Main menu

Background

စင်ကာပူနိုင်ငံတွင်ဟိုတယ်ဆိုင်ရာ စီမံခန့့်ခွဲမှု ပညာများပို၍အရေးပါလာ

Mon, 03/01/2010 - 10:02 -- Anonymous (not verified)

    ယခုအခါတွင် စင်ကာပူအစိုးရမှ နိုင်ငံခြားသားများ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ဆွဲဆောင်နိုင်ရန် Flyer, formula, Singapore Zoo, Night Safari and Jurong Bird Park ကဲ့သို့ ဆွဲဆောင်မှုရှိသော နေရာများကို ငွေကြေးအကုန်အကျများစွာဖြင့် တည်ဆောက်လျှက်ရှိပြီး၊ ယခု(၂၀၁၀)တွင် အကြီးစားအပန်းဖြေစခန်း(၂)ခုကို Sentosa ကျွန်းနှင့် Marina Bay တွင် တည်ဆောက်နေပြီး၊ ယင်းလုပ်ငန်းကြီးနှစ်ခုအတွက် ကျွမ်းကျင်သောအလုပ်သမား (၃၀၀၀၀)ကျော်ကို  ရရှိနိုင်ရန် မျှော်လင့်လျှက်ရှိရာ၊ ယခုအခါတွင် စင်ကာပူ၌ ကမ္ဘာလှည့် ခရီးသွားခြင်းနှင့် Hotel ဆိုင်ရာ စီမံခန့်ခွဲမှု ပညာများသည် ပို၍အရေးပါလာကြောင်း သိရသည်။    အဆိုပါ Travel and Tourism နှင့်ပတ်သက်သော Program များကို သြစတြေးလျနိုင်ငံတွင် ဖွင့်လှစ်ထားရှိသော Southern Cross University မှ Singapore Campus တစ်ခုအနေ ဖြင့်လာရောက်ဖွင့်လှစ်သော TMIS ကျောင်းတွင် အဓိကထား သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။    ယင်း TMIS ကျောင်းတွင် Travel and Tourism နှင့်ပတ် သက်၍ဘာသာရပ်များဖြစ်သော Bachelor of Business in Tourism Management, Certificate in Advanced English for Young Tourism Management, IATA UFTAA Travel and Tourism Diploma နှင့် Diploma in Tourism စသည့် ဘာသာရပ်များကို သင်ကြားပေးလျှက်ရှိ ကြောင်းသိရသည်။    Bachelor of Business in Tourism Management ဘွဲ့တက်ရောက်လိုသူများသည် စင်ကာပူနိုင်ငံ၏ TMIS ကျောင်းတွင် ခုနှစ်တာ ပညာသင်ကြားရမည်ဖြစ်ပြီး လိုအပ်သောဝင်ခွင့် အရည်အချင်းများမှာ အသက် (၁၆)နှစ်မှ (၁၉) ကြားရှိရမည်ဖြစ်၍ ''GCE O Level '' (သို့) TOFEL (550) (သို့) TMIS English Entrance ကိုဖြေဆိုထားပြီးမှသာ ယင်းဘွဲ့ကိုရရှိနိုင်မည် ဖြစ်သည်။ ဘွဲ့ကာလကြာမြင့်ချိန်မှာ (၃)နှစ်ဖြစ်ပြီး WSQ (သို့) IATA-UFTAA Diploma ရရှိထားသူများသည် နှစ်နှစ်ခန့်သာ တက်ရောက်ရမည်ဖြစ်သည်။ Bachelor of Business in Tourism Management  ဖြင့်ဘွဲ့ ရရှိထားသူများသည် ကမ္ဘာလှည့် ခရီးသွားခြင်းနှင့် ဟိုတယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် ကျွမ်းကျင်စွာဦးဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Myanmar Search International (MSI) ဖုန်း-၃၈၉၉၁၅၊ ၂၅၀၉၂၉ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။