Main menu

Background

စိုက်ပျိုးရေးနည်းပညာသစ်များကို သင်ကြားရမည့်လယ်သမားများ

Fri, 02/19/2010 - 08:03 -- Anonymous (not verified)

    ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ကြီးပွားအောင် မြှင့်တင်ပေးရန် လယ်သမားများကို ခေတ်မီနည်းစနစ်များ သင်ကြားပေးရန်အတွက် ဆန်းသစ်သော နည်းစနစ်ပုံစံများကို အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အစိုးရက တွန်းအားပေး ဆောင်ရွက် စေလျက်ရှိပါတယ်။     စိုက်ပျိုးရေးကဏ္ဍ တိုးတက်ကြီးပွားအောင်ဆောင်ရွက်သည့်   ကြိုးပမ်းမှုတစ်ခုအဖြစ် အစိုးရသည် လယ်သမား များအတွက် ပညာပေးမည့် အစီအစဉ်များကို ချမှတ်လုပ်ဆောင် လျက်ရှိပါတယ်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ခေတ်မီ နည်းပညာများကို လယ်သမားများအား ပုံမှန်သင်ကြားပေးမည့် အစီအစဉ်တစ်ခုအဖြစ် လယ်သမားများတက်ရောက် သင်ကြား ရမည့်ကျောင်းများကို တည်ထောင်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။     စားသုံးမှုတိုးမြင့်လာပြီး စိုက်ပျိုးမြေ အရင်းအမြစ် လျော့ပါးနေစဉ်မှာ ထုတ်လုပ်မှုတိုးတက်ရေးအတွက်   နောက်ဆုံးပေါ် ပေါက်လာသည့် သိပ္ပံနည်းပညာသစ်များအသုံးပြုရန် အရေးကြီးကြောင်းကို ပြည်နယ်ဝန်ကြီးချုပ်က အလေးအနက်ထားပြော ကြားခဲ့ပါတယ်။   နည်းစနစ်ဟောင်းများကို ခေတ်မီနည်းပညာများဖြင့် အစားထိုးလုပ်ကိုင်ခြင်းဖြင့် အထွက်နှုန်းတိုးလာနိုင်ပြီး ဓာတုဆေး အလွန်အကျွံအသုံးပြုမှုကြောင့် စိုက်ပျိုးမြေများမှ  အထွက်နှုန်းအပေါ် ထိခိုက်မှုများကိုလည်း   ရှောင် လွှဲနိုင်မှာ ဖြစ်ကြောင်းဆက်လက် ပြောကြားခဲ့ပါတယ်။ လယ်သမားများအတွက် ကျောင်းများကို ပြည်နယ်တဝှမ်းမှာ ၃၇၅၃ ကျောင်း ဖွင့်လှစ်မှာဖြစ်ပြီး စိုက်ပျိုးရေး သိပ္ပံပညာရှင်များက စိုက်ပျိုးမြေ၊မျိုး၊ မြေသြဇာ၊ ရေ၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း ဆိုင်ရာ ကောင်းမွန်သော လက္ခဏာ အသွင်အပြင်များကို လယ် သမားများအား ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ကြောင်း၊လယ် သမားများ အတွက် စိုက်ပျိုးရေး ဆိုင်ရာလိုအပ်သော သတင်းအချက်အလက်  အားလုံးကို စီမံဆောင်ရွက်ပေးမှာဖြစ်ပြီး နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုနိုင်ရန်လည်း လေ့ကျင့်သင်ကြားပေးလိမ့်မှာဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ံှ