Main menu

Background

၀င်ငွေမြင့်ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာရန် ဆောင်ရွက်မည့် ဗီယက်နမ်

Wed, 11/09/2022 - 11:25 -- journal_editor

ဗီယက်နမ်အစိုးရသည် ပြည်သူတို့၏ဝင်ငွေ တိုးတက်ရေး၊ ခေတ်မီစက်မှုနိုင်ငံဖြစ်စေရေး၊ ခိုင်မာသည့် အခြေခံအဆောက် အအုံ တည်ဆောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးတို့ပါဝင်သည့် အနာဂတ် ဖွံ့ဖြိုး တိုးတက် ရေး စီမံကိန်းအသစ်တစ်ခု ရေးဆွဲခဲ့သည်။ ဤစီမံကိန်းသည် နိုင်ငံ၏ လွှမ်းခြုံရေးဆွဲထားသည့် စီမံချက် ၂၀၂၁-၂၀၃၀ ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ပြီး ဝင်ငွေမြင့်နိုင်ငံတစ်ခု ဖြစ်လာပြီး တစ်နှစ် တစ်ဦးကျ ပျမ်းမျှ GDP ကို ၂၀၅၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၇၀ဝ၀ မှ ၃၂၀ဝ၀ ရရှိရန် ရည်ရွယ်ထားသည်။ စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ၂၀၃၀ ပြည့်နှစ်တွင် ခေတ်မီစက်မှုလုပ်ငန်းဖြင့် ဝင်ငွေ အလယ်အလတ် မြင့်မားသည့် နိုင်ငံတစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားသည်။
ဤစီမံချက်ကို  ဒုတိယဝန်ကြီးချုပ်  Le Van Thanh က လက်မှတ်ရေးထိုးကာ လာမည့်လွှတ်တော်တွင် တင်ပြ အတည်ပြု ချက်ရယူသွားမည်ဖြစ်သည်။ အလယ်အလတ်အထက် ဝင်ငွေ ရှိပြီး စက်မှုဖွံ့ဖြိုးသည့်နိုင်ငံမှသည် ဗီယက်နမ် အနေဖြင့် ကောင်းမွန်ထိရောက်သည့်၊ စုစည်းပြီး ‌ရေရှည်တည်တံ့သည့် စီးပွား‌ရေးစနစ်နှင့် ခေတ်မီမြို့ပြအဆင့်အတန်းများ၊ ခိုင်မာသည့် အခြေခံအဆောက်အအုံများကို ပိုင်ဆိုင်ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် နိုင်ငံအနေဖြင့်  ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ရေး၊ ရိုက်ခတ်မှုဒဏ်များ ခံနိုင်ရည်ရှိရေး၊ စွမ်းအင်ဖူလုံရေး၊ စားနပ် ရိက္ခာ ဖူလုံရေးနှင့် ရေအရင်းအမြစ် ဖူလုံရေးနှင့် တစ်ချိန်တည်း မှာပင် ဂေဟစနစ်ကို ကာကွယ်နိုင်ရေးနှင့် ရာသီ ဥတုဖောက်ပြန်မှုနှင့် လိုက်လျောညီထွေ ဖြစ်စေရေးတို့ကို ဆောင်ရွက်မည်ဖြစ် သည်။ ထို့ပြင် ပြည်သူတို့၏ စိတ်ဓာတ်ရေးရာများ မြှင့်တင်စေ ကာ နိုင်ငံကာကွယ်ရေးနှင့်  လုံခြုံရေးများကိုလည်း ပိုမိုခိုင်မာ အောင် ဆောင်ရွက်သွား မည်ဖြစ်သည်။
ဗီယက်နမ်သည် ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း GDP တိုးတက်မှုနှုန်းကို ၇ ရာခိုင်နှုန်းရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အရှေ့တောင်ဒေသနှင့် မြစ်နီမြစ်ဝှမ်းဒေသများတွင်  ၈ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်း တိုး တက်မှု ရရှိနိုင်မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦးကျ GDP မှာ အမေရိကန် ဒေါ်လာ ၇၅၀ဝ ရှိလာမည်ဖြစ်ပြီး အဆိုပါ GDP တွင် ဖွဲ့စည်းမှု အချိုးအစားမှာ ဝန်ဆောင်မှုကဏ္ဍ ၅၀ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးနှင့် စက်မှုကဏ္ဍ ၄၀ ရာခိုင်နှုန်း၊ လယ်ယာ၊ သစ်တောသားငါးကဏ္ဍ ၁၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် အဓိကစွမ်းရည်မြင့် ဇုန်ကြီးနှစ်ခုကို ဟိုချီမင်းနှင့်  ဟနွိုင်းမြို့တော်နှစ်ခုရှိ  တိုးတက်မှု  အထောက်အကူ ပြုစင်တာများနှင့် ဆက်စပ်တည်ထောင်သွားမည်ဖြစ်ပြီး တောင်- မြောက် စီးပွားရေးကော်ရစ်ဒါများ အဖြစ် Lao Cai - Ha Noi - Hai Phong - Quang Ninh - Moc Bai - HCM City - Vung Tau    မြို့များကို ဆက်သွယ်‌‌ဆောင်ရွက်သွားမည်ဖြစ်သည်။
