Main menu

Background

စားအုန်းဆီလက်ကားဈေး အပြောင်းအလဲမရှိ

Wed, 02/17/2010 - 03:19 -- Anonymous (not verified)

     စားအုန်းဆီလက်ကားဈေး အပြောင်းအလဲမရှိသော်လည်း ဆီကိုယ်စားလှယ် ကြီးများ၏ အရောင်းဆိုင်တွင် ရောင်းဈေးပြောင်းလဲ သွားကြောင်း သိရပါတယ်။ ဆီကိုယ်စားလှယ်ကြီးများရဲ့ အရောင်းဆိုင်တွင် ယခင်အပတ်က တစ်ပိဿာ ၁၅၄၄ ကျပ်ဈေးဖြင့် ရောင်းချ နေရာမှ ယခုတစ်ပတ်တွင် ၁၅၉၀ကျပ်ဈေး ပြောင်းလဲ ရောင်းချလျက်ရှိပါတယ်။      ဘုရင့်နောင်နှင့် ညောင်ပင်လေးဈေးတွင် လက်ကားဈေးမှာ ၁၇၈၀ ကျပ် ဝန်းကျင်ရှိနေပြီး၊ အရောင်းအဝယ်ပါးနေကြောင်း ဆီကုန် သည်ကြီးများက ပြောပါတယ်။ လက်လီဈေးကွက်တွင်မူ စားအုန်းဆီတစ်ပိဿာ ၁၉၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချနေကြ ကြောင်း သိရပါတယ်။ စားအုန်းဆီဈေးနှုန်းမှာ ယခုဈေး နှုန်းဝန်းကျင်အတိုင်း ဆက်လက်တည်ငြိမ်နေဖွယ်ရှိကြောင်း သြင်္ကန်ကာလနီးမှ သာ အပြောင်းအလဲရှိနိုင်ကြောင်း၊ ကုန်သည်ကြီးများက ခန့်မှန်းပြောဆိုကြပါတယ်။                                                                                                                                        လွင်လွင်မိုး