Main menu

Background

လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၁၀ဝ ကျော် ဝင်ရောက်လာ

Wed, 09/03/2025 - 12:33 -- journal_editor

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကဏ္ဍတွင် ၂၀၂၅- ၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလအတွင်း နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၈ သန်း ကျော်  ဝင် ရောက်ထားကြောင်း သိရသည်။
လေးလတာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်  ၂၆ ခု ဝင်ရောက်ထားပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၆ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။
လက်ရှိအချိန်ထိ ရှိရင်းစွဲ  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည် ရင်းနှီးငွေ တိုးမြှင့်သည့်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရှိပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း သိရ သည်။
ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၂၄ ခုထိ အများဆုံး ဝင်ရောက်ထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင်  လုပ်ငန်းအသစ်တစ်ခုနှင့် ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း အသစ် တစ်ခု ဝင်ရောက်ထားကြောင်း သိရသည်။
ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ကြသည့် ပြည် တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် စင်ကာပူ၊ တရုတ်၊ စင်ကာပူ၊ ထိုင်း စသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဒေသပေါင်း ၅၃ ခုရှိ သည့်အနက် ၎င်းနိုင်ငံများမှ အများဆုံးဖြစ်ကြောင်း သိရသည်။     

ကိုတိုး