စီမံကိန်းတွင် ခေတ်မီအခြေခံအဆောက်အအုံများ၊ အမျိုးသားမြို့ပြဧရိယာစနစ်နှင့် ပေါင်းစပ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေးနေရာများ၊ စိမ်းလန်းပြီး စမတ်ကျသော မြို့ပြဧရိယာများကို အဓိကထား ဆောင်ရွက်မည်ဖြစ်သည်။ မြို့ပြနှင့် ကျေးလက်ဒေသ ဆက်သွယ်ရေးကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး  မြို့ပြအဆင့်မြှင့် တင်ခြင်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် သည်။
ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပြီး  ဒစ်ဂျစ်တယ်အစိုးရ၊  ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းအပေါ် အာရုံစိုက်‌ကာ ဆောင်ရွက်မည်ဖြစ်သည်။ ဒစ်ဂျစ်တယ် စီးပွားရေး၏ GDP အပေါ် ဝေစုမှာ ၃၀ ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏လူဦးရေမှာ ၁၀၅ သန်းရှိလာမည်ဖြစ်သည်။ လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း HDI မှာ  သုည ဒသမ ၇ အထိ ရှိလာမည်ဖြစ်ကာ ပြည်သူတို့၏ ပျမ်းမျှ အသက်မှာ ၇၅ နှစ်အထိ ရှိလာမည်ဖြစ်သည်။  မြို့ပြတွင် လူတစ်ဦး၏ နေထိုင်နိုင်မည့်ကြမ်းခင်းဧရိယာမှာ ၃၂ စတုရန်းမီတာ ရှိလာမည်ဖြစ်သည်။
ပညာရေးနှင့်  ပတ်သက်၍ ဗီယက်နမ်သည် ‌‌ဒေသတွင်း အဆင့်မြင့်သည့်ပညာရေးကို ရရှိရန်ရည်မှန်းထားပြီး အာရှ‌‌ဒေသ အတွင်း အကောင်းဆုံးပညာရေးစနစ်ကို ပံ့ပိုးနိုင်မည့် နိုင်ငံတစ်ခု အဖြစ်  ရပ်တည်သွားရန် ရည်မှန်းထားသည်။ လူ ၁၀ဝ၀ တွင် တက္ကသိုလ်တက်နိုင်သည့် လူဦးရေ ၂၆၀ ရှိရန်နှင့် ဘွဲ့လက်မှတ်နှင့် လက်မှတ်ရ လေ့ကျင့်ပြီး လူဦးရေမှာ ၃၅ မှ ၄၀ ရာခိုင်နှုန်းအထိ ရှိရန် ရည်မှန်းထားသည်။
ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများအနေ ဖြင့် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးကို မြှင့်တင်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ ဆေးဝါးကုသရေး ကွန်ရက်တစ်ခုဖြင့် ဒေသတွင်း အဆင့်မြင့်နိုင်ငံများနှင့် တန်းတူ ဝန်ဆောင်မှုများ မြှင့်တင်သွား မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံတွင် လူ ၁၀ဝ၀ဝ လျှင် ဆရာဝန် ၁၉ ဦးနှင့် ခုတင် ၃၅ ခုဆံ့ ဆေးရုံတစ်ရုံ ရှိလာမည်ဖြစ်သည်။
စီမံကိန်းအရ ဗီယက်နမ်သည် ဝင်ငွေမြင့်မားသည့် နိုင်ငံ တစ်ခုအဖြစ် ၂၀၅၀ ပြည့်နှစ်တွင် ရောက်ရှိရန် ရည်မှန်းထား သည်။ အဆိုပါကာလအတွင်း နိုင်ငံသည် ပျမ်းမျှတိုးတက်မှုနှုန်း ၆ ဒသမ ၅ မှ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိရန်ခန့်မှန်းထားပြီး လူတစ်ဦးကျ GDP ကို ဒေါ်လာ ၂၇၀ဝ၀ မှ ၃၂၀ဝ၀ ရရှိရန်နှင့် မြို့ပြအဆင့်မြှင့်တင်ခြင်းကို ၇၀ မှ ၇၅ ရာခိုင်နှုန်းအထိ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံသည် ဒီမိုကရေစီနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုကို ခေတ်မီပြီး  လိုက်လျောညီထွေဖြစ်စေမည့်  အ‌ခြေခံ အဆောက်အအုံများနှင့် သဟဇာတဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မာသည့် ဖွံ့ဖြိးတိုးတက်သည့် စနစ်များနှင့်အတူ ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်သည်။ ရည်မှန်းချက်များတွင် ခေတ်မီပြီး စိမ်းလန်း သည့် အရည်အသွေးမြင့် သဘာဝပတ်ဝန်းကျင်တစ်ခုဖြစ်ရန်၊ ကောင်းမွန်ထိရောက်သည့် စီးပွားရေးစနစ်၊ ကာဗွန်ထုတ်လုပ်မှု ကင်းစင်သည့် စနစ်၊ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း မြင့်အားပြီး ခိုင်မာသည့် ကာကွယ်ရေးစနစ်များ ဖြစ်လာရန် ရည်မှန်းထား သည်။
