝ၀၃ သန်းရရှိခဲ့သည်။ ယင်းအပြင်  Amata Holding Public Co.,Ltd. (AMATA)  က အစုရှယ်ယာ စောင်ရေ ၉၀၃၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် သုည ဒသမ ဝ၀၂ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX) က အစုရှယ်ယာ အစောင်ရေ ၃၃၅၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် သုည ဒသမ ဝ၃၈ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။                                                    

      ပန်းဆု