Main menu

Background

စင်ကာပူကုန်ထုတ်လုပ်မှုမှာ ပြည်ပလုပ်သားလိုအပ်နေဆဲ

Fri, 02/26/2010 - 16:52 -- Anonymous (not verified)

    စင်ကာပူရဲ့အနာဂတ် အလား အလာတွေ ကောင်းမွန်နေပေမဲ့ လာမဲ့ ငါးနှစ်အတွင်းမှာ ကုန် ထုတ်လုပ်မှုတိုးတက်အောင်ဆောင် ရွက်ဖို့နဲ့ လုပ်ငန်း ကျွမ်းကျင်မှု ကိုမြှင့်တင်ပေးရမဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ စင်ကာပူ ဝါရင့်ဝန်ကြီးလီကွမ်းယူက နှစ်သစ် ကူး ညစာစားပွဲမှာ ပြောကြားပါတယ်။    စီးပွားရေးအခွင့်အလမ်းတွေကို အရအမိဖမ်းနိုင်ဖို့နဲ့မွေးဖွားနှုန်းနိမ့် ကျနေတာကို ဖြည့်ဆည်းနိုင်ဖို့အတွက် စင်ကာပူနိုင်ငံတွင်း သို့ လူဝင်မှုကိုမြှင့်တင်ပေးရမယ်။စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ခွင့်(ဝပ်ပါမစ်)၊အက်စ်-ပတ်နဲ့ အီးပီစတဲ့ခွင့်ပြုချက်တွေနဲ့ အလုပ်နေသူတွေ အများကြီး ရှိနေပါတယ်။        စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူကို ခွဲခြားနိုင်ဖို့နဲ့ နိုင်ငံခြားသား ဝင်ရောက်မှုကို လျှော့ချနိုင်ဖို့အတွက် လွန်ခဲ့တဲ့ လအနည်းငယ်က စင်ကာပူအစိုးရက ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ဒါပေမဲ့ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ နိုင်ငံခြားသား အလုပ်သမား တွေ မရှိရင် စီမံကိန်းလုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး လို့ မစ္စတာလီက ပြောပါတယ်။    စင်ကာပူနိုင်ငံက နိုင်ငံခြားသားလုပ်သားခေါ်ယူနေရတာကို လျှော့ချချင်တယ်၊ တိုးတက်မှုလည်း ရှိချင်တယ်ဆိုရင် ပြည်တွင်း လုပ်သားတွေက ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးရလိမ့်မယ်လို့ မစ္စတာလီက ပြောပါတယ်။                                                                                                        channelnewsasia.com