Main menu

Background

စိန်ဈေးနှုန်းများပြောင်းလဲလာ

Wed, 02/17/2010 - 06:09 -- Anonymous (not verified)

    အိန္ဒိယစိန်ဈေးကွက်တွင် စိန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်း မြင့်တက်လာသောကြောင့် ပြည်တွင်းစိန်ဈေးနှုန်းမှာလည်း ၁ဝရာခိုင်နှုန်း မြင့်တက်လာကြောင်း စီအမ်စိန်ရောင်းဝယ်ရေးမှ ဦးရွှေကြည်က ဆိုပါတယ်။     ''အခုစိန်ဈေးကွက်က အိန္ဒိယမှာရော တရုတ်မှာပါ အဝယ်လိုက်လာတယ်။ ဒီလိုအဝယ် လိုက်လာတော့ အိန္ဒိယက စိန်ဈေးက ၁ဝ ရာခိုင်နှုန်းတက်လာတယ်။ ပြည်တွင်းမှာလည်း အဝယ် နည်းနည်းလိုက်လာတယ်။ အကယ်ဒမီပေးပွဲတွေ၊ ဧည့်ခံပွဲတွေရှိတဲ့အတွက် အဝယ်လိုက်လာ တယ်လို့ ထင်ပါတယ်။ သြင်္ကန်မတိုင်ခင်အထိ ဝယ်မယ့်အနေအထားတွေလည်း ရှိလာနိုင်ပါ တယ်။ အခုလက်ရှိက ဈေးကွက်ကို တိတိကျကျမပြောနိုင်သေးဘူး။ သြင်္ကန်ပြီးသွားမှပဲ ဈေးကွက် အနေအထားကို တိတိကျကျပြောနိုင်မယ်။ ဒါပေမယ့် အရင်ဈေးကွက်ထက်စာရင်တော့ အများကြီးတိုးတက်လာပါတယ်။ ရှေ့လျှောက်လည်း တိုးတက်ဖို့အလားအလာတွေ အများကြီး ရှိပါတယ်။  မြန်မာနိုင်ငံက သယံဇာတ  ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တဲ့အတွက် ကျောက်မျက်နဲ့ ပတ်သက်ပြီး အလားအလာကောင်းတွေ အများကြီးရှိပါတယ်'' လို့ ၎င်းကပြောပါတယ်။ မင်းသန့်