Main menu

Background

စင်ကာပူက မြေဧရိယာအကန့်အသတ်ရှိမှုကိုကျော်လွှားမည်

Fri, 02/26/2010 - 16:48 -- Anonymous (not verified)

     စင်ကာပူအစိုးရက မြေယာဇုန်သတ်မှတ်ချက်မူဝါဒများကို ပြုပြင်လျှင်သော် လည်းကောင်း၊ လာမဲ့ဘတ်ဂျက်မှာ အခြားရရှိနိုင်မဲ့ မြေနေရာတွေကို အသုံး ပြုနိုင်မဲ့ အစီအမံများကို ဖော်ထုတ်လျှင်သော်လည်းကောင်း အထူးအဆန်း ဖြစ် လိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူတို့က ပြောကြားသည်။    လူဦးရေ လျင်မြန်စွာကြီးထွားနေတဲ့အတွက် စတုရန်းကီလိုမီတာ ၇၀၀ ရှိတဲ့ စင်ကာပူ နိုင်ငံရဲ့ မြေဧရိယာဟာ လုံလောက်မှု မရှိ ဘဲဖြစ်နေပါတယ်။ ဒါကြောင့် မြေအောက်မြို့တော်တွေ တည်ဆောက်နိုင်မဲ့နည်းလမ်းတွေရှာဖွေဖို့ စီးပွားရေး မဟာ ဗျူဟာကော်မတီက ထောက်ခံတင်ပြခဲ့ပါတယ်။ ဂျပန်နဲ့ကနေဒါမှာ ဆောင် ရွက်နေတဲ့ မြေအောက်ကွန်ရက်တွေကိုနမူနာ ယူသင့် တယ်လို့ ကျွမ်းကျင်သူတွေ ကပြောပါတယ်။   စင်ကာပူနိုင်ငံက မြေအောက်မြို့တော်တွေတည်ဆောက်ရေးကိုပါ သုတေသန ပြုဆောင်ရွက်နေပါတယ်။ ရေအောက်လွှာမှာ ရှော့ပင်းစင်တာတွေ၊ ရေအောက် စက်ရုံတွေစတဲ့ အဆောက်အအုံတွေဆောက်လုပ်ဖို့အတွက် ရေအောက် ကွန်ကရစ် အဆောက်အအုံကို တည်ဆောက်ပြီး ထိပ်ဆုံးအပေါ်မှာ ကုန်ကြမ်း ပစ္စည်း များများစားစား သုံးစရာမလိုဘဲ မြေနေရာကို ဖန်တီးနိုင်မယ်လို့ တွဲဖက်ပါမောက္ခချဂျီယန်က ပြောပါတယ်။    လောလောဆယ်မှာ စင်ကာပူနိုင်ငံက ရပ်ဖဲပလေ့စ်၊ စီတီလင့်မောနဲ့ အောချတ်လမ်းမှာ မြေအောက်ကွန်ရက် လုပ်ငန်းသုံးခုကို အကောင်အထည် ဖော်နေ ပါတယ်။                                                               Source: 938 LIVE