Main menu

Background

စားဆီဈေးကွက် အရောင်းအဝယ် ပုံမှန်သာရှိ

Tue, 02/23/2010 - 08:11 -- Anonymous (not verified)

     ဘုရင့်နောင်ဆီဈေးကွက်မှာ မြေပဲဆီ၊ နှမ်းဆီဈေး အတက်အကျသိပ်မရှိဘဲ အရောင်းအဝယ်လည်း ပုံမှန်သာရှိနေတယ်လို့ ဆီကုန် သည်ကြီးတွေက ပြောပါတယ်။ မြေပဲဆီသန့် ရှယ်တွေကတော့ တစ်ပိဿာ ၃၀၀၀ ကျပ်အထက်မှာ ရှိနေ ပြီး ရိုးရိုးတွေကတော့ တစ်ပိဿာ ၂၈၀၀ ကျပ်ဈေးဝန်းကျင်မှာ ရှိပါတယ်။ တချို့ ရောဆီတွေကို တစ်ပိဿာ ၂၆၀၀ကျပ်ခန့်ရောင်းချနေတာလဲ တွေ့ရပါ တယ်။ ဆုံဆီ စစ်စစ်ကတော့ တစ်ပိဿာ ၃၆၀၀ ကျပ်ခန့်အထိ ဈေးပေးဝယ်ယူရကြောင်း ဆုံဆီစားသုံးသူတစ်ဦးကပြောပါတယ်။      ညောင်ပင်လေးဈေးရှိ ပဲဆီလက်ကားဆိုင်တွေမှာတော့ တစ်ပိဿာ ၂၈၀၀ ကျပ်ဈေးရှိပြီး ရှယ်သန့် ၃၀၀၀ ကျပ်ဈေးနဲ့ ရောင်းချ နေပါတယ်။ လက်လီအရောင်း ဆိုင်တွေမှာတော့ ပဲနှမ်း ၂၄၀၀ ကျပ်၊ ပဲရိုးရိုး ၂၈၀၀ ကျပ်၊ ပဲရှယ် ၃၀၀၀ ကျပ်ခန့်နဲ့ ရောင်းချနေကြပါ တယ်။      ပဲဆီဈေးဟာ လတ်တလောမှာ အပြောင်းအလဲမရှိနိုင်ဘဲ သြင်္ကန်နီးနဲ့ သြင်္ကန်ပြီးကာလ၊ မိုးကာလတွေမှာသာ အပြောင်းအလဲ ရှိနိုင်မယ်လို့ ဆီကုန်သည် ကြီးတွေက ခန့်မှန်းထားပါတယ်။                                                                                                                            လွင်လွင်မိုး