ဤရည်မှန်းချက်များကို  အောင်မြင်စေရန် အစိုးရသည် သော့ချက်ကျသည့် လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံသည်  အခြေခံကျသည့်  မူဘောင်များဖြစ်သည့် အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ မြို့ပြဒေသ၊ ဒစ်ဂျစ် တယ်အခြေခံအဆောက်အအုံ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ဆည်မြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို လွှမ်းခြုံပါဝင် သည့် အခြေခံမူဘောင် တစ်ရပ်ကို ရေးဆွဲခဲ့သည်။
ထို့အပြင် စီးပွားရေးစနစ် ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရန်  ကျန်ရှိသည့် နေရာလပ်များကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေး၊ အရည်အသွေးနှင့် ထိရောက်မှုရှိစေရေး၊ နိုင်ငံစီးပွားရေးကို အဓိကတွန်းအားပေးမည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ကို စနစ်တကျ စိစစ်ရွေးချယ်ကာ တွန်းအားပေး ဆောင်ရွက်ခဲ့ သည်။
ဗီယက်နမ်နိုင်ငံသည် အဆင့်မြင့်နည်းပညာ ပံ့ပိုးသည့် ထောက်ပံ့ရေးစင်တာများ ဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီး လိုအပ်သလို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် မူဝါဒများ ၊ စီးပွား-စီမံခန့်ခွဲမှု ယူနစ်များ၊ ဘဏ္ဍာရေးစင်တာ များလည်း တည်ထောင် သွားမည်ဖြစ်သည်။ ဝေးလံခေါင်းပါးသော ဒေသများ၊ နယ်စပ် ဒေသများနှင့် ကျွန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော် သော ယန္တရားများနှင့် မူဝါဒများကိုလည်း မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့အပြင် ဆိပ်ကမ်းများ၊ လေဆိပ်များ၊ အပြည် ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များ၊ အဓိက ကုန်သွယ်မှု အချက်အချာ များ၊ မြို့ပြဗဟိုချက်နှင့် စီးပွားရေးအချက်အချာများကို ချိတ်ဆက် ၍ စီးပွားရေးစင်္ကြံများ တည်ထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေး ကွက်လပ်များကို ဇုန် ခြောက်ဇုန်ဖြင့် ဖြည့်ဆည်းသွားမည်ဖြစ်ပြီး မြောက်ပိုင်းနှင့် တောင်ပေါ်ဒေသဇုန်၊ မြစ်နီ မြစ်ဝှမ်းဇုန် ၊ မြောက်-အလယ်ကမ်းရိုးတန်းနှင့် အလယ်ဇုန်၊ ဗဟိုကုန်းမြင့်ဒေသ၊ အရှေ့တောင်ဒေသနှင့် မဲခေါင်မြစ်ဝှမ်းဒေသ တို့ဖြစ်သည်။
စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် ပေါ်လစ်ဗျူရို နှင့် ပါတီဗဟိုကော်မတီတို့၏ သဘောထားအမြင်များကို ရယူပြီး အမျိုးသားအဆင့် မဟာစီမံကိန်းကို အပြီးသတ်ကာ အမျိုးသားလွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူရမည်ဖြစ်သည်။ ဝန်ကြီးဌာနသည် အမျိုးသားလွှတ်တော်သို့ မတင်ပြမီ အမျိုးသားအဆင့် မဟာစီမံကိန်းပြီးစီးမှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို ဝန်ကြီးချုပ်ထံ တင်ပြရန် တာဝန်ရှိသည်။
References: asianews.network
ထွန်းသက်ထွန်း