Main menu

Background

စိန်ဈေးကွက်လှုပ်ရှားမှုကို စိန်ကုန်သည်များ စောင့်ကြည့်နေ

Wed, 03/10/2010 - 08:16 -- Anonymous (not verified)

     ဟောင်ကောင်တွင် ပြုလုပ်မည့် ကျောက်မျက်ပြပွဲကို ကမ္ဘာ့စိန်ကုန်သည်များနှင့် ပြည်တွင်း စိန်ကုန်သည် များတက်ရောက်၍ စိန်ဈေးကွက် လှုပ်ရှားမှုကိုစောင့်ကြည့်နေကြကြောင်း စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။     ''အခုစိန်ဈေးကွက်က တက်ပြီးရင်း တက်ဖြစ်နေတယ်။ အရောင်းအဝယ်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ သွားနေတယ်။ လှုပ်လှုပ် ရှားရှားမရှိဘူး။ စိန်ဈေးကွက် အလားအလာအရမ်းကောင်းနေတယ်။ အခုဟောင်ကောင်မှာပြပွဲစတော့မယ်။ အဲဒီကို ကမ္ဘာ့စိန်ကုန် သည်အများစုလည်း လာကြမယ်။ ဒီကကုန်သည်တွေလည်း သွားကြမယ်။ အဲဒီကျမှ ဘယ်လောက်ဈေးတက်မယ်၊ ဈေးကွက်လှုပ်ရှား မှု ဘယ်လောက် ရှိတယ်ဆိုတာကို သိရမယ်။ ပြီးခဲ့တဲ့ ဘန်ကောက်ပြပွဲတုန်းက ထင်သလောက် မဖြစ်ခဲ့တဲ့အတွက် အခုကုန်သည်တွေ က ဒီပြပွဲကိုစောင့်ကြည့် နေကြတယ်။'' ဟု ၎င်းကပြောကြားသည်။                           မင်းသန့်