ပြီးခဲ့သည့်ဇူလိုင်လအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ် ဖြစ်မှုတန်ဖိုး ကျပ်သန်း ၈၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၂၆၀၁၀၇ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၈၁၄ ဒသမ ၈၈ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment(FMI)) က အစုရှယ်ယာ ၁၆၃၀ဝ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၄၃ ဒသမ ၂၁၈ သန်း၊M yanmar Thilawa SEZ Holdings Public (MTSH)) က အစုရှယ်ယာ ၉၃၆၄၀ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၁၉ဒသမ ၅၂ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် MCB)) က အစုရှယ်ယာ ၃၅၃၂ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၂၈ဒသမ ၇၈ သန်း၊ ပထမပုဂ္ဂလိကဘဏ် ((FPB) က အစုရှယ်ယာ ၈၃၅၈၁ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၄၂ ဒသမ ၈၃ သန်း ရရှိခဲ့သည်။
ထို့အတူTMH Telecom Public(TMH) က အစုရှယ်ယာ ၃၂၄၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈ဒသမ ၉၈ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၂၅၅၇၉ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၄ ဒသမ ၄၈၇ သန်း ရရှိခဲ့သည်။
ကိုတိုး