Main menu

Background

စင်ကာပူက မြေဧရိယာအကန့်အသတ်ရှိမှုကိုကျော်လွှားမည်

Wed, 02/24/2010 - 10:16 -- Anonymous (not verified)

    စင်ကာပူအစိုးရက မြေယာဇုန်သတ်မှတ်ချက်မူဝါဒများကို ပြုပြင်လျှင်သော် လည်းကောင်း၊ လာမဲ့ဘတ်ဂျက်မှာ အခြားရရှိနိုင်မဲ့ မြေနေရာတွေကို အသုံးပြုနိုင်မဲ့ အစီအမံများကို ဖော်ထုတ်လျှင်သော်လည်းကောင်း အထူးအဆန်းဖြစ်လိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူတို့က ပြောကြားသည်။    လူဦးရေ လျင်မြန်စွာကြီးထွားနေတဲ့အတွက် စတုရန်းကီလိုမီတာ ၇၀၀ ရှိတဲ့ စင်ကာပူနိုင်ငံရဲ့ မြေဧရိယာဟာ လုံလောက်မှုမရှိ ဘဲဖြစ်နေပါတယ်။ ဒါကြောင့် မြေအောက်မြို့တော်တွေ တည်ဆောက်နိုင်မဲ့နည်းလမ်းတွေရှာဖွေဖို့ စီးပွားရေးမဟာဗျူဟာ ကော် မတီက ထောက်ခံတင်ပြခဲ့ပါတယ်။ ဂျပန်နဲ့ကနေဒါမှာ ဆောင်ရွက်နေတဲ့ မြေအောက်ကွန်ရက်တွေကို နမူနာယူသင့်တယ်လို့ ကျွမ်းကျင်သူတွေ ကပြောပါတယ်။    စင်ကာပူနိုင်ငံက မြေအောက်မြို့တော်တွေတည်ဆောက်ရေးကိုပါ သုတေသန ပြုဆောင်ရွက်နေပါတယ်။ ရေအောက်လွှာမှာ ရှော့ပင်းစင်တာတွေ၊ ရေအောက်စက်ရုံတွေစတဲ့ အဆောက်အအုံတွေဆောက်လုပ်ဖို့အတွက် ရေအောက်ကွန်ကရစ် အဆောက် အအုံကို တည်ဆောက်ပြီး ထိပ်ဆုံးအပေါ်မှာ ကုန်ကြမ်းပစ္စည်း များများစားစား သုံးစရာမလိုဘဲ မြေနေရာကိုဖန်တီးနိုင်မယ်လို့ တွဲဖက်ပါမောက္ခချဂျီယန်က ပြောပါတယ်။   လောလောဆယ်မှာ စင်ကာပူနိုင်ငံက ရပ်ဖဲပလေ့စ်၊ စီတီလင့်မောနဲ့ အောချတ်လမ်းမှာ မြေအောက်ကွန်ရက် လုပ်ငန်းသုံးခုကို အကောင်အထည်ဖော်နေပါတယ်။