Main menu

Background

စိန်ရောင်းဝယ်သူများ သြင်္ကန်ပွဲတော်မတိုင်ခင် အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်နေ

Fri, 02/26/2010 - 15:49 -- Anonymous (not verified)

     ယခုလတ်တလော စိန်ဈေးကွက်တွင် အရောင်းအဝယ်များ အနည်းငယ် ပြန်လည် ဖြစ်ပေါ်လာပြီး သြင်္ကန်ပွဲတော် ရက်မတိုင်မီ အရောင်းအဝယ်များ ပြန် လည် ကောင်းမွန်စေရန် စိန်ရောင်းဝယ်သူများက  မျှော်လင့်နေကြကြောင်း စိန် ရောင်းဝယ်သူ  ဦးရွှေကြည်က ပြော ကြားသည်။     အခု  အိန္ဒိယမှာ  စိန်တွေက အဝယ်လိုက်နေတဲ့အတွက်  စိန်ဈေးက လည်း ၁၀ ရာခိုင်နှုန်းလောက်ကို တက်လာတယ်။  မန္တလေးမှာဆိုရင်လည်း အိမ်၊ ခြံ၊ မြေဈေးတွေကျလာတဲ့အတွက် ဝယ်သူတွေက ရွှေနဲ့စိန်ဘက်ကို လှည့် လာ တာကြောင့် စိန်က အရောင်းအဝယ် ပြန်ဖြစ်လာတယ်။      စိန်ရောင်းဝယ်သူတွေက ပွင့်လင်းရာသီအစ မင်္ဂလာဆောင်ရာသီလို့ ခေါ်တဲ့ ဝါကျွတ်ကာလမှာ မျှော်မှန်းထားပေမယ့် ထင်သ လို ဖြစ်မလာတဲ့အတွက် အခု သြင်္ကန် ပွဲတော်ကို အားထားနေကြတယ်။  ဒီသြင်္ကန်ပွဲတော်မတိုင်ခင် အရောင်း အဝယ် ကောင်းမွန် မယ်လို့  ထင်နေကြတယ်။  အခု လက်ရှိ စိန်ဈေးကွက်မှာတော့ စိန်အသန့် အပွင့်ကြီးတွေ အရောင်းအဝယ် ဖြစ်နေတယ်။   ဝယ် သူတွေကလည်း စိန်အသန့်အပွင့်ကြီးတွေကိုပဲ ရွေးဝယ်လာကြတယ်။ ယခင် ဈေးကွက်ထက် စာရင်တော့ အများကြီး တိုးတက်လာတယ်။ ရှေ့လျှောက်ပြီးလည်း တိုးတက်ဖု့ိ အခြေအနေပဲရှိတယ်။  ဈေးကွက်ကို တိတိကျကျ ပြောဖို့ကတော့ သြင်္ကန်မတိုင်ခင် အထိတော့ ပြောလို့မရသေးဘူး}}လို့ ၎င်းင်းက ပြောကြားပါတယ်။                                                                                                                           မင်းသန့်